KIO ဌာနချုပ်ရှိ ဒေသခံများတရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်ကလက်မခံ

KIO ဌာနချုပ်ရှိ ဒေသခံများတရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်ကလက်မခံ
by -
ဇော်ကြီး
တရုတ်မြန်မာနယ်စပ်ရှိ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့ရှိ ဒေသခံများမှ တ ရုတ်ပြည်ဖက်သို့ ပစ္စည်းများပြောင်းရွှေ့နေမှုကို တရုတ် အာဏာပိုင်များက လက်မခံဟု ဒေသခံများကပြော ...

တရုတ်မြန်မာနယ်စပ်ရှိ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့ရှိ ဒေသခံများမှ တ ရုတ်ပြည်ဖက်သို့ ပစ္စည်းများပြောင်းရွှေ့နေမှုကို တရုတ် အာဏာပိုင်များက လက်မခံဟု ဒေသခံများကပြောသည်။

ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့နှင့်အနီးတဝိုက်တွင် စစ်အစိုးရတပ်အင်အားများ ပိုမိုဖြည့်တင်းလာမှုကြောင့် တိုက် ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ယနေ့နံနက်က တရုတ်ပြည်ဖက်သို့ ပစ္စည်းသယ်ပို့သည့် ဒေသခံများအား တ ရုတ်အာဏာပိုင်များက လက်မခံဘဲ မောင်းထုတ် နေသည်ဟု လိုင်ဇာမြို့ခံတဦးကပြောသည်။

တရုတ်ပြည်ဖက်ခြမ်းမှ လာရောက်စီးပွားရှာနေကြသည့် တရုတ်လူမျိုးများကိုသာ ပစ္စည်းသယ် ယူခွင့်ပေးပြီး မြန် မာနိုင်ငံသားများအား ပြန်မောင်းထုတ်နေသည်ဟု ၎င်းကယခုလိုပြောသည်။

“သူတို့နိုင်ငံကလူတွေသယ်တာတော့ ခွင့်ပြုတယ်။ ဒီဖက်ကမ်းကလူတွေဆိုရင်တော့ ပြန်မောင်း ထုတ်ခဲ့ တာ။ အခု ဂိတ်တဲ့တဲ့ကဆိုင်ထဲကနေ မြင်နေရတယ်။”

ဒေသခံလူထုများသည် ယခင်နေ့့များကတည်းက ပြောင်းရွှေ့နေကြသော်လည်း ယနေ့နံနက်မှ တရုတ်အာဏာပိုင် များက ပိတ်ပင်ခြင်းဖြစ်သည်။

ယခုလိုဒေသခံများ တရုတ်ဖက်ခြမ်းသို့ရွှေ့ပြောင်းနေမှုအား ကေအိုင်အိုမှ တရားဝင်ပြောင်းရွှေ့ ခိုင်းခြင်းမဟုတ် သ လို ပိတ်ပင်တားဆီးမှုလည်းမရှိဟု ၎င်းကဆက်ပြောသည်။

“လူထုတွေ ပြောင်းတာရွှေ့တာကိုတော့ ဘာမှမပြောဘူး။ ပြောင်းပါလို့လည်းမညွှန်ကြားထားဘူး။ စိတ် မချဘူးဆိုလည်း သွားနေကြပေ့ါ။ ဘာမှမဖြစ်ဖူးလို့ပဲပြောတယ်။”

ကေအိုင်အို ဌာနချုပ်အနီး လဂျားယန်ရွာသို့ သြဂုတ်လကုန်ပိုင်းက ရောက်ရှိလာသည့် စစ်အစိုးရတပ်များ ပြန် လည်ရုပ်သိမ်းခြင်း မရှိသည့်အပြင် ထပ်မံတိုးလာခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ညက လက်နက် ခဲယမ်းများ တင်ဆောင်ထားသည့် ကားသုံးစီး လဂျားယန်ရွာသို့  ထပ်မံ ရောက်ရှိလာပြီး စစ်အစိုးရတပ်အင်အားများပိုတိုးလာသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“လဂျားယန်နဲ့ မန်ဆန်ယန်ကြားပေ့ါ။ နောက်ဒီ မြစ်ကြီးနားကားလမ်းတလျှောက်မှာ နေရာတကာ တွေ့ နေရတယ်လို့ပြောတယ်။ ကားစီးခဲ့တဲ့ ခရီးသည်တွေပြောတာကတော့ တလမ်းလုံးသူတို့ချည်းပဲ စိမ်းနေ တာပဲတဲ့။”

ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း ယခုရက်ပိုင်းအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စုဆောင်း နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

လွန်ခဲ့သည့် သြဂုတ်လက ကိုးကန့်တပ်ဖွဲ့များအား စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ KIAလှုပ်ရှားနယ် မြေအတွင်း စစ်အစိုးရတပ်များ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့များကို စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့် အပေါ်အခြေခံ၍ KIO အ ပေါ် စစ်ရေးအရ ဖိအားပေးလာပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

Most read this week