ရခိုင်တေးသံရှင် တူတူချေ ပြန်လည် လွှတ်မြှောက်လာ

ရခိုင်တေးသံရှင် တူတူချေ ပြန်လည် လွှတ်မြှောက်လာ
စက်တင်္ဘာလ လဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသော ရခိုင် အဆိုတော် တူတူချေမှာ ဖမ်းဆီး ခံထားရရာမှ ပြန်လည် လွှတ်မြှောက်လာသည်ဟု သိရသည်။ “သူ့ကို လွန်ခဲ့တဲ့ တရက်နှစ်ရက်က ပြန်လွှတ် ပေးလိုက်တယ် ...

စက်တင်္ဘာလ လဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသော ရခိုင် အဆိုတော် တူတူချေမှာ ဖမ်းဆီးခံထားရရာမှ ပြန်လည်လွှတ်မြှောက်လာသည်ဟု သိရသည်။

“ သူ့ကို လွန်ခဲ့တဲ့ တရက်နှစ်ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ လွှတ်ပေးလိုက်တယ် ဆိုတာတော့ မသိရပါဘူး” သူ့မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

တူတူချေကို သြဂတ်စ်လ ၁၃ ရက်နေ့က တခြား လူငယ် (၃) ဦးနှင့် အတူ စစ်တွေရဲက ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်မူရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ပြင်းပြင်းထန်ထန် ရိုက်ပုတ် စစ်ဆေးမူများ ရှိခဲ့သည်ဟု သိရသည်။

“ တခြားဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ လွတ်လာတာက သူတဦးဘဲ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

တူတူချေ၏ ဖခင်မှာ စစ်တွေတွင် မြို့မျက်နာဖုံး ဖြစ်ပြီး စီးပွားရေး သမား တဦးလည်း ဖြစ်သည်ဟု သိရသည်။

တူတူချေအား လွှတ်ပေးလိုက်သော်လည်း တခြား ရခိုင်လူငယ် ၂၀ နီးပါးမှာ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးနှင့် ဆက်စပ်မူ ရှိသည်ဟု စွပ်စွဲခံနေရပြီး ယခုအချိန်ထိ သူတို့ကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။

Most read this week