ရခိုင်မှှ သဘာဝဓာတ်ငွေ့ တရုတ်နိုင်ငံ တင်ပို့နိုင်ရေး ဒေဝူး ကန်ထရိုက်ရ

ရခိုင်မှှ သဘာဝဓာတ်ငွေ့ တရုတ်နိုင်ငံ တင်ပို့နိုင်ရေး ဒေဝူး ကန်ထရိုက်ရ
by -
သျှင်ထွီးခိုင် (အလွတ်သတင်းထောက်)
ရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ရန် တာင်ကိုးရီးယား ဒေဝူး ကုမ္ပဏီ ဦးဆောင်သော စွမ်းအင် ကော်ပိုရေးရှင်းက ကန်ထရိုက်ရရှိ သွားခဲ့သည်။ ...

ရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ရန် တာင်ကိုးရီးယား ဒေဝူး ကုမ္ပဏီ ဦးဆောင်သော စွမ်းအင် ကော်ပိုရေးရှင်းက ကန်ထရိုက်ရရှိ သွားခဲ့သည်။

ဒေါ်လာ သန်းပေါင်း ငါးထောင် ခြောက်ရာတန်ဖိုးရှိသည့် သဘာဝ ဓာတ်ငွေ့ကို ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စွမ်းအင် ကော်ပိုရေးရှင်းက တရုတ်နိုင်ငံပိုင် CNPC ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအတွက် ၂၀၁၃ ခုနှစ်မှစပြီး နှစ်ပေါင်း သုံးဆယ်အတွင်း တင်ပို့မည်ဖြစ်သည်။

အဆိုပါ စာချုပ်အရ ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း အိန္ဒိယ နိုင်ငံပိုင် ONGC ရေနံကုမ္ပဏီ က ၁၇ ရာခိုင်နှုန်းနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံကုမ္ပဏီ (Gal) နှင့် တောင်ကိုးရီးယားကုမ္ပဏီ (Co-gas) တို့မှာ ကျန်ရှယ် ယာဝေစုများကို ရရှိကြမည်ဟု ဒေဝူး အင်တာနယ်ရှင်နယ်က ပြောသည်။

ရခိုင် ကမ်းရိုးတန်းရှိ ရွှေလုပ်ကွက်နှင့် ရွှေဖြူလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ကို ပင်လယ်ရေအောက်ကြမ်းပြင်မှ ပိုက်လိုင်း သွယ်တန်းပြီး ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့မှ တဆင့် တရုတ်နို်င်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းဖေါက်လုပ်ကာ တည်ဆောက်မည် ဖြစ်သည်။

ကမ်းလွန် တွင်းတူးစင်နှင့်ပင်လယ်ရေအောက် ပိုက်သွယ်တန်းရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီအချိန်အတွင်း စတင်မည်ဟု သိရသည်။

Most read this week