ရေလုပ်သားအဖြစ် ရောင်းစားခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်

ရေလုပ်သားအဖြစ် ရောင်းစားခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်
by -
နွယ်လေး
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့တွင် ငါးဖမ်းရေလုပ် သားအဖြစ် အရောင်း စားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များနှင့် ပင်လယ်ပျော်များ ...

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့တွင် ငါးဖမ်းရေလုပ် သားအဖြစ် အရောင်း စားခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့များနှင့် ပင်လယ်ပျော်များသမဂ္ဂ တို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်တင်လိုက်သည်။

ရောင်းစားခံရသူများ၏ သတင်းပေးပို့ချက်ဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပင်လယ်ပျော်များသမဂ္ဂမှ ကို အောင်သူရက ယခုလိုပြောသည်။

“ရေလုပ်သားကိုသွားတွေ့ရင်းနဲ့ သူတို့လည်း ရောင်းစားခံရပါတယ်ဆိုပြီး ခုလိုအရေအတွက် ၁၈ဦး ဖြစ် သွားတာ။ အကုန်လုံးက ပြန်ချင်ကြတယ် ဒီကနေ လွတ်ချင်ကြတယ်။ အသက် အကြီးဆုံးတယောက်ပါ တယ်။ ၅၁ နှစ်လောက်ရှိတယ်။ သူက မြန်မာပြည်မှာ အင်ဂျင်နီယာဘွဲ့နဲ့ အစိုးရအမှုထမ်းလုပ်ခဲ့ဖူးတယ် ။ အသက် အငယ်ဆုံးက ၁၅နှစ်  ၁၆နှစ်ကောင်လေး နှစ်ယောက်ပါတယ်။”

လူကုန်ကူးသည့် ထိုင်းနိုင်ငံသား နှစ်ယောက်နှင့် မြန်မာအမျိုးသမီးတယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ကိုအောင်သူရက ပြောသည်။

“လှေထွက်တဲ့နေရာမှာ ရောင်းစားခံရဆုံးနေရာပေါ့နော်။ တကယ့် နာမည်ကြီးတဲဲ့နေရာပေါ့။ အဲလို ဖမ်း လိုက်တဲ့ထဲမှာ သူတို့ကို တကယ်ရောင်းစားတဲ့ ကိုယ့်မြန်မာပြည်သား ပွဲစားလည်း ဖမ်းမိလိုက်တယ်။ သူတို့ကို ချုပ်ထားတဲ့ ပွဲစားပေါ့နော်။ ဒီအမျိုးသမီးက။ ဒီအမျိုးသမီးက တကယ့်ကို အဲဒေသမှာ နည်း နည်းပေါက်ရောက်တယ်ပေါ့နော်။ အင်မတန်မှ ဆိုးသွမ်းတယ်လို့ သူတို့လှေသား အားလုံးက ခံယူထား တာပေါ့။ သူကပဲ အုပ်စိုးထားတဲ့ဟာ။ ကျနော်တို့ လူမျိုးပါပဲ။”

မြန်မာ အလုပ်သမား ၁၈ ဦးကို ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားပြီး ၎င်းတို့အား နေရပ်သို့ ပို့ဆောင်ပေး ရန် စီစဉ်ပေးနေသည်။

ရောင်းစားခံရသူများသည် ပင်လယ်ငါးဖမ်းသင်္ဘောနောက်သို့ လိုက်ရာတွင် အချို့ သူများမှာ သုံးနှစ်တကြိမ် ကမ်း သို့ ကမ်းခြေသို့ ပြန်ဝင်ကြရပြီး အချို့မှာ ဆယ့်ငါးရက် တကြိမ် ကမ်းကပ်ခွင့် ရသည်။ ကမ်းကပ်ခွင့်ရသော်လည်း ၎င်းတို့သည် ရောင်းစားခံရသည့် အတွက် ပြင်ပသို့ ထွက်လည် ခွင့်မရှိဟု ကိုအောင်သူရက ဆက်ပြောသည်။

“သူတို့လုပ်အားခကို အကြွေးပြန်ဆပ်ရတယ်။ လစာတွေလဲ မပေးဘူး။ အလုပ်ကလဲ ကြမ်းတမ်းတယ်။ အခက်အခဲတွေ အများကြီး။ အနေထိုင်ဆင်းရဲတယ်။ ကျွန်သဘောမျိုး လုပ်ရတယ်။”

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဘူရီခရိုင် ဆတ်ထဟစ်ပ် ပင်လယ်ကမ်းခြေမြို့သည် မြန်မာပြည် သားများ ရောင်းစား ခံရသည့် နေရာတွင် အဆိုးရွားဆုံး နေရာဖြစ်ပြီး လွန်ခဲ့သည့်လ အနည်း ငယ်တွင်လည်း ရေလုပ်သား ၄ ယောက် ကို ယင်းနေရာမှာပင် ကယ်ထုတ် ပေးနိုင်ခဲ့သည်ဟု ပင်လယ်ပျော်များသမဂ္ဂက ပြောသည်။

ပြီးခဲ့သည် ၂၀၀၅ ခုနှစ်တွင်် ထိုင်းလှေပေါ်ရှိ ရေလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များ အကူအ ညီနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အမျိုးသမီးနှင့် ကလေးငယ်အပြင် ငါးဖမ်းလှေလုပ်သားအတွက် အမျိုး သားများရောင်းစားခံနေရခြင်းများကိုပါ ကူညီိနိုင်ခဲ့သည်။

Most read this week