ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ပိုင် ကုမ္ပဏီက ဖားကန့်ဒေသ လမ်းပိုင်းများ ပြုပြင်ရေး ကန်ထရိုက် ပြန်ရရှိ

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ပိုင် ကုမ္ပဏီက ဖားကန့်ဒေသ လမ်းပိုင်းများ ပြုပြင်ရေး ကန်ထရိုက် ပြန်ရရှိ
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အကြား စစ်ရေးတင်းမာနေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် ဝပြည်သွေးစည်းညီညွတ်ရေးပိုင် ကုမ္ပဏီက ဖားကန့်ဒေသအတွင်း ကျောက်တူး လုပ်ငန်း များ ...

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အကြား စစ်ရေးတင်းမာနေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် ဝပြည်သွေးစည်းညီညွတ်ရေးပိုင် ကုမ္ပဏီက ဖားကန့်ဒေသအတွင်း ကျောက်တူး လုပ်ငန်း များ စတင်လာပြီး ဖားကန့်ဒေသသို့သွားသည့် လမ်းများပြုပြင်ရေး ကန်ထရိုက်ကိုလည်း မကြာသေးမီက ပြန် လည် ရရှိခဲ့သည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ အောင်မြင်သောပန်းတိုင်အမည်ရှိ ဆောက်လုပ်ရေးကုမ္ပဏီက ဖား ကန့် -မိုးကောင်း၊ နန့်စီးအောင်-ဟိုပင်-ဖားကန့်ကားလမ်းပိုင်းအား ပြုပြင်ရန် အောက်တိုဘာလအတွင်းက ကန်ထ ရိုက် ပြန်ရရှိထားပြီး အခုအခါ လုပ်ငန်းများစတင်ဆောင်ရွက်နေသည်ဟု မကြာသေးခင်က ဖားကန့်မှ ပြန်ရောက် လာသူ မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

၂ဝဝ၅-၂ဝဝ၆ လောက်တုန်းက ဟုန်ပန်းကုမ္ပဏီအနေနဲ့ ကန်ထရိုက်ရပြီး လမ်းပြုပြင်ဖို့ ကွင်းဆင်းလေ့ လာတာတွေ လုပ်သေးတယ်။ ပြီးတော့ ရပ်ထားတာ။ အခုက အောင်မြင်သော ပန်းတိုင် နာမည်နဲ့ လုပ် မှာ။ ဖားကန့်-နန့်ယားကနေ မိုးကောင်းဘက်အထွက်မှာ တိုးဂိတ်ရှိတယ်၊ အဲဒီဂိတ်နားမှာ ဆောက် လုပ် ရေးအဖွဲ့တွေ ရောက်နေကြပြီ။ အစိုးရဆောက်လုပ်ရေးအဖွဲ့က ဝန်ထမ်းတွေကိုလည်း အဲဒီကုမ္ပဏီ က အလုပ်ခန့်ထားပေးတယ်။ ဟု လမ်းဖောက် လုပ်ရေးဝန်ထမ်းနှင့် နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြော သည်။

ယခုအခါ ဖားကန့်ဒေသအတွင်း ကျောက်တူးခွင့်ရထားသည့် ကုမ္ပဏီများအားလုံး ကျောက်များ ပြန်လည်တူးနေ ကြပြီး ဟုန်ပန်းကုမ္ပဏီမှ နာမည်ပြောင်းထားသည့် မြန်မာ-တကောင်း ကုမ္ပဏီ ကလည်း မြေတူး၊ မြေကော် စက်ယန္တယားယာဉ် စီးရေ ရာနှင့်ချီအသုံးပြုကာ ကျောက်တူးဖေါ် ရေးများ ပြန်လည် စတင်နေကြောင်း အဆိုပါ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကိုးကန့်မှာတိုက်ပွဲဖြစ်ပြီးရော ဖားကန့်ဘက်မှာ အတော်လေး ရုတ်ရုတ်ဖြစ်သွားခဲ့တာ။ ကေအိုင်အေ က လည်း တကယ်လို့ တိုက်ပွဲတွေ ပြန်ဖြစ်ရင် ကျောက်တူးတဲ့ ကုမ္ပဏီတွေကို အရင်မိုင်းခွဲဖျက်ဆီးမယ် ဆိုပြီး သတင်းတွေ ထွက်နေတော့ ကျောက်တူးတာတွေ အားလုံး ရပ်နားထားရတာ။ အခုမှ ကျောက် တူး တာတွေ ပြန်လုပ်ရတာ။ တလတောင် မရှိသေးဘူး။

အပစ်ခတ်ရပ်အဖွဲ့များကို နယ်ခြားစောင့်အသွင်ပြောင်းရန် အခုနှစ် ဧပြီလ(၂၈)ရက်နေ့က စတင် ကမ်းလှမ်းခဲ့ပြီး ဝတပ်ဖွဲ့၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ခေါ် မိုင်းလား တပ်ဖွဲ့ တို့က လက်ခံခြင်းမရှိသေးသဖြင့် နှစ်ဘက်အကြား ဆွေးနွေးနေဆဲရှိနေချိန်တွင် (ဝ)တပ်ဖွဲ့ပိုင် ကုမ္ပဏီက ရင်းနှီး မြုပ်နှံမှုများ ဆက်လက် လုပ်ကိုင်နေခြင်း ဖြစ်သည်။

Most read this week