မဲဆောက်တွင် မြန်မာသံဃာများ ဦးဆောင်၍ ဘာသာပေါင်းစုံ လမ်းလျှောက် ဆုတောင်းပွဲ ကျင်းပ

မဲဆောက်တွင် မြန်မာသံဃာများ ဦးဆောင်၍ ဘာသာပေါင်းစုံ လမ်းလျှောက် ဆုတောင်းပွဲ ကျင်းပ
by -
နွယ်လေး
မြန်မာပြည်ငြိမ်းချမ်းစေရန်အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် သံဃာတော်များ၊ ဘာသာပေါင်းစုံမှ မြန် မာနိုင်ငံသားများနှင့်် နိုင်ငံခြားသားများပူးပေါင်းကာ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ...

မြန်မာပြည်ငြိမ်းချမ်းစေရန်အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် သံဃာတော်များ၊ ဘာသာပေါင်းစုံမှ မြန် မာနိုင်ငံသားများနှင့်် နိုင်ငံခြားသားများပူးပေါင်းကာ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင် လမ်းလျှောက် ဆုတောင်းပွဲ ကျင်းပခဲ့သည်။

လမ်းလျှောက်ဆုတောင်းပွဲတွင် ပါ၀င်ချီတက်သည့် ဦးှဣဿရိယက “မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး မရသေး ဘူး၊ ငြိမ်းချမ်းရေး အတွက် အသက်ပေးနေရတယ်။ သံဃာတော်တွေ ငြိမ်းချမ်းရေးလမ်း လျှောက်မိ တာနဲ့ နအဖစစ်အစိုးရက ဖျက်ဆီးခဲ့လို့ အသက်ပေးခဲ့ရတယ်။ ထောင်ထဲမှာနေကြရတယ်။” ဟု မိန့်ကြား သည်။

ဖမ်းဆီးခံထားရသည့် သံဃာတော် အပါအဝင် သာသနာ့ အာဇာနည် ကျောင်းသားများ အားလုံး ထောင်တွင်းမှ လွတ်ကင်းပြီး မြန်မာပြည်သူများအားလုံး စစ်ဘေးဒဏ်မှ လွတ်ကင်း ငြိမ်းချမ်းကြပါစေ၊ လူအချင်းချင်း နှိပ်စက် ခြင်းကင်းဝေးကြပါစေ စသဖြင့် ဆုတောင်းသည်ဟု ဆက်မိန့်ကြားသည်။

မြန်မာပြည်သူလူထုသည် သံဃာတော်များနှင့်အတူမြန်မာပြည် ငြိမ်းချမ်းသည့်အထိ တက်ညီ လက်ညီ အသက် ပေးပူးပေါင်း ပါ၀င်ဆောင်ရွက်ကြရန် မိမိတို့နိုင်ငံငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ရန် နိုင်ငံတကာမှလည်း သံဃာ တော်များ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို် ကူညီ အားပေးစေရန် လမ်းလျှောက်ဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်သည် ဟု ဦးဣဿရိယက ဆက်မိန့်ကြားသည်။

“၀မ်းနည်းစရာကောင်းတာက မိမိနိုင်ငံမှာ ဒီလိုငြိမ်းချမ်းစွာ လမ်းလျှောက်ခွင့် မပြုတာ ကိုယ့်အမိမြေ မှာ ခြေချခွင့်မရတာ ၀မ်းနည်းပါတယ်။ ဘာသာပေါင်းစုံနဲ့ ခုလိုငြိမ်းငြိမ်းချမ်း လျှောက်ခွင့် မရတဲ့ ကိုယ့် နိုင်ငံတွက် အင်မတန်ဝမ်းနည်းပါတယ်။”

