နအဖ စစ်တပ်မှ ခရီးရှည်် ချီတက်မူ ပြုလုပ်၍ လူထုကို အင်အားပြ

နအဖ စစ်တပ်မှ ခရီးရှည်် ချီတက်မူ ပြုလုပ်၍ လူထုကို အင်အားပြ
အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများ အနေဖြင့် ခရီးရှည် ချီတက်မူများ ပြုလုပ်ကာ ရခိုင် လူထုကို ဆန္ဒပြပွဲများတွင် မပါ၀င်ရန် ခြိမ်းခြောက် အင်အားပြမူများ ပြုလုပ်ခဲ့သည်ဟု သိရ ...

အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများ အနေဖြင့် ခရီးရှည် ချီတက်မူများ ပြုလုပ်ကာ ရခိုင် လူထုကို ဆန္ဒပြပွဲများတွင် မပါ၀င်ရန် ခြိမ်းခြောက် အင်အားပြမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင် မြို့ခံ တဦးက “အင်အား ၂၀၀ ခန့်ပါတဲ့ စစ်သားတွေကို ဗျူဟာမှူး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီး ဘူးသီးတောင်ကနေ မောင်တောမြို့နယ် အစပ်ထိ စက်တင်္ဘာလ ၅ ရက် ရွှေဝါရောင် တော်လှန်ရေး စတင်တဲ့ နေ့မှာ လမ်းလျှောက်ချီတက် ခိုင်းခဲ့ပါတယ်” ဟု ပြောသည်။

အလားတူ မင်းပြားမြို့ တိုင်းဗဟို လေ့ကျင့်ရေး ကျောင်းမှ စစ်သား ၁၀၀ ကျော်ခန့် သည်လည်း စက်တင်္ဘာလ ၅ ရက်နေ့က ရန်ကုန် စစ်တွေ ကားလမ်းတွင် မိုင် ၃၀ အကွာအဝေးထိ လမ်းလျှောက်ချီတက်ကာ အင်အားပြခဲ့ကြသည်။

ထိုကဲ့သို့ ချီတက် အင်အားပြမူအား စစ်တွေ အခြေစိုက် ခလရ ၂၀၊ ခမရ ၂၃၂၊ ရသေ့တောင် အခြေစိုက် ၅၃၈၊ ပလက်ဝ အခြေစိုက် ၂၈၉၊ ပုဏ္ဍားကျွန်း အခြေစိုက် ၅၅၀နှင့် သံတွဲ အခြေစိုက် ၅၅ တို့က ပြုလုပ်ခဲ့ကြသည်။

“သူတို့က ရွှေဝါရောင်တော်လှန်ရေး စတင်တဲ့နေ့ကိုမှ ရွှေးချယ်ပြီး လက်နက် အပြည့် အစုံ၊ ယူနီဖေါင်း အပြည့်အစုံနဲ့ လမ်းလျှောက် ပြတယ်ဆိုကတည်းက ဒါဟာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လူတွေက ရွှေဝါရောင်တော်လှန်ရေးနေ့ စတင်တဲ့ နေ့မှာ တခုခု ဖြစ်မလားဆိုပြီး စောင့်ဆိုင်း ကြည့်ရှု့နေကြတဲ့ အချိန်မှာ ခုလို လမ်းလျှောက်အင်အားပြတာ ဖြစ်တဲ့အတွက် ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်နေပါတယ်” ဟုသူက ပြောသည်။

စစ်တပ်နှင့် နီးစပ်သူများ အပြောအရ စက်တင်္ဘာလ တရက်နေ့မှ စပြီး လကုန်အထိ ကာလကို အရေးကြီးသော အချိန် အဖြစ် အနောက်ပိုင်းတိုင်းက သတ်မှတ်ထားပြီး စစ်တပ် တပ်ရင်းများသို့ လုံခြံုရေး ဆိုင်ရာ ညွန်ကြားချက် အများအပြားကို ထုတ်ထားသည်ဟု သိရသည်။

Most read this week