ဒုက္ခသည်များ စခန်းပြောင်းရွှေ့ရန် ထိုင်းအာဏာပိုင်များက စာရင်းကောက်ယူ

ဒုက္ခသည်များ စခန်းပြောင်းရွှေ့ရန် ထိုင်းအာဏာပိုင်များက စာရင်းကောက်ယူ
by -
နွယ်လေး
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့ ကျေးရွာတွင်် နေထိုင်ကြသော စစ်ပြေး ကရင် ဒုက္ခသည်များအား စခန်းပြောင်းရွှေ့ရန်အတွက် နာမည်စာရင်းကို ထိုင်းအာဏာပိုင်များက စတင်ကောက် ယူ ...

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့ ကျေးရွာတွင်် နေထိုင်ကြသော စစ်ပြေး ကရင် ဒုက္ခသည်များအား စခန်းပြောင်းရွှေ့ရန်အတွက် နာမည်စာရင်းကို ထိုင်းအာဏာပိုင်များက စတင်ကောက် ယူသည်။

ထိုင်းအာဏာပိုင်များက လုံခြံုရေး တာဝန်မယူနိုင်သဖြင့် နို့ဘိုးစခန်းသို့ပြောင်းရန် နာမည် စာရင်းများကို ယခုလ ၄ ရက် ဗုဒ္ဓဟူးနေ့မှ လာကောက်ခြင်းဖြစ်သည်ဟု အူးသူးထာ့ စခန်းတာဝန်ခံ ကူူနူးက ယခုလိုပြောသည်။

“နာမည် စာရင်းတွေ ပေးခိုင်းတယ်။ နို့ဘိုးသွားနေမလား။ ရွာပြန်မလား မေးတယ်။ နာမည် စာရင်း အားလုံးပေး၊ ဘယ်ချိန်ပြောင်းမယ်ဆိုတာ သူတို့ ထပ်လာပြောမယ် အဲလိုပြောတယ်။”

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် အူးသူးထာ့၊ မဲ့တရီ နှင့် မော်ကွီး ရွာများ တွင် နေထိုင်သည့် စစ်ပြေးဒုက္ခသည်များ အားလုံး နို့ဘိုးစခန်း တစ်နေရာတည်းတွင် စုပေါင်းထားမည်ဖြစ်ပြီး နေ ရပ်သို့ပြန်လိုသူများကိုလည်း ထိုင်းအာဏာပိုင်များက ပို့ဆောင်ပေးမည်ဟု ၎င်းကဆက်ပြောသည်။

စစ်ပြေးဒုက္ခသည်များသည် မိမိတို့နယ်မြေ တည်ငြိမ်အေးချမ်းပါက အိမ်ပြန်ရန် အစီစဉ်များ ရှိခဲ့သော်လည်း ယခု ချိန်ထိတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ဗုံးမကြာခဏ ပေါက်ကွဲခြင်း များကြောင့် အိမ်မပြန်ရဲကြတော့သဖြင့် ထိုင်း အာဏာပိုင်များ ထားရာတွင် နေကြရမည်ဟုလည်း နိုု့ဘိုး စခန်းတွင်းနေသူ စောတာဆူးညားက ယခုလို ပြော သည်။

“တချို့ပြန်တဲ့လူတွေလည်း ခုပြန်ပြေးလာကြပြီ။နအဖနဲ့ ဒီကေဘီအေက ပေါ်တာတောင်းလိုက် သူတို့ နောက် အမြဲလိုက်ရတော့ လမ်းပေါ်တောင် မသွားရဲဲကြဘူး။ တောထဲ အလုပ်လုပ်ဖို့ မတတ်နိုင်လို့”

ဒုက္ခသည်များအားလုံး မယ်လသို့ပြောင်းရွှေ့နေစေမည်ဆိုပါက ပိုကောင်းမည်ဟု စောတာစူးညားက ဆက်ပြော သည်။

“အကုန်ပြောင်းလည်းကောင်းတာပဲ။ ထိုင်းတပ်ကလာပြီး အပြင်ထွက်မရ ဖမ်းဆီးခြိမ်းခြောက်မှု အမျိုး မျိုးလုပ်တယ်။ လူတွေလဲ စိတ်ဆင်းရဲကြတယ်လေ နေ့တိုင်းဒီလိိုနှောက်ယှက်ဖိအားပေးတာ မခံနိုင်ကြ တော့ ဘူးလေ။”

ထိုင်းအာဏာပိုင်များသည် စစ်ပြေးဒုက္ခသည်များကို မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုပြီး ယခု စခန်းပြောင်းရွှေ့ရန် အူးသူးထာ့ စခန်းတခုတွင်သာ စာရင်းစတင်ကောက်ယူ နေခြင်းဖြစ်သည်။

ဇွန်လဆန်းပိုင်းတွင် မြန်မာစစ်တပ်နှင့်ဒီကေဘီအေတပ်ပူးပေါင်းပြီး ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေကို ထိုးစစ် ဆင်ရာမှ  ထိုင်းဘက်ခြမ်းသို့ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် သုံးထောင်ကျော်အား ထိုင်းအာဏာပိုင် များ က နို့ဘိုး၊ အူးသူးထာနှင့် မဲ့တရီစခန်း တို့တွင် ယာယီ နေထိုင်စေခဲ့သည်။

Most read this week