၂၀၁၀ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိရန် နိုင်ငံတကာမြန်မာ့သတင်း အဖွဲ့တောင်းဆို

၂၀၁၀ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိရန် နိုင်ငံတကာမြန်မာ့သတင်း အဖွဲ့တောင်းဆို
by -
နွယ်လေး
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ၏ (၁၄)ကြိမ် မြောက် အစည်းအဝေးက ၂၀၁၀ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန် တောင်းဆို ...

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ၏ (၁၄)ကြိမ် မြောက် အစည်းအဝေးက ၂၀၁၀ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန် တောင်းဆိုလိုက်သည်။

ယမန်နေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)က စစ်အစိုးရမှ ဖမ်းဆီး ထားသော သတင်းထောက်အားလုံး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရန်၊ လွတ်လပ်စွာသတင်းယူခွင့် ပုံ နှိပ်ဖော်ပြခွင့်နှင့် သတင်းစာနယ်ဇင်းများအပေါ် တင်းကျပ်စွာ စီစစ်နေမှုများကို ရပ်ဆိုင်းရန် စစ်အစိုးရအား ပထမ ဆုံးအကြိမ် တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သတင်းထောက်များအား လွှတ်ပေးရန် တောင်းဆိုချက် ကို (BNI)၏ Develop ment Officer နိုင်ကဆော့မွန်က ယခုလိုပြောသည်။

“သတင်းထောက်တွေ နည်းအမျိုးမျိုးနဲ့ဖမ်းခံရတယ်။ သူတို့ စွပ်စွဲတာက တချို့က နိုင်ငံရေးမှု နဲ့ မ ဟုတ်ပဲ ဘာမဟုတ်တာနဲ့စွဲထားတာရှိတယ်။ အဲဒီသတင်းထောက်အားလုံး ရွေးကောက်ပွဲကို လွတ်လပ် စွာ၊ တရားမျှတစွာလုပ်မယ်ဆို ပြန်လွှတ်သင့်တယ်။"

ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲပြီးကာလထိ လွတ်လွတ် လပ်လပ် သတင်းယူ ခွင့်၊ သတင်းထောက်များတွေ့ဆုံချင်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်၊ နေရာဒေသတိုင်းတွင် သတင်းသွား ယူခွင့်များပေးရန် တောင်းဆိုသည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲပြုလုပ်သည့် နိုင်ငံတိုင်းတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိရပြီး ရွေးကောက်ပွဲတွင် ပါ၀င်မည့် နိုင်ငံရေးပါတီများ၏ မှတ်တမ်း၊ ကိုယ်စားလှယ်လောင်းများ၏ ရာဇဝင်ကို လွတ် လပ်စွာ သတင်းတင််ပြခွင့် ပေးသင့်သည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့က စစ်တပ်က ရပ်နားပြီး ရွေးကောက်ပွဲဝင်မှာလည်းရှိတော့ သတင်းထောက်က လွတ်လပ်စွာ တင်ပြပိုင်ခွင့်ရှိတယ်။ ဒါကိုအစိုးရက ဖြတ်တောက် ဆင်ဆာလုပ်မယ် ဆို မဲပေးမယ့်လူထုအတွက် အခွင့်အရေးကို ချိုးဖောက် တာဖြစ်တယ်။ မဲပေးသူတွေဟာ သူတို့မဲပေးသူတွေရဲ့ ကိုယ်ရေးရာဇဝင် အားလုံးကို သိရှိပိုင်ခွင့်ရှိရမယ်”

လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ပြဿနာအားလုံးကို ဖြေရှင်းသွားနိုင်မည် မဟုတ်သည်ကို ယုံ ကြည်ထားသဖြင့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပဋိပက္ခများကို မြန်မာနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ထုတ်ဖော်တင်ပြ သွားမည်ဟု (BNI)အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာလူထုအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ဖြစ် သည်ရှိသော် ရွေးကောက်ပွဲစောင့်ကြည့်မည့် လုပ်ငန်းစဉ်နှင့် မြန်မာ မူးယစ်ဆေးဝါး ပြဿနာသည် ထိုင်း၊ အိန္ဒိယ နှင့် တရုတ်စသည့် နိုင်ငံများတွင် ဆိုးကျိုးများ ဖြစ်စေသဖြင့်  မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာ တစောင်ထုတ် ရန်  ရှေးလုပ်ငန်းစဉ် ချမှတ်ခဲ့သည်။

နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့(BNI)သည် နယ်စပ်ဒေသအခြေစိုက်သည့် သတင်းဌာန ၁၁ ဖွဲ့ ပူးပေါင်းဖွဲ့စည်း ထားသော အဖွဲ့ဖြစ်ကာ ယင်းအဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

Most read this week