ပလက်ဝမြို့နယ်တွင် ယာခင်းများကို ကြွက်များ ဆက်လက်ဖျက်ဆီး

ပလက်ဝမြို့နယ်တွင် ယာခင်းများကို ကြွက်များ ဆက်လက်ဖျက်ဆီး
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယာခင်းများကို ကြွက်များအုပ်စုလိုက် ဝင်ရောက်ပြီး ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ ညနေက ပလက်ဝမြို့နယ် ကုန်းဘောင်း ကျေးရွာသားများ ..

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယာခင်းများကို ကြွက်များအုပ်စုလိုက် ဝင်ရောက်ပြီး ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေက ပလက်ဝမြို့နယ် ကုန်းဘောင်းကျေးရွာသားများ စိုက်ပျိုးထားသော ယာခင်း (၈)ဧကခန့်ကို ကြွက်များက ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။

နယ်စပ်မှ ကျေးရွာသားတဦး ပေးပို့သောသတင်းတွင် ကြွက်များမှာ အုပ်စုလိုက်ဝင်ရောက်ပြီး မြန်မာ-ဘင်္ဂလာနယ်စပ် တလျှောက်တွင် စိုက်ပျိုးထားသော ယာခင်းများကို အုပ်စုလိုက် ဝင်ရောက်ပြီး ဖျက်ဆီးနေသည်ဟု ပြောသည်။

လွန်ခဲ့သော တပတ်ကလည်း ပလက်ဝမြို့နယ် ပြိုင်စော်ကျေးရွာအုပ်စုမှ ယာခင်း (၄)ဧက ခန့်ကို ကြွက်များက ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ကြွက်အုပ်စုတအုပ်စုတွင် ကြွက်ကောင်ရေ ထောင်ဂဏန်း အထက်ပါဝင်ပြီး ညဉ့်အချိန်တွင် ဝင်ရောက်ပြီး ယာခင်းများကို ဖျက်ဆီးကြခြင်းဖြစ်သည်။

ကြွက်များမှာ အစာရေစာ ရှာပါးမှုကြောင့် ယာခင်းများအတွင်းသို့ ဝင်ရောက်ပြီး ရှာဖွေ စားသောက်ရာမှ ယာခင်းများ ပျက်စီးခြင်းဖြစ်သည်ဟု သိရသည်။

ယခုအခါ ပလက်ဝမြို့နယ်တွင် ယာခင်းများ အများအပြား ဖျက်ဆီးခံထားရပြီး နောက်ထပ် ယာခင်းများ ဖျက်ဆီးခံရမည်ကို ရွာသားများက အထူးစိုးရိမ်နေကြကြောင်း အဆိုပါရွာသားက ပြောသည်။

Most read this week