လမ်းလျှောက်ဆုတောင်းပွဲတွင် သံဃာတော်များ မြန်မာ့အရေး လှုပ်ရှားတက်ကြွသည့် အဖွဲ့အစည်းအချို့၊ မဲ ဆောက်ရှိ မြန်မာအလုပ်သမားအဖွဲ့အစည်းများ၊ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်၊ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ်များနှင့် အတူ ထိုင်းနှင့် နိုင်ငံခြားသား များ မဲဆောက် အာဇာနည်ဗိမာန်တွင် ယနေ့ နံနက် (၉)နာရီတွင် ဆုတောင်းပြီး ပန်းခြံသို့ ဆက်လက် ချီတက်ခဲ့သည်ဟု လမ်းလျှောက်ဆုတောင်းပွဲတွင် ပါ၀င်သူ လိုင်းသစ်ကျောင်း တာဝန်ခံ ကိုရန်မျိုးအောင်က ယခုလိုပြောသည်။

“ငြိမ်းချမ်းရေး မပြောနဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တောင် ထိ်န်းချုပ်ခံနေရတယ်။ ကမ္ဘာ ငြိမ်းချမ်း သွားတဲ့တိုင် ဘာသာတရားကို စော်ကားထားတဲ့ ကျနော်တို့ မြန်မာပြည်က ငြိမ်းချမ်းပါ့မလား ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့မှာ မြန်မာပြည်လဲငြိမ်းချမ်းစေချင်တယ်။”

မြန်မာပြည် အရေးတွင် မြန်မာပြည်သားနှင့် အတူ ထိုင်းအပြင် အခြားနိုင်ငံခြားသားများက တက်ကြွစွာ ပါ၀င်ချီ တက်လှုပ်ရှားခြင်းအတွက် ၀မ်းသာဝမ်းနည်း ခံစားမိသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာပြည်ငြိမ်းချမ်းပါစေ စသည့်ပိုစတာစာတမ်းများကိုင်ဆောင်ပြီး လမ်းလျှောက်ဆုတောင်းပွဲတွင် ခြောက် ယောက်တစ်တွဲ တန်းစီ၍ ရာနှင့်ချီသည့် လှမ်းလျှောက်သူများကို သံဃာတော်များက ရှေ့မှဦးဆောင်ချီတက် မေ တ္တာသုတ်ရွတ်ဆိုကာ မဲဆောက်ပန်းခြံမှ မွန်းလွှဲပိုင်းတွင် စတင်ချီတက်ပြီး မဲဆောက်ငြိမ်းချမ်းရေး တံတားထိပ် တွင် ယနေ့ညနေ (၄ ) နာရီခန့် ထပ်မံပြီးဆုတောင်းခြင်းကို ပြုလုပ်ကြမည်ဟု ကိုရန်မျိုးအောင်က ဆက်ပြော သည်။
------------------------------
ဂျပန် စက္ကူခေါက် လေယာဉ်ပြိုင်ပွဲ ထိုင်းနိုင်ငံကိုယ်စား မောင်ထောင်းဒီ တတိယဆု ဆွတ်ခူး
NMG
နွယ်လေး။
စက်တင်ဘာလ ၂၁ ရက်၊၂၀၀၉ ခုနှစ်။

ဂျပန် နိုင်ငံတွင် ကျင်းပသည့် အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သော လေယာဉ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မိဘက မွေး ဖွားသည့် အသက် ၁၂ နှစ်အရွယ် မောင်ထောင်းဒီ က ထိုင်းနိုင်ငံ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရာ တတိယ ဆု ရရှိခဲ့သည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည့် ပြိုင်ပွဲတွင် မောင်ထောင်းဒီ၏ စက္ကူခေါက် လေယာဉ်သည် လေထဲတွင်် ၁၀.၅၃ စက္ကန့်ကြာ ပျံဝဲနိုင်ပြီး ဆုရခဲ့ခြင်းဖြစ်သည်။

မောင်ထောင်းဒီသည် တဦးချင်းယှဉ်ပြိုင်ရာတွင် တတိယဆု ရရှိခဲ့သော်လည်း တဖွဲ့သုံးဦး အသင်းလိုက် ယှဉ်ပြိုင် ရာတွင် ပထမဆု ရရှိခဲ့သည်။

