ဆရာတော်ဦးဥတ္တမ နှစ် (၇၀)ပြည့် အခမ်းအနား ကျင်းပ

ဆရာတော်ဦးဥတ္တမ နှစ် (၇၀)ပြည့် အခမ်းအနား ကျင်းပ
လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ် (၇၀) ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့သည်။ ဆရာတော်၏ လုပ်ဆောင်ခဲ့သော နိုင်ငံရေး၊ အမျိုးသားရေးနှင့် ဘာသာသနာ ...

လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ် (၇၀) ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့သည်။

ဆရာတော်၏ လုပ်ဆောင်ခဲ့သော နိုင်ငံရေး၊ အမျိုးသားရေးနှင့် ဘာသာသနာကို နောက်လာ နောက်သားများ သိ ရှိနိုင်ရန် အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်ဟု အခမ်းအနားဖြစ်မြောက် ရေးကော်မီ ကျော်စိုးခိုင်က ပြောသည်။

“မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်၏ ဂုဏ်ပုဒ်၊ နောက်တခုက မြန်မာနိုင်ငံပြည်သူ ပြည်သား တွေ အနေနဲ့ ဆရာတော်ကို အသိအမှတ်ပြုဖို့ ရည်ရွယ်ချက်၊ နောက်တခုက ဆရာတော်ကြီး လုပ်ရှားခဲ့တဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ပြည်သူအပေါ်မှာ ထားတဲ့ စေတနာတရားကို ကျနော်တို့ကပြန်ပြီး ကိုးကွယ်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်။”

ဦးဥတ္တမနေ့ အခမ်းအနားကို မဲဆောက်ရောက် ရခိုင်အလုပ်သမားနှင့် ရခိုင်အဖွဲ့အစည်းများ က ဦးဆောင်ကျင်းပ ကြသည်။

အခမ်းအနားတွင် သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များက ဦးဥတ္တမ အတ္ထုပတ္တိနှင့် မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပုံ ကို ရှင်းပြပြီး၊ ဆရာတော်အား ဂုဏ်ပြု စကားများ ပြောကြားပြီး၊ အဖွဲ့အစည်း အသီးသီးက သဝဏ်လွှာများပေးပို့ကြသည်။

အခမ်းအနားတက်ရောက်သူ ၁၀၀ ကျော်ကို ရခိုင်ရိုးရာယဉ်ကျေးမှု အကနှင့် ဖျော်ဖြေကပြပြီး ရခိုင်ရိုးရာ အစား အစာများဖြင့် တည်ခင်းဧည့်ခံကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် ရခိုင်တိုင်းရင်းသားဖြစ်ပြီး ၁၉၁၇-၁၉၃၇ အထိ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး လှုပ်ရှားမှုများကို ကြိုးပမ်းလုပ် ဆောင်ခဲ့ပြီး အာရှနေဝန်းနီ ဆရာတော်ဟု မော်ကွန်းထိုးခံထားရ သည်။

ဆရာတော်၏ ကိုလိုနီ နယ်ချဲ့ ဘုရာခံဆာရယ်ဂျီနယ်ကရက်ဒေါက် ထံ ပေးပို့သည့်စာထဲတွင် “ကရက်ဒေါက် မင်းမြန်မာပြည်ထဲက ထွက်သွားပြီး အိမ်ပြန်လိုက်ပါ ”ဟု ရဲရဲဝံ့ဝံ့ပြောဆိုခဲ့သည်။

ဦးဥတ္တမသည် နိုင်ငံရေးအမှုဖြင့် ပထမဦးဆုံး ထောင်ကျခံခဲ့ရသည့် ဆရာတော်တပါးဖြစ်သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆီးချိုရောဂါဖြင့် သက်တော် ၆၀ တွင် ပျံလွန် တော်မူခဲ့သည်။

ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့တွင် ဦးဥတ္တမပန်းခြံပြုလုပ်ပြီး ဆရာတော် ရုပ်ထု ထား ရှိသည်။

သို့သော် စစ်တွေမြို့တွင် ဦးဥတ္တမနေ့ အခမ်းအနားကို တရားဝင်ကျင်းပခွင့် မရသည့်အပြင် ဦးဥတ္တမပန်းခြံထဲသို့ ၀င်ပြီး ရုပ်ထုတော်ကိုလည်း ဂါရဝပြုခွင့် မရရှိပေ။

Most read this week