၂၀၁၀ ရွေးကောက်ပွဲမှ စစ်မှန်သည့် လွတ်တော်တရပ် မပေါ်နိုင်ဟု KNPP ပြော

၂၀၁၀ ရွေးကောက်ပွဲမှ စစ်မှန်သည့် လွတ်တော်တရပ် မပေါ်နိုင်ဟု KNPP ပြော
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲသည် စစ်မှန်သည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း သွားမည့် ပြည်သူ့လွတ်တော်တရပ်ကို ပေါ်ထွန်းလာစေမည် ...

မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲသည် စစ်မှန်သည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း သွားမည့် ပြည်သူ့လွတ်တော်တရပ်ကို ပေါ်ထွန်းလာစေမည် မဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေ အဲန်ပီပီ)က သဘောထားထုတ်ပြန်လိုက်သည်။

စစ်အစိုးရ ပြုလုပ်ရန် စီစဉ်ထားတဲ့ ရွေးကောက်ပွဲအပေါ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် သဘောထား ထုတ် ပြန်ရခြင်းနှင့် ပတ်သက်၍ ကေအဲန်ပီပီ၏ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ယခုလိုပြောသည်။

“ပထမပြောရမယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ဒါကလူထုဆန္ဒသဘောထား အစစ်အမှန်နဲ့ အတည်ပြုထားတဲ့ အခြေခံဥပဒေမဟုတ်ဘူးဆိုတာကို ကျနော်တို့က မီးမောင်းထိုးပြချင် တာပါ။ ဒါကို ကျနော်တို့ လက်မခံဘူးဆိုတာ ပြောချင်တယ်။ နှစ်အချက် ကတော့ ၂၀၁၀ ရွေးကောက် ပွဲကတော့ ဒီ အခြေခံဥပဒေကိုပဲ အမှီပြုပြီးတော့ သူတို့ ရွေးကောက်ပွဲလုပ်မှာဆိုတော့ ရွေးကောက်ပွဲ ကလည်းပဲ တချို့သော ကျနော်တို့က လိုချင်တဲ့ အကြောင်းချက်တွေ လုပ်ထားတာမျိုး မရှိပဲနဲ့ ရွေး ကောက်ပွဲကို တန်းပြီးလုပ်မှာဆိုတော့ တရားမျှတပြီးလွတ်လပ်မယ်လို့ ကျနော်တို့ မယူဆဘူး။ နောက် ပြီးတော့များ တကယ်လို့များ လုပ်ခဲ့သည်ရှိသော် ထွက်လာတဲ့ ကိုယ်စားလှယ်တွေကလည်းပဲ လူထု ကိုယ်စားလှယ်တွေရဲ့ အစစ်အမှန်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ အနေအထားအောက်မှာ ကျနော်တို့က ဒါကို အများ သိအောင်ဆိုတဲ့ ကျနော်တို့ သဘောထားကို ထုတ်ဖော်တာပါ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာစစ်အစိုးရ စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးသာဖြစ်ထွန်းစေပြီး တိုင်း ရင်းသားလူမျိုးစုများ၏ အခွင့်အရေးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား ကာကွယ်စောင့်ရှောက်ပိုင်ခွင့်များသည် ဖွဲ့စည်းမည့် လွတ်တော်အုပ်ချုပ်မှုအောက်တွင် ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ကြေညာချက်တွင် ထောက်ပြထားသည်။

စစ်အစိုးရပြုလုပ်ရန်ပြင်ဆင်နေသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ထွက်ပေါက်တခုဟု ယေဘုယျအားဖြင့် လက်ခံသော်လည်း ရွေးကောက်ပွဲမတိုင်မီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြန်လည် ပြင်ရမည်ဟု ခူးဦးရယ်က ပြောသည်။

“နှစ်အချက်က ဟိုမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွတ်ပေးရမယ်ဆိုတဲ့ ကိစ္စဟာ ဒါက လည်း ကျနော်တို့ ပြောနေကျပဲ။ ဒါ့အပြင်ကို တိုင်းပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိ နေသေးတယ်။ တနိုင်ငံလုံးအတိုင်းအသာအတွက် အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ကြေညာချက် တွေကို လည်း ကျနော်တို့ လုပ်ဖို့လိုမယ်။ ဒါပြီးရင်တော့ အားလုံးပါ၀င်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတွေကို ဒီအမျိုးသားရေးအတွင်း ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု လုပ်ရ မယ်။အဲဒီကထွက်လာတဲ့ အများသဘောတူညီချက်အပေါ်မှာအခြေပြုပြီးတော့ရွေးကောက်ပွဲကို နောက် မှ လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆတာပါ။”

ယင်းကဲ့သို့ ပြင်ဆင်လုပ်ဆောင်မှု မရှိပဲ ရွေးကောက်ပွဲကို လုပ်မည်ဆိုပါက အများမြင်နေသည့် မှန်ကန်သည့် နိုင်ငံရေးထွက်ပေါက်တခု မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီး လပိုင်းအကြာတွင် ပြန် လည် တောခိုကာ စစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် အဖွဲ့ ဖြစ်သည်။

Most read this week