NDA-K အတွက်တပ်နေရာများ သတ်မှတ်ပြီးစီး

NDA-K အတွက်တပ်နေရာများ သတ်မှတ်ပြီးစီး
အပစ်ရပ်အဖွဲ့ဖြစ်သည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) အား နယ်ခြားစောင့် တပ်ရင်း (၃)ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပြီး ယခု တပ်ရင်းမြေနေရာများ သတ်မှတ်ထား ...

အပစ်ရပ်အဖွဲ့ဖြစ်သည့် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) အား နယ်ခြားစောင့် တပ်ရင်း (၃)ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပြီး ယခု တပ်ရင်းမြေနေရာများ သတ်မှတ်ထား ပြီး ဖြစ်သည်။

နယ်ခြားစောင့်တပ်ရင်း အမှတ်(၁ဝဝ၁)အား ချီဗွေမြို့နယ်အတွင်းရှိ ဖီမော်ကျေးရွာအနီးတွင် လည်းကောင်း၊ အ မှတ်(၁ဝဝ၂)တပ်ရင်းအား ချီဗွေနှင့် လုပိကျေးရွာအကြားတွင်လည်းကောင်း၊ အမှတ်(၁ဝဝ၃)တပ်ရင်းအား ဆဒုံး မြို့နယ်၊ ကန်ပိုက်တီးကျေးရွာအနီး စင်ကျိုင် ကျေးရွာအနီး တွင်လည်းကောင်း တပ်ရင်းမြေနေရာများ သတ်မှတ် ထားသည်ဟု အဲန်ဒီအေကေ အဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“ဖိမော်ဘက်မှာ ၁ဝဝ၁၊ ဖီမော်နဲ့ လုပိကြားက ၁ဝဝ၂၊ ကန်ပိုက်တီးနားက စင်ကျိုင်မှာက ၁ဝဝ၃ တပ် ရင်းသုံးရင်းဖွဲ့မှာ။ လုပိဆိုတာက ဖိမော်ဘက်ကိုသွားတဲ့ လမ်းခွဲ၊ ချီဗွေ နဲ့ ပန်ဝါကြားမှာ လုပိဆိုတာ ရှိ တယ်။ လုပိနဲ့ ပန်ဝါက ဆယ်မိုင်လောက်ဘဲ ဝေးတော့တယ်။ ပန်ဝါမှာဗမာတပ်က ထိုင်ထားတာ။ အခု ခလရ(၇၄)ထိုင်တယ်။ နဂိုတည်းက ဗမာတပ်ကထိုင်ထားတာ၊ အခု တပ်ခွဲမှူး ထိုင်နေတယ်။” ဟု ပန်ဝါ ဒေသခံတဦးက ပြောသည်။

ကိုးကန့်နယ်မြေ လောက်ကိုင်ဒေသရှိ ပိုင်စုံချိန်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အပါအဝင် နယ်ခြားစောင့်တပ် လက်ခံမည့်တပ်များအား အမှတ် (၁ဝဝ၄)(၁ဝဝ၅)စသည်ဖြင့် ဖွဲ့စည်းရန် ရှိကြောင်း အဆိုပါ ပန်ဝါဒေသခံ ပြော သည်။

အဲန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက် ခဲ့ပြီး မြန်မာစစ် အ စိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ယခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သ ဘောတူ လက်ခံခဲ့သည်။

၂ဝဝ၅ခုနှစ်အတွင်းက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ခွဲထွက်ခဲ့သည့် ဦးလဆန် အောင်ဝါ ဦးဆောင် သည့်အဖွဲ့ကို ယခုလ(၁၆)ရက်နေ့က ကဝါးယန်ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ အရှေ့မြောက်ဘက်ရှိ ဂွေထူကျေးရွာတွင် တပ်ခွဲ တခွဲ၊ ကဝါးယန်ကျေးရွာတွင် တပ်ခွဲ တခွဲဖြင့် ဖွဲ့စည်းခဲ့သည်။

နယ်ခြားစောင့်တပ်ရင်းတခုတွင် လူအင်အား (၃၂၆)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး မြန်မာစစ်အစိုးရ တပ်ဘက်မှ အရာ ရှိ အပါဝင် စစ်သား(၃ဝ)ဖြင့် ပါဝင်ကာ ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည် ဖြစ်သည်။

အဲန်ဒီအေကေအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ ယခု မြစ်ကြီးနား၊ ပြင်ထောင်ရှိ တပ်မတော် စစ်သင်တန်းကျောင်းတွင် သင် တန်းတက်ရောက်နေပြီး ကျန်ရှိနေသည့် အဲန်ဒီအေကေ တပ်ဖွဲ့ဝင်များအား ပြန်လည် သင်တန်း ပို့ချသွားမည်ဟု သိရသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ (ဝ)ပြည်သွေးသည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့တို့မှာ ယခုအချိန်အထိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကို သဘောမတူသေးချေ။

Most read this week