ယနေ့ထိ တိုက်ပွဲများ ဆက်ဖြစ်နေ

ယနေ့ထိ တိုက်ပွဲများ ဆက်ဖြစ်နေ
အပစ်ရပ် MNDAA ခေါ် မြန်မာပြည်အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်အဖွဲ့ နှင့် မြန် မာတပ်ဖွဲ့များအကြားတွင် ယနေ့ မနက်(၃)နာရီမှစတင်၍ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ....

အပစ်ရပ် MNDAA ခေါ် မြန်မာပြည်အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်အဖွဲ့ နှင့် မြန် မာတပ်ဖွဲ့များအကြားတွင် ယနေ့ မနက်(၃)နာရီမှစတင်၍ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားသည်။

အဓိကဖြစ်သည့်နေရာမှာ ကိုးကန့်နှင့်(ဝ)ထိန်းချုပ်နယ်မြေ နယ်စပ် နန့်တင်းချောင်း ဝန်းကျင်နှင့် တောင်ကုန်းများ တွင် အပြင်းအထန် တိုက်ခိုက်နေသည်ဟု ကိုးကန့်ဘက်မှ လာသည့် သတင်းများအရ သိရသည်။

တိုက်ပွဲများမှာ နားလိုက်၊ ပြန်တိုက်လိုက်ဖြစ်နေပြီး ယနေ့ညနေ သုံးနာရီကျော်အထိ တိုက်ခိုက်နေဆဲဖြစ်သည်။

ယခုဖြစ်ပွားရာနေရာသည် ယမန်နေ့က အဓိကတိုက်ပွဲဖြစ်ခဲ့သည့် ချင်းရွှေဟော်၏ တောင်ဘက် မလှမ်းမကမ်း တွင် ဖြစ်သည်။

ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအနှံ့တွင် အနည်းဆုံး လေးနေရာထက်မနည်း ဖြစ်ခဲ့သည်။

Most read this week