တပ်ကြပ်ကြီး တဦးကို သတ်မူဖြင့် တပ်သား ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

တပ်ကြပ်ကြီး တဦးကို သတ်မူဖြင့် တပ်သား ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
by -
မင်းအောင်
တပ်ကြပ်ကြီး တဦးကို အသေသတ်မူကြောင့် စစ်သား ၃ ဦးကို စစ်ခုံရုံး တခုက အလုပ်ကြမ်းနှင့် ထောင် (၅) နှစ် ချမှတ်လိုက်သည်။ အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ စစ်သား ၃ ဦးမှာ ရခိုင်ပြည်နယ်် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို ...

(နိရဥ္စရာ) တပ်ကြပ်ကြီး တဦးကို အသေသတ်မူကြောင့် စစ်သား ၃ ဦးကို စစ်ခုံရုံး တခုက အလုပ်ကြမ်းနှင့် ထောင် (၅) နှစ်ချမှတ်လိုက်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ စစ်သား ၃ ဦးမှာ ရခိုင်ပြည်နယ်် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို လေ့ကျင့်ရေးကျောင်း အမှတ်(၉) မှ ဖြစ်သည်။

အသတ်ခံရသူ တပ်ကြပ်ကြီးမှာ ထွန်းဦး ဖြစ်ပြီး သူ့အား သတ်ဖြတ်သူ တပ်သားသုံးဦးမှာ စိုးစိုး၊ မောင်ယဉ်ချေနှင့် အောင်ကျော်တို့ ဖြစ်သည်။

တပ်ကြပ်ထွန်းဦးအား အဆိုပါ စစ်သား ၃ ဦးမှ တိုင်းဗဟို (၉) ကျောင်းအနီးတွင် တည်ရှိသော ချဲရွာတွင် အရက်သောက်နေစဉ် အတွင်း သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ သတ်ဖြတ်ပြီးနောက် ထွန်းဦး အလောင်းအား ချဲရွာ မူလတန်းကျောင်းအတွင်း ပစ်ထားခဲ့ပြီး စစ်သား ၃ ဦးမှာ ထွက်ပြေးသွားခဲ့သည်။

သူတို့သုံးဦးအား မြောက်ဦးမြို့တွင်း တနေရာတွင် ပုန်အောင်းနေစဉ် ဇူလိုင်လ ၂၅ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီးနောက် သူတို့အား စစ်ဆေးရန် စစ်ခုံရုံးဖွဲ့စည်းခဲ့ပြီး တိုင်းဗဟို အမှတ် (၉) သင်တန်းကျောင်းအုပ် ဗိုလ်မှူးကြီး စောထွေးမှ ခေါင်းဆောင် အဖြစ် တာဝန်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။

သူတို့ ၃ ဦးမှ အရက်သောက်နေစဉ် အတွင်း ခိုက်ရန် ဖြစ်ပွားသဖြင့် တယောက်နှင့်တယောက် ထိုးကြိတ်ရာမှ တပ်ကြပ်ကြီး ထွန်းဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းတွင် အဆိုပါ စစ်သား ၃ ဦးအား စစ်ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင် ၅ နှစ်ချမှတ်လိုက်သည်။ သူတို့ ၃ ဦးအား စစ်ဘက်ဆိုင်ရာ ထောင်တခုသို့ များမကြာမှီက ပို့ဆောင်လိုက်သည်ဟု သတင်းတရပ်က ဖေါ်ပြသည်။

Most read this week