တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေးတံတား ဂိတ်ကြေးများ၍ ကုန်သည်များ ညည်းညူ

တာချီလိတ် မယ်ဆိုင် ချစ်ကြည်ရေးတံတား ဂိတ်ကြေးများ၍ ကုန်သည်များ ညည်းညူ
ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် တာချီလိတ်မယ်ဆိုင် ချစ်ကြည်ရေး တံတားနှစ်ခု ၌ ဌာနဆိုင်ရာအဖွဲ့ပိုတိုးလာပြီး ကုန်ပစ္စည်းသယ်ယူခ ပိုမိုပေးဆောင်နေရသောကြောင့် ကုန်သည် ...

ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် တာချီလိတ်မယ်ဆိုင် ချစ်ကြည်ရေး တံတားနှစ်ခု ၌ ဌာနဆိုင်ရာအဖွဲ့ပိုတိုးလာပြီး ကုန်ပစ္စည်းသယ်ယူခ ပိုမိုပေးဆောင်နေရသောကြောင့် ကုန်သည်များနှင့် တနိုင် တပိုင်လုပ်ကိုင်သူများ ညည်းညူနေ ကြသည်။

တာချီလိတ်နှင့်မယ်ဆိုင်နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုပြုနိုင်ရန် အမှတ်(၁)နှင့် (၂)ဟူ၍ တံတားနှစ်စင်းရှိပြီး သွင်း ကုန်၊ ထုတ်ကုန်ပစ္စည်းများအား အမှတ်(၂) တံတားမှ သယ်ယူရန် တရားဝင် သတ်မှတ်ထားသည်။

သို့သော် အောက်တိုဘာလဆန်းပိုင်းမှစ၍ အဆိုပါတံတားနှစ်စင်းပေါ်တွင် ဌာနဆိုင်ရာ အဖွဲ့များ ပိုမိုများပြားလာ ပြီး အမှတ်(၂)တံတားမှ ကုန်ပစ္စည်းသယ်ယူသည့်အခါ၌ အကောက်ခွန်ဌာနအပြင် ထပ်မံတိုးလာသည့် ဌာနဆိုင် ရာအဖွဲ့များအား တစ်ဖွဲ့ချင်းစီ အလိုက် ဂိတ်ကြေးပေးဆောင်ရသည့်အတွက် ကုန်သည်များ ညည်းညူ နေကြ သည်ဟု တာချီလိတ်မြို့ခံတဦးက ယခုလိုပြောသည်။

“လုံခြံုရေး ရဲအဖွဲ့ရောက်လာတော့၊ တစ်ဖွဲ့တက်လာပြီဆိုရင် တစ်ဖွဲ့ကိုပေးရတော့တာလေ။ ပေးရ တယ်ဆိုတော့ နည်းနည်းညည်းညူလာတာပေ့ါဗျာ။ သယ်တာကတော့ ပေါင်မုန့် ကားတွေ၊ ဟိုင်းလတ် ကားတွေနဲ့သယ်တယ်။ ကုန်ပေါ်မှာ မူတည်ပြီးတော့ ကာစတန် (အကောက်ခွန်)ကို ဘတ် ၅၀၀ ပေးရ တယ်။ နောက်တခါ ဒီတံတားအလယ်မှာကျတဲ့ လုံခြံုရေးရဲဂိတ်ကို ဘတ် ၁၅၀ ပေးရတယ်။ မူးယစ်ရဲကို တခေါက်ကို ဘတ် ၅၀ ပေးရ တယ်။ အဲ့မှာ မော်တော်ပီကယ်ဂိတ်ကို ဖြတ်ရင်က တခေါက်ကို ဘတ် ၄၀ ပေးရ သေးတယ်။”

အဆိုပါနှုန်းထားမှာ ထုတ်ကုန်ဖြစ်စေ၊ သွင်းကုန်ဖြစ်စေ ကားတစီးအတွက် တကြိမ်လျှင် ပေးဆောင်ရသည့် ဖြတ် သန်းခဖြစ်ပြီး အထက်ပါအဖွဲ့များအပြင် စစ်ဖက်ရေးရာလုံခြံုရေး အဖွဲ့(စရဖ)နှင့် မိုင်းရှင်းလင်း ရေးအဖွဲ့တို့အား တံတားဖြတ်သန်းခကို ရက်အလိုက် ပေးဆောင်ရသည်ဟု အဆိုပါမြို့ခံကဆက်ပြောသည်။

