ဘူးသီးတောင်မြို့ရှိ အန်ဂျီအို တခုကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက်

ဘူးသီးတောင်မြို့ရှိ အန်ဂျီအို တခုကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တည်ရှိသော နိုင်ငံခြား အန်ဂျီအို တခုဖြစ်သည့် AMI ရုံးကို ဒေသခံ ရခိုင်ပြည်သူများက မနေ့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းဆရာ တဦးက ပြော ...

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တည်ရှိသော နိုင်ငံခြား အန်ဂျီအို တခုဖြစ်သည့် AMI ရုံးကို ဒေသခံ ရခိုင်ပြည်သူများက မနေ့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းဆရာ တဦးက ပြောသည်။

“တိုက်ခိုက်တာက ညနေ ၅ နာရီခွဲခန့်မှာ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့ အကြောင်းက ရခိုင်အမျိုးသမီး ၀န်ထမ်းတဦး ဖြစ်တဲ့ မနီလာကျော်ကို ရုံးဝန်ထမ်း မူဆလင် တဦးက မဖွယ်မရာ ပြုမူ ဆက်ဆံတာကနေ ပြဿနာ စဖြစ်တာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀၀ လောက်က ရုံးကို တုတ်တွေ ကျောက်ခဲတွေနဲ့ ၀ုိင်းဝန်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ထိုသို့ တိုက်ခိုက်သဖြင့် ရုံးတွင်း ရပ်ထားသော ကား ၄ စီး၊ မော်တော်ဆိုင်ကယ်များ အပါအဝင် ရုံးမှန်တံခါးများလည်း ကွဲကျသွားကာ ရုံးခေါင်းမိုးတခုလုံး ပြိုထွက် သွားသည်ဟု သိရသည်။

“ စဖြစ်တာက မနီလာကျော် သူနာပြု ဆရာမက ရုံးက အလုပ်ထွက်တော့ အဲဒီရုံးက လူကြီးတွေကို သွားရောက် နုတ်ဆက်ပြီး အပြန်မှာ အဲဒီရုံုးမှာ လုပ်ကိုင်နေတဲ့ မူဆလင် တဦးက မဖွယ်မရာ စကားတွေ ပြောဆိုရာက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူမက ခုလို စော်ကားတာကို ရဲကို သွားတိုင်တယ်။ ရဲက အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အဲဒီ ၀န်ထမ်းကို ခေါ်ယူတော့ AMI ရုံးက နိုင်ငံခြားသားတွေက ထုတ်မပေးဘူး။ ထုတ်မပေးတော့ လူတွေက မကျေမနပ် ဖြစ်လာပြီး ရုံးကို ၀ိုင်းအုံလာကြတယ်။ နောက်တော့ အုတ်ခဲတွေ၊ တုတ်တွေ၊ ပုလင်းတွေနဲ့ ၀ိုင်းဝန်းပြီး ရုံးကို တိုက်ခိုက်ခဲ့ကြတယ်။” ဟုသူက ပြောသည်။

ဘူးသီးတောင်ရဲ အနေဖြင့် လူအုပ်မှာ ကြီးလွန်းသဖြင့် ၀င်ရောက်မထိန်းသိမ်းနိုင်သဖြင့် ဗျူဟာမှူးကိုယ်တိုင်လာရောက်ပြီး ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

အခုအခါ ဘူးသီးတောင်တွင် လုံခြံုရေးကို အထူးတင်းကျပ်ထားပြီး အမျိုသမီးအား မဖွယ်မရာ ဆက်ဆံ ပြောဆိုခဲ့သူ မူဆလင် ရုံးဝန်ထမ်းအားလည်း ရဲက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံ ဦးဇင်း တပါးကလည်း ယခုကဲ့သို့ ကောက်ချက်ချ ပြောကြားသည်။

“ AMI အပါအဝင် နိုင်ငံတကာက လာရောက်ဖွင့်ထားတဲ့ ရုံးတွေကို ရခိုင်လူထုတွေက ခွဲခြားဆက်ဆံမူတွေကြောင့် မကျေမနပ် ဖြစ်နေတာကြာပါပြီ။ ခုလို မကျေမနပ် ဖြစ်နေတဲ့ အချိန်မှာ အမျိုးသမီး တဦးကို ရုံးပေါ်မှာ မဖွယ်မရာ လုပ်တယ်ဆိုတော့ ရခိုင်အမျိုးသားတွေ သည်းခံစိတ်ကုန်သွားပြီး ခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

AMI ခေါ် Aide Medicine International မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ကျန်းမာရေး စီမံကိန်းများကို ဆောင်ရွက်နေသော နိူင်ငံခြား အန်ဂျီတခု ဖြစ်သည်။

Most read this week