မြန်မာ ဒုက္ခသည်စခန်းမှ တာကာငွေ အတု လုပ်ရန် စီစဉ်နေသူ ၂ဦးကို ဘင်္ဂလာရဲမှ ဖမ်းဆီး

မြန်မာ ဒုက္ခသည်စခန်းမှ တာကာငွေ အတု လုပ်ရန် စီစဉ်နေသူ ၂ဦးကို ဘင်္ဂလာရဲမှ ဖမ်းဆီး
by -
မောင်အေး
ဘင်္ဂလာဒေ့ချ် နိုင်ငံရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းတခုမှ တာကာငွေ ၅၀၀ တန် အတုလုပ်ရန် စီစဉ်နေသည့် မြန်မာ မူဆလင် နှစ်ဦးကို ပစ္စည်းများနှင့် အတူ ဘင်္ဂလာရဲ တပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီး ...

(နိရဥ္စရာ) ဘင်္ဂလာဒေ့ချ် နိုင်ငံရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းတခုမှ တာကာငွေ ၅၀၀ တန် အတုလုပ်ရန် စီစဉ်နေသည့် မြန်မာ မူဆလင် နှစ်ဦးကို ပစ္စည်းများနှင့် အတူ ဘင်္ဂလာရဲ တပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဒုက္ခသည် ကျောင်းဆရာတဦးကပြောသည်။

“ဟုတ်ပါတယ်။ ငွေ အတုနဲ့ ဖမ်းတာက မနေ့က နှစ်ယောက် ဖြစ်ပါတယ်။ နောက်ထပ် ကျောင်းဆရာ တဦးကိုလည်းဖမ်းသွားပါတယ်။ ကျောင်းဆရာ ကိုတော့ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိပါဘူး။”

သူတို့ နှစ်ဦးထံမှ တာကာငွေ ၅၀၀ တန် အတု ပြုလုပ်ရန်စီစဉ် ထားသည့် စက္ကူ ၁၅၀၀၊ ကပ် ကြေးတလက်၊ အီလက်ထရပ် တိပ်တခု၊ မှင်စက္ကူ ၃ ခု၊ ဆိုက်ဖြတ် ထားသည့် မှန်အမဲ ၃ ချပ်၊ သားရေပြား တစ်ထုပ်၊ မှန်စက္ကူ ၃ ခုအပါအဝင် တခြားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူ နှစ်ဦးမှာ အဒူလ်ဆလင် (၃၈ နှစ်) နှင့် မိုဟာမောက်ရိုဖိလ် တို့ဖြစ်ကြပြီး သူတို့ကို ကော့တော ပလောင် ဒုက္ခသည်စခန်းမှ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ယနေ့ထုတ် ဒေသ သတင်းစာ တစောင်တွင်လည်း ရေးသား ဖော်ပြသည်။

သူတို့ကို ဒုက္ခသည်စခန်းတွင် လုံခြံုရေးတာဝန်ယူထားသည့် ရဲအရာရှိ ဆာဟာရ်အူဒိန် နှင့်အဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သူတို့နှစ်ဦးမှာ မကြာမီကျရောက်မည့် ဘာသာရေးပွဲတော် ကိုရ်ဘင်ခေါ် အီလ်ပွဲတော် အမီ အဆိုပါ ငွေများကို အသုံုးပြုနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရဲအဖွဲ့က ပြောသည်။

ယခုဖမ်းဆီးရမိသူနှစ််ဦးကို အိုခီးယား ရဲစခန်းသို့လွဲအပ်လိုက်ပြီး တရားစွဲဆိုရန် စီစဉ် နေကြောင်း သိရှိရသည်။

Most read this week