တရုတ်ရေနံ ကုမ္ပဏီ အတွက် ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်တွင်းများကို စစ်အစိုးရမှ သိမ်းဆည်း

တရုတ်ရေနံ ကုမ္ပဏီ အတွက် ဒေသခံများ ပိုင်ဆိုင်သည့် လက်ယက်တွင်းများကို စစ်အစိုးရမှ သိမ်းဆည်း
by -
မောင်အေး
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေနံတောင်အုပ်စုနှင့် မင်းပြင်အုပ်စုရှိ ဒေသခံများပိုင်ဆိုင် သည့် ရေနံ လက်ယက်တွင်းများကို တရုတ်ရေနံကုမ္ပဏီ CNOOC အတွက် နေပြည် တော် အထူးတပ်ဖွဲ့ တခုမှ လာရောက် ...

(နိရဥ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေနံတောင်အုပ်စုနှင့် မင်းပြင်အုပ်စုရှိ ဒေသခံများပိုင်ဆိုင် သည့် ရေနံ လက်ယက်တွင်းများကို တရုတ်ရေနံကုမ္ပဏီ CNOOC အတွက် နေပြည် တော် အထူးတပ်ဖွဲ့ တခုမှ လာရောက် သိမ်းဆည်း လိုက်ကြောင်း ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။

အဆိုပါ သိမ်းဆည်းမှုများကို ယခုလ ၁၀ ရက်နေ့က နေပြည်တော်မှလာသည့် အထူးတပ်ဖွဲ့ နှင့် မင်းပြင်ရဲစခန်းမှူး တို့က လာရောက် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သူကယခု ကဲ့သို့ပြောသည်။

“ ဒီလ ၁၀ ရက်နေ့က နေပြည်တော်က လာတဲ့ ဗိုလ်မှူးချုပ် မျိုးသန့်နဲ့ မင်းပြင် ရဲစခန်းမှူး လှထွန်းတို့က သိမ်းယူသွားတာ ဖြစ်ပါတယ်။ သူတို့သိမ်း တာက အဲဒီမှာရှိတဲ့ တရုတ ်ကုမ္ပဏီ အတွက် သိမ်းပေးတာပါ။ ကျောက်ဖြူမှာ ရေနံတူးတာာကို တရုတ် ရေနံ ကုမ္ပဏီတခုဘဲ ရှိရမယ်ဆိုပြီး ပြောပါတယ်။ ခုလက်ယက်တွင်း တူးနေတဲ့ နေရာတွေဟာ တရုတ် ကုမ္ပဏီ ကို ဌားရမ်းထားတဲ့ မြေ ဖြစ်တဲ့အတွက် ဘယ်သူမှ ရေနံတူးခွင့် မရှိဘူးဆိုပြီး သိမ်းယူသွားတာ ဖြစ်ပါတယ်။ ”

ယခု လက်ယက် ရေနံတွင်းများ သိမ်းဆည်းခံရသည့် ကျေးရွာများမှာ ရေနံ တောင်အုပ်စုရှိ ကလာပါ ကျေးရွာ၊ ချောင်းဖျားရွာ၊ ချောင်းဝရွာနှင့် မင်းပြင် အုပ်စုရှိ ငအုပ်ရွာ၊ ကျောက်စလယ် ရွာနှင့် ၀မြှောင်ကျေးရွာများရှိ လက်ယက်တွင်းများဖြစ်သည်။

“ ကျေးရွာသားတွေကို ဘယ်သူမှ လက်ယက်တွင်း တူးဖေါ်ခွင့် မရှိဘူး ဆိုပြီး အမိန့် ထုတ်ပါတယ်။ တူးရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်မယ်။ ထောင်ချမယ် ဆိုပြီး ပြောပါတယ်။ လျော်ကြေးက တပြားတချပ်မှ မပေးပါဘူး။” ဟု သူက ဆက်ပြောသည်။

သိမ်းဆည်းရာတွင် ရခိုင်အမျိုးသားတဦ းပိုင်ဆိုင်သည့် ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံ တရုံလည်း ပါ၀င်ကြောင်း သူကဆက်ပြောသည်။

“မင်းပြင်ရွာမှာရှိတဲ့ ဦးငြိမ်းချမ်းမောင်ပိုင်တဲ့ ရေနံချက်စက်ရုံလည်း အသိမ်းခံရတယ်။ ပစ္စည်းတွေလည်း သိမ်းယူသွားပါတယ်။”

ယခုကဲ့သို့ တရုတ်ကုမ္ပဏီအတွက် သိမ်းပိုက်ခံရသည့် လက်ယက်တွင်းများမှာ ဒေသခံများ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လုပ်ကိုင်လာသော လက်ယက်တွင်းများ ဖြစ်သည်။

၎င်းပြင် လက်ယက်တွင်း တူးဖေါ်နေရာ အနီးတဝိုက်မှ လယ်မြေများကိုလည်း ဆက်လက် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Most read this week