ပလောင် စာပေနှင့် ယဉ်ကျေးမှုနေ့ ကျင်းပ

ပလောင် စာပေနှင့် ယဉ်ကျေးမှုနေ့ ကျင်းပ
by -
ဇာဇာမော်
ပလောင်ယဉ်ကျေးမှုကိုပပျောက်မှုမရှိအောင် နောင်အနာဂတ် မျိုးဆက်သစ်များသိရှိစေရန်အတွက် ပြည်ပရောက် တအာင်း(ခေါ်) ပလောင်အလုပ်အဖွဲ့က စာပေယဉ်ကျေးမှု အထိမ်းမှတ်ပွဲ ပြုလုပ်ခဲ့ ...

ပလောင်ယဉ်ကျေးမှုကိုပပျောက်မှုမရှိအောင် နောင်အနာဂတ် မျိုးဆက်သစ်များသိရှိစေရန်အတွက် ပြည်ပရောက် တအာင်း(ခေါ်) ပလောင်အလုပ်အဖွဲ့က စာပေယဉ်ကျေးမှု အထိမ်းမှတ်ပွဲ ပြုလုပ်ခဲ့သည်။

ယမန်နေ့တွင် ကျရောက်ခဲ့သည့် ပလောင်စာပေယဉ်ကျေးမှုနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်ပရောက် ပလောင်အဖွဲ့အစည်းများက ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပခဲ့သည်။

ပလောင်အမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး လွေးမိုးခမ်း က ပလောင် စာပေယဉ်ကျေးမှုနေ့  ပြု လုပ်ရခြင်းအကြောင်းကို ယခုလိုပြောသည်။

“မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းသားတွေက ကိုယ့်စာပေယဉ်ကျေးမှုတွေကို လွတ်လွတ်လပ်လပ် ထုတ် ဖော်ခွင့်မရှိဘူး။ သင်ကြားခွင့် မရှိဘူး။ အဲတော့ ကျမတို့ လူမျိုးတွေက မပပျောက်သွားအောင် စာပေ ယဉ်ကျေးမှုက ကျမတို့ရဲ့ အသက်သွေးကြောဖြစ်တယ်။ အဲဒါကြောင့် စာပေယဉ်ကျေးမှု ပွဲလေး လုပ် တယ်။“

၁၉၇၂ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့ကို ပလောင်စာပေယဉ်ကျေးမှုနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ပလောင်စာပေယဉ်ကျေးမှု အထိမ်းအမှတ်နေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဒေသအလိုက် ရိုးရာပွဲများပြု လုပ် ကြသည်။

ယခုလို ကျင်းပသဖြင့် ပလောင်လူမျိူးအချင်းချင်း မျိုးချစ်စိတ်ဓာတ် ပိုမိုရှင်သန်လာသည်ဟု လွေးမိုးခမ်း က ယခု လို ဆက်ပြောသည်။

“ကျမတို့မျိုးချစ်စိတ်ဓါတ်တွေ ပိုရှိလာတယ်လို့ ယုံကြည်တယ်လေနော်။ နှစ်စဉ်နှင့် အမျှ ကိုယ့်ရဲ့ စာပေ ယဉ်ကျေးမှုတွေ ဖော်ထုတ်တယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေဖော်ထုတ်တယ်။ အမြဲ တမ်းရှိနေတဲ့ မျိုးဆက်သစ်တွေကို အမြဲတမ်းပြောပြနေတော့ လူတွေက မျိုးချစ်စိတ် အမြဲတမ်း ရှိလာမယ်ပေါ့နော်။“

နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်းပေါင်းစုံမှ ပရိဿတ် နှစ်ရာခန့် တက်ရောက်ပြီး ယင်းအခမ်းအနား တက်ရောက်သူများကို ပလောင်မျိုးနွယ်ခွဲ ၁၃ စု၏ ရိုးရာဝတ်စုံဖြင့် ကပြ ဖျော်ဖြေပြီး ပလောင်ရိုးရာ အစားအစာ များဖြင့် တည်ခင်းဧည့်ခံကြသည်။

တအာင်းခေါ် ပလောင်တိုင်းရင်းသားများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများစုနေထိုင်ကြပြီး မျိုးရိုးစဉ်ဆက် အလိုက် ယနေ့အထိ လက်ဖက်စိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းရှာကြသည့် လူမျိုးဖြစ်သည်။

Most read this week