ရှမ်းပြည် အရှေ့ပိုင်းဒေသ၌ သံဃာတော်နှင့် သက်ဆိုင်သည့် စာရင်းများ ကောက်ယူ

ရှမ်းပြည် အရှေ့ပိုင်းဒေသ၌ သံဃာတော်နှင့် သက်ဆိုင်သည့် စာရင်းများ ကောက်ယူ
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှ ကျောင်းထိုင်ဆရာတော်များအပါအဝင် သံဃာတော် များ၏ စာရင်းနှင့်ကိုယ် ရေးရာဇဝင်များ၊ ကျောင်းတိုက်များ၏ နောက်ကြောင်းရာဇဝင်များကို အာဏာပိုင်များက ကောက်ယူ ...

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှ ကျောင်းထိုင်ဆရာတော်များအပါအဝင် သံဃာတော် များ၏ စာရင်းနှင့်ကိုယ် ရေးရာဇဝင်များ၊ ကျောင်းတိုက်များ၏ နောက်ကြောင်းရာဇဝင်များကို အာဏာပိုင်များက ကောက်ယူလျှက်ရှိ သည်။

အာဏာပိုင်များက အောက်တိုဘာလ ၃၁ ရက်နေ့ကစ၍ ကောက်ယူနေခြင်းဖြစ်သည်ဟု တာချီလိတ်မြို့တွင် သီ တင်းသုံးနေသည့် သံဃာတစ်ပါးက ယခုလို မိန့်ကြားသည်။

“ကျောင်းထိုင်ဆရာတော်ဘွဲ့ပေ့ါ။ အသက်၊ သိက္ခာ၊ မိဘတွေနေရပ်၊တာချီလိတ်မြို့ကို ဘာကြောင့် ရောက်လာတာလဲ။ ဘယ်သူကပင့်လာတာလဲ။ ဒါမျိုးတွေပေ့ါ။ကျောင်းတွေရဲ့ တည်ဆောက်မှုပေ့ါ။ မြေ အနေအထား ဘာညာ၊ ဘယ်ကရတာလဲ။ ဘယ်သူလှူတာလဲ။ ဘယ်တုန်းကဆောက်တာလဲ။ ဒါတွေစစ် ဆေးတာပေ့ါ။”

နေပြည်တော်သာသနာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးမြတ်သူ နှင့် ရှမ်းပြည်နယ် သာသ နာရေးဦးစီးဌာနညွှန်ကြားရေးမှူး ဗိုလ်မှူးရဲနိုင်ဝင်းတို့ ဦးဆောင်၍ တန်ဆောင်မုန်းလပြည့်နေ့ ကထိန် သင်္ကန်းကပ် လှူနေစဉ် လာရောက်ကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု တာချီလိတ်မြို့ခံတဦးက ယခုလိုပြောသည်။

“ကထိန်ခင်းနေရင်းနဲ့ ဒကာ၊ ဒကာမတွေကြားထဲမှာ ဘုန်းကြီးကိုမေးတာပေ့ါနော်။ ဘုန်းကြီး ရဲ့ ကိုယ် ရေးရာဇဝင်၊ ဘယ်တုန်းကဘုန်းကြီးဝတ်တယ်။ တာချီလိတ်ကိုဘယ်တုန်းကရောက်လဲ၊ ဒီကျောင်းတည် တာ ဘယ်လောက်ကြာပြီလဲ။ ဒီကျောင်းမြေဟာသာသနာပိုင် မြေလား။ ဂရံ ပေါက်ပြီလား၊ အဲတာ တွေမေးတယ် ပြီးတော့ အထောက်အထားတွေ တောင်းကြည့်တယ်။”

တာချီလိတ်မြို့ပေါ်၌ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့်ဘုန်းတော်ကြီးကျောင်းများရှိပြီး နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့မှတရားဝင် အသိအမှတ်ပြုထားသည့် ဘုန်းကြီး ကျောင်းများဟုတ်၊ မဟုတ်လိုက်လံ စစ်ဆေး ခြင်းဖြစ်နိုင်သည်ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာတော်က ဆက်လက်မိန့်ကြားသည်။

“သူတို့ပြောပုံကတော့ သာသနာစီစစ်ရေးအတွက်လို့ အဲလိုပြောတာပါပဲ။ တချို့ကလည်း တရားဝင် အသိအမှတ်ပြုတဲ့ကျောင်းနဲ့ တရားဝင်အသိအမှတ်မပြုတဲ့ကျောင်းဆိုပြီး နှစ်မျိုး ဖြစ်နေတာလေ။”

ယခုလိုစာရင်းများကောက်ယူနေခြင်းကို သေခြာစွာ မသိရသေးသော်လည်း ၀ါမဝင်မီ အချိန်က တာချီလိတ်ခရိုင် အေးချမ်းသာယာရေးကောင်စီ (ခရက) မှ တရားမဝင် ဘုန်းတော်ကြီးကျောင်းများအား ဖျက်သိမ်းရန် စီမံချက်ရှိ သည်ဟု သတင်းရရှိသည်။

ယခုအခါ ထိုစီမံချက်အား အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည့်အတွက် သံဃာတော် ထုကြားထဲ၌ စိုးရိမ်မ ကင်း ဖြစ်နေကြသည်ဟု အဆိုပါ သံဃာက မိန့်ကြားသည်။

“တရားဝင်အသိအမှတ်မပြုထားတဲ့ ကျောင်းလေးတွေက ဘာများဖြစ်လိမ့်မလဲ ဖျက်များ ဖျက်လိုက်မ လားဆိုပြီး အဲလို သူတို့စိတ်ထဲမှာ သောကဖြစ်နေကြတာပေ့ါ။”

သံဃာတော်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းအပြင် ကျောင်းဆောက်လုပ်လှူဒါန်းသည့် ဒကာ၊ ဒကာများ၏ အ မည်စာရင်းများကိုပါ မေးမြန်းကောက်ယူခဲ့သည်ဟု သတင်း ရရှိသည်။

Most read this week