ရွာသားများ ရွာပြင်မထွက်ရန် DKBA အမိန့်ထုတ်

ရွာသားများ ရွာပြင်မထွက်ရန် DKBA အမိန့်ထုတ်
by -
ဇော်ကြီး
မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသအတွင်းရှိ မဲကသာရွာသားများအား တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မ တော် DKBA တပ်မှူးမှ ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားသည်ဟု သတင်းရရှိ ကြောင်း KNU ကပြော ...

မွန်ပြည်နယ်၊ ဘုရားသုံးဆူဒေသအတွင်းရှိ မဲကသာရွာသားများအား တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မ တော် DKBA တပ်မှူးမှ ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားသည်ဟု သတင်းရရှိ ကြောင်း KNU ကပြောသည်။

DKBA တပ်ရင်း (၉၀၇) မှ ဗိုလ်မှူး စောနော်တယာ ဦးဆောင်သည့် အင်အား ၄၀ ခန့်သည် ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် မဲကသာရွာသို့ သြဂုတ်လ ၃၀ ရက်နေ့ညက ၀င်ရောက်လာပြီး တပ်စခန်းသုံးခု တည်ဆောက် လျှက်ရှိသည်။

၎င်းစခန်းများတည်ဆောက်နေမှုအား သတင်းပေါက်ကြားမှုမရှိစေရန် ဒေသခံရွာသားများအား ရွာပြင်ထွက်ခွင့်ကို DKBA တပ်ရင်းမှူး စောနော်တယာက ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောကြောင်း KNU တပ်မဟာ ၆ မှ ဗိုလ်ကြီးစောထွဲနေက ပြောသည်။

“သူတို့ကပြောတယ်။ သတင်းမပေါက်ကြားရေးအတွက် မဲကသာရွာထဲက ရွာသားတွေကို ဒီကေဘီအေ က အပြင်ပေးမထွက်သေးဘူးတဲ့ လောလောဆယ်။”

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက DKBA မှ မဲကသာရွာသို့ လာရောက်ရန် တောင်းဆိုခဲ့ မှုအား နှစ်ဖက်တပ်များ ညှိနှိုင်း၍ သဘောတူညီခဲ့ကြသည်ဟု ၎င်းကဆက် ပြောသည်။

“သူတို့လာမယ်ဆိုတော့ မဲကသာကိုလာရင် ထိုင်မလားလို့မေးလိုက်တယ်။ မထိုင်ဘူး ခနပဲ သွား မယ်တဲ့။ သူတို့သွားရင် ပစ်ခတ်မှုတွေရှိမလားမေးလာတယ်။ မရှိဘူးလို့ပြောလိုက်တယ်။ ဒါနဲ့ ကျနော် တို့က  အေးအဲဒီလိုမျိုးလာမယ်ဆိုရင် ကျနော်တို့တပ်တွေ ထုတ်နုတ်ပြီးတော့ ဖယ်ပေးမယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကေဘီအေလည်း ကရင်ပဲ၊ ကေအဲန်ယူလည်း ကရင်ပဲ။ အချင်းချင်း ထိပ်တိုက်ဖြစ်မှုတွေ သွေးထွက်သံယိုမှုတွေ မဖြစ်ရေးအတွက် ကျနော်တို့ နားလည်ပေးလို့ ရပါတယ်။ ဖယ်ပေးလို့ရပါတယ်။ အဲဒီလိုမျိုး အပေးအယူတွေ လုပ်ထား တာပေ့ါ။”

နှစ်ဖက်တပ်များဆွေးနွေးစဉ်က သဘောတူညီမှုအား DKBA ဖက်မှ ဖောက်ဖျက်ကာ ရွာအတွင်း တပ်စခန်းသုံးခု တည်ဆောက်နေပြီး စခန်းတည်ဆောက်ရာ၌ ရွာသားများအား လုပ်အားပေးရန် ယမန်နေ့ နေ့လည်က အစည်း အဝေးခေါ်၍ ပြောခဲ့သည်။

ယခုလို DKBA မှ မဲကသာရွာအတွင်း စခန်းတည်ဆောက်မှုနှင့်ပတ်သက်၍ KNU ဗဟိုဌာနချုပ် အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ စောမူဆေးက ၎င်း၏အမြင်အား ယခုလိုသုံးသပ် ပြောဆိုသည်။

“ရှင်းရှင်းပြောရရင်တော့ သူတို့အဲဒီနေရာကို အသေထိုင်ဖို့တော့ ကျနော်တို့ပထမတုန်းက ကြားတယ်။ နယ်မြေစိုးမိုးရေးဆိုပြီး ခေါင်းစဉ်ကတပ်ထားတယ်လေ။ လက်ရှိမှာတော့ သူတို့ အသေထိုင်မယ့် ပုံစံ မျိုးကို ကျနော်တို့မမြင်ရသေးဘူးဗျ။ ဒါပေမယ့် ပြောလို့တော့ မရသေးဘူး ပေါ့နော်။ လာမယ့်ရက် ၂၀ လောက်ဆိုရင်တော့ သူတို့ပုံစံတမျိုးတော့ ပြောင်းသွားနိုင်တယ်။”

မဲကသာ ဒေသတဝိုက်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များက KNU က အခိုင်အမာတပ်စွဲထားသည့် နေရာဖြစ်သော် လည်း ယခုနောက်ပိုင်း KNU နှင့် DKBA နှစ်ဖွဲ့လုံးက လှုပ်ရှားနေကြ သည်။

မဲကသာရွာအား အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟု နှစ်ခြမ်းသတ်မှတ်ထားပြီး အိမ်ခြေ ၁၀၀ ကျော်နှင့် ရွာသား ၅၀၀ ကျော်နေထိုင်ကြသည်။

Most read this week