အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ

အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ဌာနချုပ်ရှိရာ မိုင်းလားမြို့နှင့် အ နီးဝန်းကျင်ကျေးရွာ ဒေသခံလူထုတို့သည် တိုက်ပွဲများ ဖြစ်ပွားမည့် အရိပ်အယောင် ရှိသဖြင့် စိုးရိမ်မှုများ တိုးပွား နေ ...

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ဌာနချုပ်ရှိရာ မိုင်းလားမြို့နှင့် အ နီးဝန်းကျင်ကျေးရွာ ဒေသခံလူထုတို့သည် တိုက်ပွဲများ ဖြစ်ပွားမည့် အရိပ်အယောင် ရှိသဖြင့် စိုးရိမ်မှုများ တိုးပွား နေသည်။

ပြီးခဲ့သည့် အပတ်အတွင်း မိုင်းလားမြို့တွင် ရောက်ရှိနေသည့် ဗမာလူမျိုးများကို နယ်မြေ ထောက်လှမ်းရန် ဝင် ရောက်လာသည့် စစ်ထောက်လှမ်းရေးများဟု သံသယရှိသဖြင့် မိုင်းလား တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး  ကျိုင်းတုံ မြို့သို့ ကားဖြင့်တင်ပြီး ပြန်လွှတ်လိုက်သည်ဟု မိုင်းလား ဒေသခံ စျေးသည်တဦးက ယခုလို ပြောသည်။

“သူတို့ ထင်လည်း ထင်ချင်စရာဘဲ၊ အလုပ်အကိုင်က မယ်မယ်ရရ မရှိဘူး။ ညတွေဆိုရင် အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေမှာဘဲ နေနေကြတာ။ ပြီးခဲ့တဲ့့ သောကြာနေ့ ညမှာ လိုက်ဖမ်းလိုက်တာ။ အဲဒီ အ နှိပ်ခန်း တွေဆီမှာ ဖမ်းမိတာ။ အရေအတွက် အတိအကျတော့ မသိဘူး၊ များတယ်။ တစ်ရာကျော် ရှိမယ်၊ ကားသုံးစီးနဲ့ ပို့လိုက်ရတာ။ ဒီမှာ ကျပန်းလုပ်နေတဲ့ ဗမာတွေကောပါ ပို့လိုက်တာ။ ”

တရုတ်-မြန်မာနယ်စပ် မိုင်းလားမြို့နှင့် ကျိုင်းတုံမြို့ မော်တော်ကားလမ်းပေါ်ရှိ နှစ်ဘက် နယ်နိမိတ်ဖြစ်သည့် စစ် အစိုးရတပ်ပိုင် တာပင်း စစ်ဆေးရေးဂိတ်နှင့် အနီးဝန်းကျင်တွင် မကြာသေခင်က စစ်အစိုးရ စစ်ကြောင်းတခု လာ ရောက် အင်အားဖြည့် တပ်စွဲထားသည်။

ကျိုင်းတုံမြို့အဝင်တွင်လည်း ဘန်ကာ၊ ကတုတ်များကို ပြီးခဲ့သည့်လ အစောပိုင်း ကတည်းက စတင်တည် ဆောက်ထားသောကြောင့် ဒေသခံလူထုများအနေဖြင့် စစ်ဖြစ်မည့်အပေါ် ကြောက် လန့်နေကြသည်ဟု မိုင်းလား ဒေသခံတဦးက ပြောသည်။

“ပစ္စည်းတွေ တရုတ်ဘက်ကို ကြိုပြီး ပြောင်းတာ ရွေ့တာတော့ မကြားသေးပါဘူး။ ဒီမှာတော့ အထုပ် တွေ၊ အိတ်တွေ ပြင်ပြီး ဘယ်နေ့သေနတ်ပေါက်မလဲဘဲ စောင့်နေရတာ။ ဖြစ်ရင်တော့ ဟိုဘက် တရုတ် ပြည်ထဲ ပြေးရုံ ရှိတာဘဲ။ ”

(ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့အပါအဝင် (ဝ)ဒေသအတွင်း စီးပွားရေးလုပ် ကိုင်နေကြသည့် တရုတ်နိုင်ငံသားများလည်း ယခုအခါ တရုတ်နိုင်ငံ ဘက် ပြန်နေကြသည်ဟု ပန်ဆန်းဒေသခံက ပြောသည်။

မိတ္တီလာအခြေစိုက် တပ်မ(၉၉)သည် ကိုးကန့်နယ်မြေအတွင်း စစ်အစိုးရတပ်နှင့် ကိုးကန့် တပ်ဖွဲ့ အကြား တိုက် ပွဲများ ဖြစ်နေချိန်တွင် ရောက်ရှိလာခဲ့ပြီး၊ ယခု (ဝ)ဒေသမြောက်ပိုင်းရှိ ဟိုပန်၊ ပန်လုံ မြို့များနှင့် အနီးရှိ ကျေး ရွာများအတွင်း ဝင်ရောက်တပ်စွဲနေသဖြင့် ဒေသခံလူထု များက ကြောက်လန့်ပြီး ထွက်ပြေးနေကြသည်ဟု (ဝ)တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့နှင့် ဗန်းမော်ခရိုင် အတွင်းရှိ ကေအိုင်အို တပ်မဟာ(၃)၊ မိုင်ဂျာယန်ကျေးရွာရှိ လူထုများမှာလည်း စိုးရိမ်ထိန်လန့်ပြီး မကြာသေးမီ ရက်ပိုင်း ကစ၍ ပစ္စည်းများကို တဖက် တရုတ်ပြည်ထဲကို ရွေ့ပြောင်းနေကြသည်။

Most read this week