နတ်မြစ်တွင် လှေနစ်၍ လူ ၁၁ ဦး သေဆုံး

နတ်မြစ်တွင် လှေနစ်၍ လူ ၁၁ ဦး သေဆုံး
မောင်တောမြို့နယ် မောင်နီကျေးရွာမှ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလာဒေချ့်သို့ ခိုးကူးစဉ် လှေနစ်သွားသဖြင့် လှေပေါ်တွင် ပါလာသူ ၁၁ ဦး ရေနစ်သေဆုံးသွားသည်ဟု သတင်းရရှိ ...

မောင်တောမြို့နယ် မောင်နီကျေးရွာမှ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလာဒေချ့်သို့ ခိုးကူးစဉ် လှေနစ်သွားသဖြင့် လှေပေါ်တွင် ပါလာသူ ၁၁ ဦး ရေနစ်သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူများအထဲတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ တို့ဖြစ်ပြီး သူတို့မှာ မောင်တောမြို့နယ်တွင် နေထိုင်သော မူဆလင်များ ဖြစ်ကြသည်။

အမျိုးသမီးထဲမှ ၂ ဦး အလောင်းကို ဘင်္ဂလာရဲအဖွဲ့ ယမန်နေ့က ဘင်္ဂလာဘက် နတ်မြစ်ကမ်းခြေမှ ဆယ်ယူရရှိခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ဖေါ်ပြေကြားးသည်။

ဆယ်ယူ ရရှိသော အမျိုးသမီးနှစ်ဦးတွင် တဦးမှာ မောင်တောမြို့နယ် ဖွိင်ဇီပါရာမှ ချာဟီဒူလာ (ကွယ်လွန်)၏ ဇနီး ရာဟီမာခါတွန် (၆၀ နှစ်) ဖြစ်ပြီး နောက်အမျိုးသမီးကိုမူ မသိရှိကြောင်း ဘင်္ဂလာရဲက ထုတ်ဖေါ်ပြောဆိုသည်။

ယခုအခါ အဆိုပါ အမျိုးသမီးနှစ်ဦးအလောင်းကို ကော့ဘဇားမြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမူသေခင်းအရ အမူဖွင့်ထားကြောင်း ဘင်္ဂလာရဲ တာဝန်ရှိသူ တဦးက ပြောသည်။

ဒေသအတွင်းက ပေးပို့သော သတင်းအရ ယမန်နေ့က အမျိုးသား ၅ ဦး၏ အလောင်းကို ငခူရနယ်မြေ စံပယ်ပင်ရင်း နစက စခန်းအနီး နတ်မြစ်တွင်းမှ ဆယ်ယူရရှိခဲ့ပြီး နစက တာဝန်ရှိသူများမှ ကျေးရွာသားများ အကူအညီကို ယူပြီး မြေမြုပ် သဂြိုင်္လိုက်သည်ဟု သိရသည်။

သို့သော်လည်း ဆယ်ယူရရှိသော အလောင်းများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို သိရှိခဲ့ခြင်း မရှိပါကြောင်း အဆိုပါ ဒေသမှ အရပ်သား တဦးက ပြောသည်။

တက်ကနက်မှ ရရှိသော သတင်းအရ အဆိုပါ ရေနစ်သွားသူများမှာ ဘင်္ဂလာဒေချ့် နိုင်ငံသို့ ညဉ့်အချိန် လှေဖြင့် ခိုးကူးရာမှ လေပြင်းမိသဖြင့် လှေနစ်သွားရာမှ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week