မောင်ထောင်းဒီ ၏ ဆရာမ ၀ီရတ် ချနီး က သူမ၏ တပည့်ဖြစ်သူ ယခုလိုအောင်မြင်မှု ရရှိခြင်းအတွက် ၀မ်းသာမိ ကြောင်း ယခုလို ပြောသည်။

“၀မ်းသာတယ်။ ပီတိဖြစ်မိတာပေါ့။ ကိုယ့်တပည့်လေးက ထိုင်းနိုင်ငံကိုယ်စား နာမည်ရအောင် ခုလို လုပ်နိုင်ခဲ့တဲ့အတွက်။ ထိုင်းနိုင်ငံတွက် လူငယ်ကောင်း တစ်ယောက်ဖြစ်သွားစေချင်တယ်။”

သုဝဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ကြိုဆိုသည့် မောင်ထောင်းဒီ ၏ ဖခင် စိုင်းညွန့်က “တကယ်အရမ်းပဲ ပီတိ ဖြစ်မိတယ်။ ထိုင်းဘုရင်မ ကိုယ်တိုင်လဲလာကြိုပြီး တာဝန်ရှိတွေ ကလည်း တလျှောက်လုံး ကူညီစောင့် ရှောက်ပေးတယ်။” ဟုပြောသည်။

သုဝဏ္ဏ ဘူမိလေဆိပ်သို့ ယနေ့ ၃ နာရီတွင် ပြန်လည် ရောက်ရှိလာသည့် မောင်ထောင်းဒီ က “ထိုင်းနိုင်ငံ ကိုယ်စား အကောင်းဆုံးကို ကျနော် လုပ်နိုင်ခဲ့ပြီ။ ကျနော့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ အခုကျနော့် အတွေ့အကြံုဟာ စံပြအဖြစ် မောင်ညီမငယ်တွေ အတွက် နမူနာပြနိုင်ပြီပေါ့။” ဟု ထိုင်းသ တင်းတွင် ပြောဆိုသွားသည်။

မောင်ထောင်းဒီသည် ပြီးခဲ့သည့် သြဂုတ်လ ဘန်ကောက်တွင် ကျင်းပသည့် စက္ကူခေါက် လေယာဉ်ပြိုင်ပွဲ၌ သူ၏ စက္ကူခေါက်လေယာဉ်သည် လေထဲတွင်် ၁၂.၅၀ စက္ကန့်ကြာ ပျံဝဲနိုင် သဖြင့် ပထမဆု ရရှိပြီး ဂျပန်နိုင်ငံသို့ သွား ရောက် ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်းခံခဲ့ ရသည့် ချင်းမိုင်မြို့ရှိ ဟွေ့ဆိုင်းကျောင်းတွင် စတုတ္တတန်း ပညာသင်ကြား နေသူ တစ်ဦးဖြစ် သည်။

မောင်ထောင်းဒီသည် ထိုင်းနိုင်ငံသား မဟုတ်သည့်အတွက် ထိုင်းပြည်ထဲ ရေးဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ကိုယ်တိုင် ကြားဝင်ညှိနှိုင်း ပေးမှုဖြင့် စက်တင်ဘာ(၃)ရက်နေ့တွင် ထိုင်းနိုင်ငံကိုယ်စား သွားရောက် ယှဉ်ပြိုင် ခွင့်ပြုလိုက်သဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန် နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သည့် လေယာဉ်ပြိုင်ပွဲကို ဒုတိယ အကြိမ်ကျင်းပခြင်းဖြစ်ပြီး တတိယဆုကို ထိုင်းနိုင်ငံကရရှိပြီး ဒုတိယဆုနှင့် တတိယဆုကို ဂျပန် နိုင်ငံမှ ဆွတ်ခူး ရရှိသည်။

Most read this week