ကိုးကန့်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့နှစ်မျိုး ဖွဲ့သွားမည်

ကိုးကန့်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့နှစ်မျိုး ဖွဲ့သွားမည်
ရှမ်းပြည်နယ်၊ အထူးဒေသ(၁)၊ ကိုးကန့်နယ်မြေရှိ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် ကိုးကန့်တပ်ဖွဲ့အား နယ် ခြားစောင့်တပ်ရင်းတခုနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ဖွဲ့စည်းမည်။ ...

ရှမ်းပြည်နယ်၊ အထူးဒေသ(၁)၊ ကိုးကန့်နယ်မြေရှိ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် ကိုးကန့်တပ်ဖွဲ့အား နယ် ခြားစောင့်တပ်ရင်းတခုနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်း ဖွဲ့စည်းမည်။

နယ်ခြားစောင့်တပ်ကို ကိုးကန့်စစ်သား(၃ဝဝ)ခန့်နှင့် နအဖစစ်တပ်မှ အင်အား(၃ဝ)ခန့်ဖြင့် ဖွဲ့စည်းကာ အမှတ်(၁ဝဝ၄)အဖြစ် သတ်မှတ်သွားရန်စီစဉ်ထားပြီး ကျန်ရှိသည့် ကိုးကန့် တပ်သားများကို ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ဖွဲ့ စည်းရန်ရှိသည်ဟု လောက်ကိုင်မြို့မှ လာသည့် သတင်းများအရ သိရသည်။

အသက်(၅ဝ)ကျော်များအား တပ်မှ အနားယူရမည်ဖြစ်သဖြင့် လုပ်နိုင်ကိုင်နိုင်သေးသည့် တပ်ဖွဲ့ဝင်များနှင့် တပ် ထဲဆက်လက်နေလိုသည့် သူများအတွက်ရည်ရွယ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ များကို ဖွဲ့စည်းခွင့်ပေးခြင်းအားဖြင့် စစ် အစိုးရဘက်က အလျော့ပေး လိုက်လျောမှု ဖြစ်နိုင်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်များက သုံး သပ် နေကြသည်။

၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပျက်ကာ စစ်အစိုးရတပ်၏ ဝင်ရောက်သိမ်းပိုက်ခြင်း ကို ခံခဲ့ရသည်။

ဖုန်းကျားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့သည့် ကိုးကန့်နယ်မြေထဲမှ ဆုတ်ခွာပေးခဲ့ရသည့် အတွက် လက်ကျန်ကိုးကန့်တပ်ဖွဲ့အား ယခင်က ကိုးကန့်တပ်ဖွဲ့တွင် ဒုဥက္ကဌ တာဝန်ယူခဲ့သည့် ပိုင်စုံချိန်က ဦးဆောင်ခွင့် ရရှိထားသည်။

Most read this week