ပြည်ပမီဒီယာနှင့် ဆက်သွယ်မူကြောင့် ထောင်ချမှတ်ခံရသူ ကိုညွန့်မောင် လွှတ်မြောက်လာ

ပြည်ပမီဒီယာနှင့် ဆက်သွယ်မူကြောင့် ထောင်ချမှတ်ခံရသူ ကိုညွန့်မောင် လွှတ်မြောက်လာ
ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချခံရသူ ကိုညွှန့်မောင် ပြန်လည် လွှတ်မြှောက်လာကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက် တဦးက ပြောသည်။ ...

ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချခံရသူ ကိုညွှန့်မောင် ပြန်လည် လွှတ်မြှောက်လာကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက် တဦးက ပြောသည်။

“သူ အောက်တိုဘာလ ၃၀ နေ့က ဘူးသီးတောင် အကျဉ်းထောင်က လွှတ်မြှောက်လာပါတယ်။ တနှစ်တိတိ နေခဲ့ရပါတယ်။ သူ့ကျန်းမာရေးက ကောင်းပေမယ့် အားနည်းသလိုမျိုး ဖြစ်နေတာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။

ကိုညွန့်မောင်အား မောင်တော စရဖ ထောက်လှမ်းရေးမှ ပြည်ပ သတင်းဌာနများနှင့် ဆက်သွယ်မူ ရှိသည်ဟု ဆိုကာ ၂၀၀၈ ခုနှစ် ဇန္နဝါရီလမှ ဖမ်းဆီးခဲ့ပြီး များမကြာမှီ မောင်တော တရားရုံးက ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့သည်။

“ သူ့ကို ထောင်ချမယ့် ပုဒ်မ မရှိတော့ လဝက မူနဲ့ နို်င်ငံခြားကို တရားမဝင် သွားတယ်ဆိုပြီး ထောင်ချလိုက်တာ ဖြစ်ပါတယ်။ စရဖက တရားသူကြီးကို ဖိအားပေးတဲ့အတွက် သက်သေ အထောက်အထားတွေ တစုံတရာ မရှိဘဲ ထောင်ချလိုက်တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သောနှစ်က ရခိုင်ပြည်နယ် အတွင်း အနည်းဆုံး လူ (၃) ဦးကို ပြည်ပ မီဒီယာများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး ထောင်ချခဲ့သည်။

ထိုအထဲတွင် ပေါက်တောမြို့နယ်မှ ရဲအငြိမ်းစား ဦးမြတ်ထွန်းနှင့် တောင်ကုတ်မြို့မှ ကိုစန်းလွှင်တို့ ပါ၀င်သည်။

သူတို့နှစ်ဦးစလုံးကို သက်ဆိုင်ရာ တရားရုံးများက ထောင်ဒဏ် (၅) နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီး ယခုအခါ ကိုမြတ်ထွန်းကို ဘူးသီးတောင် ထောင်တွင် ချုပ်နှောင်ထားကာ ကိုစန်းလွှင်ကိုမူ သံတွဲထောင်တွင် ချုပ်နှောင်ထားသည်။

Most read this week