ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ စစ်တပ် အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းများကို ရှာဖွေ စစ်ဆေးမူများ ပြုလုပ်

ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ စစ်တပ် အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းများကို ရှာဖွေ စစ်ဆေးမူများ ပြုလုပ်
နအဖ စစ်အာဏာပိုင်များသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ စစ်တပ် အသုံးပြုခဲ့သော ရခိုင်ပြည်နယ်အတွင်းမှ လေယာဉ်ကွင်းဟောင်းများကို ရှာဖွေပြီး စစ်ဆေးမူများ ပြုလုပ် နေသည်ဟု သိရ ...

နအဖ စစ်အာဏာပိုင်များသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ စစ်တပ် အသုံးပြုခဲ့သော ရခိုင်ပြည်နယ်အတွင်းမှ လေယာဉ်ကွင်းဟောင်းများကို ရှာဖွေပြီး စစ်ဆေးမူများ ပြုလုပ် နေသည်ဟု သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ယခင် အချိန်က Northern Arakan Hill Tract အမည်ဖြင့် ရခိုင်နယ်မြေထဲတွင် ပါ၀င်ခဲ့ပြီး ဦးနု အစိုးရ လက်ထက်တွင် ချင်းပြည်နယ်ထဲ ဖဲ့ထုတ် ထည့်သွင်းခြင်းခံရသော ပလက်ဝမြို့နယ် စိမ့်စမ်းဝရွာဟောင်းတွင် တည်ရှိသော ဗြိတိသျှစစ်တပ် အသုံးပြုခဲ့သော လေယာဉ်ကွင်းလည်း ပါ၀င်သည်။

အဆိုပါ လေယာဉ်ကွင်းဟောင်းမှာ ၄ ဖါလုံ ၉ ပေရှိပြီး ဗြိတိ်သျှတို့ စစ်လေယာဉ်ကွင်း အဖြစ်အသုံးပြုခဲ့သည်။

အမည်မဖေါ်လိုသူ ဒေသခံများ အပြောအရ အဆိုပါ လေယာဉ်ကွင်းဟောင်းကို ပလက်ဝ အခြေစိုက် ခမရ ၂၈၉ မှ စစ်သားများ လာရောက်ပြီး များမကြာမှီက တိုင်းတာ စစ်ဆေးမူများ ပြုလုပ် သွားခဲ့သည်ဟု သိရသည်။

စိမ့်စမ်းဝရွာမှာ ယခင်က လူနေအိမ်ခြေများ ရှိခဲ့သော်လည်း ယခုအခါ လူနေအိမ်ခြေများ မရှိတော့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာသည် ပလက်ဝက်မြို့မှ အထက်ပိုင်း မနီးမဝေးတွင် တည်ရှိသည်။

ယခုအခါ အဆိုပါ လေယာဉ်ကွင်းဟောင်းနေရာမှာ ခြံုနွယ်များဖြင့် ပိတ်ဆို့နေကြောင်းနှင့် ခုတ်ထွင်း ရှင်းလင်းမူများကို များမကြာခင် စစ်တပ်မှ ပြုလုပ်မည် ဖြစ်သည်ဟု ဒေသခံ တဦးက ပြောသည်။

အလားတူ နအဖ စစ်အရာရှိများသည် ဗြိတိသျှတို့ အသုံးပြုခဲ့သော ဘူးသီးတောင်မြို့နယ်ရှိ စစ်လေယာဉ်ကွင်း တခုနှင့် မောင်တောမြို့နယ် အလယ်သံကျော်ရှိ စစ်လေယာဉ်ကွင်းများကို လည်း စစ်ဆေး တိုင်းတာမူများ ပြုလုပ်နေသည်ဟု သိရသည်။

ရခိုင်ဒေသသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကို ဗြိတိသျှ မဟာမိတ် တပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် စစ်ဦး စစ်ဖျား ဒေသ တခုဖြစ်ခဲ့ပြီး ဗြိတိသျှ စစ်တပ် လေယာဉ်များ အရေးပေါ် ဆင်းသက်ရန် စစ်လေယာဉ်ကွင်း အများအပြားကို သူတို့ အဓိက ခြေကုပ်ယူရာ ဘင်္ဂလာ-ရခိုင်နယ်စပ် တလျောက်တွင် တည်ဆောက်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ဗြိတိသျှတို့ အသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းများကို ရှာဖွေ စစ်ဆေး နေခြင်းမှာ နအဖ စစ်အစိုးရ၏ မြန်မာပြည် အနောက်ဘက်ခြမ်းတွင် စစ်ရေး တိုးမြှင့် တည်ဆောက်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week