ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာတဖက်ကမ်းသို့ တရုတ်အာဏာပိုင်များ အဝင်အထွက်လုပ်နေ

ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာတဖက်ကမ်းသို့ တရုတ်အာဏာပိုင်များ အဝင်အထွက်လုပ်နေ
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ တဖက်ကမ်းရှိ တရုတ်ပြည်၊ လိုင်ဇာမြို့သို့ တရုတ်အဆင်မြင့် အာဏာပိုင်များ ရောက်ရှိနေပြီး နယ်စပ်အခြေအနေ လာရောက် ကြည့်ရှုမှုများ လုပ်နေ ...

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ တဖက်ကမ်းရှိ တရုတ်ပြည်၊ လိုင်ဇာမြို့သို့ တရုတ်အဆင်မြင့် အာဏာပိုင်များ ရောက်ရှိနေပြီး နယ်စပ်အခြေအနေ လာရောက် ကြည့်ရှုမှုများ လုပ်နေသည်။

အခုလ(၁၅)ရက်နှင့်(၁၆)ရက်တို့တွင် အထူးယာဉ်တန်းများဖြင့် တရုတ်အဆင့်မြင့် အာဏာပိုင် များ လိုင်ဇာသို့ ရောက်ရှိလာခဲ့ပြီး ကေအိုင်အိုထိန်းချုပ်ရာ မြန်မာပြည်ဘက်ခြမ်း လိုင်ဇာသို့ ဝင်ရောက်လာခြင်း ရှိ၊ မရှိ မသိရကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

“တရုတ်ဘက်က အာဏာပိုင်တွေ ဟိုဘက်ကမ်းကို နှစ်ရက်ဆက်တိုက်လာတာပေါ့။ ဒီဘက်ကို လာပြီး ကေအိုင်အိုနဲ့ တွေ့မတွေ့ဆိုတာတော့ သိပ်မသေချာဘူး။ ဟိုဘက်ကမ်းမှာ  ကား ရှစ်စီးနဲ့ ရောက်လာတာကို တွေ့ခဲ့ရတယ်။” ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

အခုလ(၂၇)ရက်နေ့တွင် လိုင်ဇာမြို့ရှိ လိုင်ဇာဟိုတယ်တွင် မပခမှ စစ်ဘက်အရာရှိများနှင့် တရုတ် အာဏာပိုင်များ နှစ်နိုင်ငံ နယ်စပ်အစည်းဝေးအတွက် တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု အဆိုပါ ဒေသခံပြောသည်။

ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် တရုတ်နိုင်ငံနယ်နိမိတ်အတွင်းရှိ လိုင်ဇာတို့မှာ နယ် နိမိတ်အဖြစ် ချောင်းငယ်တခုသာ ခြားပြီး နှစ်ဘက်စလုံးကို လိုင်ဇာမြို့ဟု ခေါ်ဝေါ်နေကြသည်။

ယခုလအစောပိုင်းမှစ၍ ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာဘက်မှ ဒေသခံများသည် ၎င်းတို့၏ ပစ္စည်းများကို ချောင်းတဖက်ကမ်းရှိ တရုတ်ပိုင် လိုင်ဇာထဲသို့ ရွေ့ပြောင်းမှုများ လုပ်နေခဲ့သလို ကေအိုင်အို တပ်ဖွဲ့ဝင် မိသားစုများလည်း တရုတ်ပြည်ဘက် ရွေ့ပြောင်းမှုများ ပြုလုပ်နေချိန် တွင် ယခုလို တရုတ်အဆင့်မြင့်အာဏာပိုင်များ လိုင်ဇာမြို့သို့ လာရောက်နေခြင်းဖြစ်သည်။

Most read this week