“ဘီအီးတပ်က မိုင်းရှာတဲ့အဖွဲ့ တာဝန်ကျ တပ်ကြပ်ကြီး ကိုတော့ ကားတစီးကို တရက်ကို ဘတ် ၂၀၀ ပေးရတယ်။ စရဖကိုလည်း ကားတစ်စီးကို တရက်လုံးမှာ ၂၀၀ ပေးရတယ်။”

နေ့စဉ် ကုန်စည်စီးဆင်းရန် အမှတ်(၂) တံတားအား တရားဝင် သတ်မှတ်ထားသော်လည်း သွင်းကုန်ပစ္စည်း များအား အမှတ်(၁)တံတားမှ သယ်ယူလာသည့်အခါ ၎င်းတို့သတ်မှတ် ထားသည့်နှုန်းအတိုင်း ပေးဆောင်ပါက မည်သည့်ပစ္စည်းကိုမဆို လွတ်လပ်စွာသယ်ယူခွင့် ရသည်ဟု ၎င်းကဆက်ပြောသည်။

“အဓိကဘာတွေသယ်လဲဆိုတော့ စားကုန်နဲ့အင်ဂျင်ဝိုင်၊ စက်သုံးဆီ၊တချို့ဒီကားပစ္စည်းပေ့ါနော်။ အဲလို မျိုးတွေသယ်တယ်။ အစစ်အဆေးမရှိပေ့ါ။ ၀င်လာလို့ရှိရင် ပိုက်ဆံပေး လိုက်တာနဲ့ သူတို့ သိပ်ပြီးတော့ ရှာဖွေတာတွေ စစ်ဆေးတာတွေ မရှိတော့ဘူး။”

ထိုသို့ပေးဆောင်ရမှုများသည် တရားဝင်ပေးဆောင်ရခြင်းမဟုတ်ဘဲ နားလည်မှုသဘောဖြင့် ပေးဆောင်ရခြင်းဖြစ် သည်ဟု တာချီလိတ်နှင့်မယ်ဆိုင် ကုန်သယ်ယူပို့ပေးနေသည့် ကားသမား တဦးက ပြောသည်။

ထို့ပြင် ကုန်ပစ္စည်းများအား ဆိုင်ကယ်ဘေးတွဲ၊ နောက်တွဲများဖြင့် သယ်ယူပို့ဆောင်ကာ တနိုင်တပိုင် လုပ်ကိုင် စားသောက်နေသူများထံမှလည်း ဌာနဆိုင်ရာအဖွဲ့တဖွဲ့လျှင်ဘတ် ၂၀ နှုန်း ကောက်ယူနေသည်ဟု ၎င်းက ဆက် ပြောသည်။

ထိုသို့ကောက်ခံနေမှုအပေါ် တနိုင်တပိုင်လုပ်ကိုင်သူများအနေနှင့် ကျေနပ်မှုမရှိသော်လည်း “အလုပ်ကရှားပါး နေတဲ့အချိန်ဆိုတော့ ရှိတဲ့အလုပ်ကိုလုပ်ကြရတဲ့အတွက် ကျေနပ်မှု ရှိလည်းလုပ်ရမှာပဲ။ မရှိလည်းလုပ်ရ မှာပဲလေ။ ဘာတတ်နိုင်မှာလဲ။” ဟု အဆိုပါ ကားသမား က ပြောသည်။

တာချီလိတ်မြို့ပေါ်၌  နှစ်နိုင်ငံချစ်ကြည်ရေးတံတားဖြတ်၍ ကုန်သယ်ယူပို့ဆောင်နေသည့် ကားအစီး ၃၀ ခန့်ရှိပြီး ကားတစီးကို  တနေ့လျှင် နှစ်ကြိမ်ထက်မနည်း ကုန်ပစ္စည်းသယ်ပို့ ရသည်ဟု သတင်းရရှိသည်။

Most read this week