ငွေအကြွေ အဟောင်းများကို ရခိုင်တွင် လှဲလှယ်ပေးခြင်း မရှိသေး

ငွေအကြွေ အဟောင်းများကို ရခိုင်တွင် လှဲလှယ်ပေးခြင်း မရှိသေး
နအဖ စစ်အစိုးရမှ ရန်ကုန်မြို့ အပါအဝင် နေပြည်တော်တွင် ငွေအကြွေ စက္ကူသစ်များအား လှဲလှယ်ပေးနေသော်လည်း ရခိုင်ပြည်နယ်တွင် လှဲလှယ်ပေးခြင်း မရှိသေးသဖြင့် ရခိုင် လူထု အနေဖြင့် ငွေစက္ကူ အဟောင်း အစုတ်များ ...

နအဖ စစ်အစိုးရမှ ရန်ကုန်မြို့ အပါအဝင် နေပြည်တော်တွင် ငွေအကြွေ စက္ကူသစ်များအား လှဲလှယ်ပေးနေသော်လည်း ရခိုင်ပြည်နယ်တွင် လှဲလှယ်ပေးခြင်း မရှိသေးသဖြင့် ရခိုင် လူထု အနေဖြင့် ငွေစက္ကူ အဟောင်း အစုတ်များကို ဆက်လက် အသုံးပြုနေရဆဲ ဖြစ်သည်။

စစ်တွေမှ အရောင်းဆိုင်ရှင် တဦးက “အခုအချိန်ထိ စစ်တွေမှာ ငွေကြေး အသစ်တွေကို အစိုးရ ဘဏ်တွေဆီက လှဲလှယ်လို့မရသေးဘူး။ ဒါကြောင့် ငွေစက္ကူ အဟောင်း အစုတ်တွေနဲ့ တိုကင်ငွေ စက္ကူတွေကိုဘဲ ဆက်လက် အသုံးပြုနေကြရပါတယ်။” ဟု ပြောသည်။

စစ်အစိုးရ အာဏာပိုင်များမှ နိုင်ငံအဝန်း တပြေးညီ ငွေစက္ကူသစ်များကို လဲလှယ်ပေးခြင်း မရှိသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ကုန်သွယ်နေရသော နယ်စပ်ဒေသများတွင် ပိုပြီး အခက်အခဲတွေ့နေရသည်ဟု မောင်တောမြို့မှ ကုန်သည် တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ မောင်တောမြို့မှာ ခုချိန်ထိ ငွေအကြွေ အသစ်တွေကို လှဲလှယ်လို့ မပေးသေးပါဘူး။ ရန်ကုန်မှာတော့ လှဲပေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ လူထုတွေကျတော့ လှဲပေးပြီး နယ်တွေမှာ ကျတော့ မလှဲပေးတာက တရားသဖြင့် မဖြစ်ဘူးလို့ မြင်ပါတယ်။ နယ်တွေမှာလည်း ငွေအကြွေ အဟောင်းတွေကို အမြန်ဆုံး လှဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ နယ်စပ်ဒေသတွေမှာ ခုလို ငွေအကြွေစုတ်တွေကို အသုံးပြုနေရတဲ့ အတွက် တိုင်းပြည် ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။”

ရခိုင်ပြည်နယ် တခုလုံးတွင် ငွေအကြွေးရှားပါးသဖြင့် စျေးဆိုင်ကြီးများမှ ငွေစက္ကူ တိုကင်များကို မြန်မာကျပ်ငွေ တန်ဖိုး အလိုက် သတ်မှတ်ပြီး ထုတ်လုပ်ကာ အသုံးပြုနေရသည်။

၎င်းတို့မှာ ၅၀၊ ၁၀၀၊ ၂၀၀ တန် တိုကင်ငွေ စက္ကူများ ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ကျေးလက်တောရွာများတွင် ငွေအကြွေရှားပါးမူကြောင့် ပစ္စည်းအချင်းချင်း ဖလှယ်အသုံးပြုနေရပြီး ကျေးလက် ပြည်သူများ အနေဖြင့် ဆန်နှင့်ကြက်၊ အရက်နှင့် စပါး စသဖြင့် ဖလှယ်ပြီး သုံးစွဲနေရသည်ဟု သိရသည်။

တချို့ကျေးရွာများတွင် ငွေအကြွေကို ပစ္စည်းဝယ်တိုင်း မလှဲပေးနိုင်သဖြင့် ခိုက်ရန် ဖြစ်ပွားမူများပါ ရှိနေသည်ဟု သိရသည်။

မြန်မာ စစ်အစိုးရသည် ငွေစက္ကူ အဟောင်းများကို ပြည်သူများ ကိုင်တွယ်သုံးစွဲနေကြရသဖြင့် ကျန်းမာရေးကို ထိခိုက်နေကြောင်း ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) ဆွေးနွေးခန်းတခုတွင် ထုတ်လွှင့်သွားပြီးနောက် ငွေစက္ကူ အဟောင်းများကို အသစ်နှင့် အစိုးရဘဏ်များတွင် လှဲလှယ်ရန် ရန်ကုန်နေ လူထုကို ခွင့်ပြုခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင်မူ ယခုအချိန်ထိ ငွေစက္ကူ အဟောင်းများကို လှဲလှယ်ပေးခြင်း မရှိသေးသဖြင့် ငွေစက္ကူ အဟောင်းများ ကိုင်တွယ် သုံးစွဲနေရသော ရခိုင်လူထု ကျန်းမာရေး ထိခိုက်မည်ကို အလေးမထားသည့် သဘောမျိုး သက်ရောက်နေသည်ဟု မောင်တောက စျေးသည်မ တဦးက မှတ်ချက်ချ ပြောကြားသည်။

Most read this week