ဘင်္ဂလာ-မြန်မာ နယ်စပ် တလျောက် မြန်မာဘက်က စစ်ရေးလှုပ်ရှားမူ တိုးမြှင့်

ဘင်္ဂလာ-မြန်မာ နယ်စပ် တလျောက် မြန်မာဘက်က စစ်ရေးလှုပ်ရှားမူ တိုးမြှင့်
ဘင်္ဂလာဒေချ့် -မြန်မာ နယ်စပ်တလျောက်တွင် မြန်မာဘက်က စစ်ရေးလှုပ်ရှားမူကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု သတင်းရရှိသည်။ ဒေသ သတင်းများအရ ယခုအချိန်တွင် ဘင်္ဂလာ-မြန်မာ နယ်စပ်တကြောတွင် မြန်မာဘက်မှ ...

ဘင်္ဂလာဒေချ့် -မြန်မာ နယ်စပ်တလျောက်တွင် မြန်မာဘက်က စစ်ရေးလှုပ်ရှားမူကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု သတင်းရရှိသည်။

ဒေသ သတင်းများအရ ယခုအချိန်တွင် ဘင်္ဂလာ-မြန်မာ နယ်စပ်တကြောတွင် မြန်မာဘက်မှ စစ်တပ် တပ်ရင်း (၅) ရင်းရှိနေပြီး စစ်ရေးလှုပ်ရှားမူကို နယ်စပ်တကြောတွင် အင်အားဖြည့်တင်းပြီး လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ရေးအခြေအနေများကို လေ့လာအကဲခတ်နေသူ ဦးအောင်ကျော်လှက “မြန်မာဘက်က ခုလှုပ်ရှားမူကို နည်းဗျူဟာမြောက် လှုပ်ရှားမူဆိုပြီး အမည်ပေးထားပါတယ်။ စုပေါင်း အင်အားက ၃၀၀ အကြားနဲ့ ၄၀၀ အကြားမှာ ရှိပါတယ်။ အဓိကထားပြီး လှုပ်ရှားနေတဲ့ နေရာကတော့ မိုင်တိုင် ၁၆ ကနေ ၅၅ အထိ ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်နဲ့ ဆက်စပ်တဲ့ ဒေသတွေ ဖြစ်ပါတယ် ” ဟု ပြောသည်။

ယခု နယ်စပ် တလျောက် မနားမနေ စစ်ရေး လှုပ်ရှားမူ ပြုလုပ်နေသော တပ်ရင်းများမှာ ခမရ ၂၃၄၊ ၂၆၃၊ ၃၄၄၊ ၂၈၉ နှင့် ခလရ ၅၅ တို့ ဖြစ်ကြသည်။

အဆိုပါ တပ်ရင်းများထဲမှ သံတွဲ အခြေစိုက် ခမရ ၅၅ မှာ စက်တင်္ဘာလ ၈ ရက်နေ့က မောင်တောမြို့နယ်သို့ ရောက်ရှိလာပြီး အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင် မြောက်ပိုင်း နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

“ ခလရ ၅၅ ရဲ့လှုပ်ရှားမူကိုတော့ သူတို့ သိပ်ထင်ထင်ရှားရှား မပြဘူး။ အဓိကတော့ လူထုတွေနဲ့ ရောပြွမ်းနေတဲ့ ဒေသ ဖြစ်တဲ့အတွက်ကြောင့် ထင်ပါတယ်။ ဟို ပလက်ဝဘက်က တပ်တွေကရော နေ့ရော ညပါ အတက်အဆင်း လုပ်နေတာတွေကို တွေ့နေရပါတယ် ” ဟု ပြောသည်။

မည်သည့် အတွက်ကြောင့် နယ်စပ် တလျောက်တွင် စစ်ရေး လှုပ်ရှားမူ အရှိန်ကို မြှင့်တင်နေရခြင်းကို မသိရသော်လည်း မြန်မာဘက်က ရခိုင် အနောက်ဘက် နယ်စပ်တွင် စစ်ရေးပြင်ဆင်မူရှိနေသည်ကို လေ့လာသူ အများစုက လက်ခံထားကြသည်။

၎င်းပြင် မြန်မာဘက်က ရေတပ် သင်္ဘောများသွားလာမူမှာလည်း ရခိုင်ပင်လယ်ပြင်တွင် ယခင်ကထက် ပိုများလာပြီး အကွက် ပိုစိတ်လာသည်ဟု သိရသည်။

Most read this week