“၀” တောင်ပိုင်း ထိန်းချုပ်ဒေသရှိ လူထုစာရင်း နယ်စပ်ဒေသရှိ ထိုင်းစစ်တပ်မှ စုံစမ်းနေ

“၀” တောင်ပိုင်း ထိန်းချုပ်ဒေသရှိ လူထုစာရင်း နယ်စပ်ဒေသရှိ ထိုင်းစစ်တပ်မှ စုံစမ်းနေ
by -
ဇော်ကြီး
ရှမ်းပြည်တောင်ပိုင်း “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တောင်ပိုင်းတပ်များ ထိန်းချုပ်ရာဒေ သ တဝိုက်ရှိ  လူဦးရေနှင့်အိမ်ထောင်စုစာရင်းကို ထိုင်းတပ်မှူး များက စုံစမ်းကောက်ယူနေ ...

ရှမ်းပြည်တောင်ပိုင်း “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တောင်ပိုင်းတပ်များ ထိန်းချုပ်ရာဒေ သ တဝိုက်ရှိ  လူဦးရေနှင့်အိမ်ထောင်စုစာရင်းကို ထိုင်းတပ်မှူး များက စုံစမ်းကောက်ယူနေသည်။

အထက်ပါစာရင်းများသိရှိနိုင်ရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းရှိ နယ်စပ်ဒေသလုံခြံုရေး တာဝန်ခံ ထိုင်းစစ် တပ်မှ တပ်မှူးများက ယမန်နေ့ကနီးစပ်ရာ ဒေသခံများထံတွင် မေးမြန်းတောင်းယူခဲ့သည်ဟု နယ်စပ်ကုန်သည် တဦး ကပြောသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုန်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိကျေးရွာများမှ အိမ်ထောင်စု လူဦးရေစာရင်းများကို ကောက်ယူခိုင်းခြင်းဖြစ်သည်။

ယင်းသို့ ကောက်ယူနေမှုသည် တိုက်ပွဲများဖြစ်ပွားလာပါက ထိုင်းနိုင်ငံတွင်းထွက်ပြေး ၀င်ရောက်လာနိုင်သည့် စစ် ပြေးဒုက္ခသည်အရေအတွက်ကိုခန့်မှန်းနိုင်ရန် ကြိုတင်ပြင်ဆင် မှု တစ်ခုဖြစ်နိုင်သည်ဟု ရှမ်းသံတော်ဆင့်သတင်း ဌာနမှ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် က ပြောသည်။

“သူတို့(ထိုင်းနိုင်ငံ)အနေနဲ့ကတော့ မိုးမပြို ပြိုခဲ့သည်ရှိသော်ပေ့ါ။သေချာပေါက်ဖြစ်မယ်လို့ ယုံကြည် ယူဆထားတဲ့ပုံစံတော့မဟုတ်ဖူးထင်တယ်။ဒါမှမဟုတ် တချို့ရှိရင်ရှိမှာပေ့ါ။ဖြစ်နိုင်ခြေများတယ်။ အလား အလာများတယ် စသည်ဖြင့် ဒီလိုခန့်မှန်းတာလည်း ဖြစ်ရင် ဖြစ်မှာပေ့ါ။”

အကယ်၍ စစ်အစိုးရတပ်နှင့် UWSA တပ်ဖွဲ့များကြားနှစ်ဖက် တိုက်ပွဲများဖြစ်ပွား လာပါက ထိုင်းနိုင်ငံရှိ ချင်းမိုင် နှင့်ချင်းရိုင်းခရိုင်နှစ်ခုအတွင်းသို့ စစ်ပြေးဒုက္ခသည် နှစ်သိန်းကျော် ၀င်ရောက်လာနိုင်ကြောင်း ထိုင်းနယ်စပ်ဒေသ လုံခြံုရေးနှင့် ကာကွယ်ရေးဌာနညွန်ကြားရေးမှူးက တွက်ဆထားသည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်း စာ၌ယခုလ ရ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သို့သော် စစ်အစိုးရနှင့် UWSA တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်လာနိုင်မှုအခြေအနေသည် တရုတ်အစိုးရအပေါ်၌ လည်း မူတည်သည်ဟု ဦးစိန်ကြည်က သုံးသပ်သည်။

“နအဖနဲ့ ဒီအပစ်ရပ်အဖွဲ့တွေကို သူ(တရုတ်အစိုးရ)က နှစ်ဖက်စလုံးကို ဘယ်လောက် ဖျောင်းဖျနိုင် မလဲ၊ဘယ်လောက်မေတ္တာရပ်ခံပြီးတော့ တားဆီးနိုင်မလဲ၊ နအဖအနေနဲ့ကရော တရုတ်စကားကို ဘယ် လောက်နားထောင်နိုင်မလဲ၊ အခုရော အရင်ကလိုနားထောင် မလား၊ နားထောင်ပြီးတော့ရော လိုက်နာ မလား။ UWSA အတွင်းထဲက အပြောင်းအလဲပေါ်မှာ အများကြီးမူတည်တယ်။ သူတို့(UWSA) အထဲကို နအဖကသပ်သျှိုပြီး ဖဲ့ထုတ် စည်းရုံးတဲ့ နည်းနာတွေထိရောက်အောင်ဘယ်လောက်ထိလုပ်နိုင်မလဲ။ သူ တို့ထဲက အကွဲအပြဲတွေဖြစ်ပေါ်လာအောင် နအဖက ဘယ်လောက်ခြေထိုးနိုင်မလဲဆိုတဲ့ အပေါ် မှာ လည်း မူတည်တယ်။”

ယခုအနေအထားအရ UWSA ထိန်းချုပ်ရာဒေသများအတွင်း စစ်အစိုးရတပ်များ အင်အား ဖြည့်တင်းထား သော် လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့် အလားအလာ မရှိသေး ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

Most read this week