မီးပုံးပျံပြုတ်ကျသဖြင့် ဒဏ်ရာရသူနှစ်ဦး ထိုင်းနိုင်ငံသို့ ပို့ဆောင်ဆေးကုသ

မီးပုံးပျံပြုတ်ကျသဖြင့် ဒဏ်ရာရသူနှစ်ဦး ထိုင်းနိုင်ငံသို့ ပို့ဆောင်ဆေးကုသ
by -
နွယ်လေး
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ၌ ယမန်နေ့ည ၈ နာရီခွဲကျော်တွင် မီးပုံးပျံပြုတ်ကျသဖြင့်  လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ ...

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ၌ ယမန်နေ့ည ၈ နာရီခွဲကျော်တွင် မီးပုံးပျံပြုတ်ကျသဖြင့်  လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသည်။

ဒဏ်ရာရရှိသူ နှစ်ဦးအား ညတွင်းချင်း တာချီလိတ်ဆေးရုံသို့ အရေးပေါ်လူနာ အဖြစ်ပို့သည် ဟု တာချီလိတ်ဒေ သခံ တစ်ဦးက ယခုလိုပြောသည်။

“ယိုးဒယားဗျောက် သုံးလုံးလောက်ပေါက်တော့ လေထုတုန်ခါမှုကြောင့် ရှမ်းစက္ကူက အပေါ်မှာ မခံနိုင် ဘဲ ပျက်ပြီး မီးကျည်ရော ယမ်းခွေရော ပွဲစျေးထဲပြုတ်ကျတာပေါ့။ အောက်မှာရှိတဲ့လူတွေ အကုန်ပြေး ကြတာပေါ့။ ယမ်းခွေက အောက်မှာထပ်ပေါက်တာ ကံဆိုးချင်တော့ အသက်၃၆နှစ် အရွယ် မမီဆူကို တကိုယ်လုံး မီးလောင်တာပေါ့။ မောင်သိန်းမင်းထွန်း အသက် ၁၇ နှစ်သူကဘေးနားမှာပဲရှိတော့ ယမ်း လောင် မီးဟတ်သွားတယ်။”

၎င်းဒဏ်ရာရရှိသူ နှစ်ဦးလုံး ဒဏ်ရာများပြင်းထန်ပြီး ထိုင်းဘက်ခြမ်း မယ်ဆိုင်ဆေးရုံ သို့ ယနေ့နံနက်တွင် လွှဲ ပြောင်းပေးသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ရှမ်းနှစ်သစ်ကူးပွဲကို တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ကျင်းပပြီး စက်မှုဇုံရိုးရာလူငယ် အဖွဲ့မှ ရှမ်းစက္ကူနှင့် ပြု လုပ်ထားသည့် မီးပုံးပျံကို လွှတ်တင်ပြီး မိနစ်အနည်းငယ်အကြာ ပြန်လည် ပြုတ်ကျလာခြင်းဖြစ်သည်ဟု ဒေသခံ နောက်တစ်ဦးက ယခုလိုပြောသည်။

“မီးပုံးပျံပြုတ်ကျတာလေ။ နောက်ဆုံးဆို အကြီးဆုံးလေ။ အဲထဲမှာ ခိုပျံမီးပန်းတွေအောက်မှာ ယမ်းအ တွဲလိုက်ပါတယ်လေ။ အပေါ်တက်သွားတာ နည်းနည်းပဲမြင့်သေးတယ်။ သူတို့ထည့် ထားတဲ့ ခိုပျံက သူ့ မီးပုံးကို ပြောင်းပြန် ပြန်ပတ်ပြီး ဖောက်ခွဲလိုက်တာ။ ချက်ချင်းကျလာတာ။”

မီးသတ်ကားများမှ မီးများငြိမ်းသတ်ပေးပြီး စျေးတန်း အမိုးတာလပတ်အချို့ မီးလောင်ဆွဲ သည်များရှိသည်။ မီးပုံး ပျံအဖွဲ့ဝင်များကို တာဝန်ရှိများက ဖမ်းဆီးထားပြီး မီးပုံးပျံပြုတ်ကျသည့် ည(၁၂)နာရီ နောက်ပိုင်းတွင် ပွဲတွင်း ဘာမှမရှိတော့ဘဲ စျေးသည်များလည်း သိမ်းဆည်း ကုန်ကြသည်ဟု ၎င်းဒေသခံက ပြောသည်။

ပြီးခဲ့သည့် (၁၆) ရက်နေ့ညတွင် လူပျော် တောင်ကြီးလူငယ်အဖွဲ့မှ (၂၄) ပေအမြင့် မီးပုံးပျံ တလုံးကို အောင်မြင် စွာ လွှတ်တင်နိုင်ခဲ့ပြီး တာချီလိတ်မြို့ ရှမ်းနှစ်ကူးပွဲတွင် ပထမဆုံးအကြိမ် မီးပုံးပျံ လွှတ်ခြင်းလည်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယခု(၈)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲကို တာချီလိတ်မြို့တွင် (၁၅)ရက်နေ့မှ ဖွင့်ပွဲပြုလုပ်ပြီး (၁၇)ရက်နေ့ည အထိ်ကျင်းပသည်။

၎င်းပွဲရက်များတွင် လူများတိုးမပေါက်အောင် စည်ကားပြီး နောက်ဆုံးည မီးပုံးပျံ မပြုတ်ကျခင်အထိ လူများကြိတ် ကြိတ်တိုးနေသည် ဟုဒေသခံ များကပြောသည်။

Most read this week