အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ခမရ) နယ်မြေအတွင်း စစ်ဆေးပြင်ဆင်သည့်အနေဖြင့် တပ်မ နှစ်ခု တပ်အရံ အင်အားဖြည့်ရန် ပြင်ဆင်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သူက ပြော ...

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ခမရ) နယ်မြေအတွင်း စစ်ဆေးပြင်ဆင်သည့်အနေဖြင့် တပ်မ နှစ်ခု တပ်အရံ အင်အားဖြည့်ရန် ပြင်ဆင်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သူက ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)နယ်မြေအတွင်း တပ်မ(၇၇)နှင့်(၈၈)ကို တပ်အရံ အင်အားအဖြစ်  မကြာမီကာလအတွင်း ဖြည့်တင်းရန် ပြင်ဆင်နေပြီး လောက်ကိုင်ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်(ဒကစ)ရှိရာ ကိုးကန့် နယ်မြေအတွင်း တပ်များလည်း ဆုတ်ခွာခြင်း မရှိသည့်အပြင် ရိက္ခာဖြည့််တင်းမှုများ ဆက်လက်လုပ်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ရမခ လက်အောက်ခံတပ်ရင်း(၉)ရင်းကို တန့်ယန်းဗျူဟာသို့ ပြီးခဲ့သည့် လလယ်ပိုင်း ကတည်းက ပို့ဆောင်ထားသလို ကွမ်းလုံဗျူဟာသို့လည်း ပို့ဆောင်ထားရ၍ တိုင်းအရံအင်အား အဖြစ် ယခုလို တပ်မနှစ်ခု ထပ်ပြီး ထုတ်သုံးလာရခြင်းဖြစ်သည်ဟု စစ်ဘက်သတင်းရပ်ကွက် က ပြောသည်။

ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင် ဒကစ ဌာနချုပ်တွင် ၎င်းလက်အောက်ခံတပ်ရင်းများ အပါအဝင် ကိုးကန့် အရေးအခင်းကာအတွင်းက ဝင်ရောက်ခဲ့သည့် သိန္နီအခြေစိုက် အမှတ်(၁၆)စစ်ဆင်ရေးကွပ်ကဲမူစစ်ဌာနချုပ် (စကခ) လက်အောက်ခံတပ်များပါ ဆုတ်ခွာခြင်း မရှိသေးဘဲ ရိက္ခာဖြည့်တင်းမှုများ ဆက်လက် လုပ်နေသည်ဟု ရမခ ဌာနချုပ်နှင့် နီးစပ်သူက ပြောသည်။

ဟိုပန်မြို့နယ်အတွင်းရှိ တပ်မ(၉၉)မှာလည်း ဆုတ်ခွာခြင်းမရှိသေးဘဲ ဆက်လက်ရှိနေသဖြင့် အရှေ့မြောက် ဒေသအတွင်းရှိ အပစ်ခတ်ရပ်အဖွဲ့တခုခုအား ဖိအားပေး၊ တိုက်ခိုက်မည့် အလားအလာများ ရှိနိုင်သည်ဟု နယ်စပ်ရှိ စစ်ရေး အကဲခတ်များက ဝေဖန်နေကြသည်။

ကိုးကန့်အရေးအခင်းနောက်ပိုင်း ရားထူမှ ဖြုတ်ချခံလိုက်ရသည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်နေရာတွင် ပြောင်းရွေ့ဝင်ရောက်သွားသည့် ယခင် ရမခဒုတိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့် နေရာအား ဗိုလ်မှူးချုပ် အောင်ထွန်းဖြင့် အစားထိုးထားပြီး  ရမခနယ်မြေ အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များကို အင်အားတိုးချဲ့ခြင်း၊ မွန်းမံပြင်ဆင်ဖွဲ့စည်းခြင်းများကို ရမခဌာနချုပ်က  ဆောင်ရွက်နေသည်ဟု စစ်ဘက်သတင်များအရ သိရသည်။

Most read this week