ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ ကုန်သွယ်မှု အာဏာပိုင် ပိတ် ကုန်သည်နှင့်ကားသမား အခက်တွေ့

ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ ကုန်သွယ်မှု အာဏာပိုင် ပိတ် ကုန်သည်နှင့်ကားသမား အခက်တွေ့
ကချင်ပြည်နယ်ရှိ ဗန်းမော်-လွယ်ဂျယ် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်သွယ်မှုအား ယ နေ့တွင် ဒေသခံအာဏာပိုင်များက ရုတ်တရက် ပိတ်လိုက်သဖြင့် ကားသမားနှင့် ကုန်သည်များ အခက်တွေ့နေ ...

ကချင်ပြည်နယ်ရှိ ဗန်းမော်-လွယ်ဂျယ် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ကုန်သွယ်မှုအား ယ နေ့တွင် ဒေသခံအာဏာပိုင်များက ရုတ်တရက် ပိတ်လိုက်သဖြင့် ကားသမားနှင့် ကုန်သည်များ အခက်တွေ့နေ သည်။

ဒေသထွက်ပစ္စည်းများတင်ပို့ခြင်းနှင့် တရုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်း တပိုင်တနိုင် ဆောင်ရွက်ခွင့် ရနေ သည့်  ဗန်းမော်မြို့နှင့် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်အကြား ကုန်သွယ်မှုအား ယနေ့ပိတ်လိုက်သဖြင့် ကား များသွားလာမှု ရပ်ဆိုင်းပြီး ကုန်သည်များလည်း ပစ္စည်းများနှင့်အတူ ဒုက္ခဖြစ်နေသည်ဟု လွယ်ဂျယ်မြို့တဖက် ကမ်း၊ လားရင်းကျေးရွာတွင် ရောက်ရှိနေသည့် ကားသမားတဦးက ပြောသည်။

“ကုန်တွေကို ခွင့်မပြုတော့ဘူး။ ဒီနေ့ဘဲပိတ်လိုက်တယ်။အရင်ရက်ပိုင်းလောက်ကပြန်လုပ်နေတာ။ နား လည်မှုနဲ့ ပြန်လုပ်လို့ရတယ်။ အဲဒါကို  ပိတ်လိုက်ပြန်တာ။ လူကြီးလာမှာ မို့လို့တော့ ပြောနေတယ် ။”

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းလောက်မှစ၍ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းတွင် တပိုင်တနိုင် ကုန်သွယ်မှုအား ဒေသခံအာဏာပိုင်များက တားမြစ်ပိတ်ပင်ထားခဲ့ရာမှ ပြီးခဲ့သည့် အပတ်မှ စတင်၍ ပြန်လည်ဖွင့်ပေးခဲ့သည်။

အခြားကားသမား တဦးက “ပြန်ဖွင့်ပေးတယ်ဆိုတာက နားလည်မှုအရ လမ်းကဂိတ်တွေကို ပေးကမ်းပြီး သယ်နေကြတာ၊ ဗန်းမော်တနယ်လုံးလောက်က တရုတ်နယ်စပ်ပေါ်မှာ မှီခိုနေရတာ။ တရုတ်ပစ္စည်း တွေကို ဗန်းမော်မှာ ရောင်းကြ၊ ဝယ်ကြနဲ့ လုပ်နေကြတာ။ အဲလိုပိတ်လိုက် တဲ့ခါကျတော့ ကားသမား တွေလည်း ကုန်မရတော့ဘူး။ ကုန်သည်တွေလည်း ကုန်တွေဝယ် ထားပြီး သယ်မရ ဖြစ်နေကြတယ်။” ဟုပြောသည်။

ယနေ့တွင် ဗန်းမော်ဘက်မှ ကားများတက်လာခြင်းမရှိသလို လွယ်ဂျယ်နှင့် တရုတ်ဘက်ကမ်း ရောက်နေသည့် မြန်မာကားများလည်း အခြေအနေစောင့်ကြည့်နေကြသည်ဟု အဆိုပါ ကားသမားက ပြောသည်။

Most read this week