တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်း တခုအား သိမ်းပိုက်

တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်း တခုအား သိမ်းပိုက်
မြန်မာပြည်ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီတပ်ဦး(MPDF)နှင့် မြန်မာစစ်အစိုးရတပ်တို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်မှစ၍ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပြီး မြန်မာစခန်းတစ်ခုအား သိမ်းပိုက်ထားပြီဟု တရုတ်မြန်မာ နယ် စပ် သတင်းရပ်ကွက်ကပြော ...

မြန်မာပြည်ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီတပ်ဦး(MPDF)နှင့် မြန်မာစစ်အစိုးရတပ်တို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်မှစ၍ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပြီး မြန်မာစခန်းတစ်ခုအား သိမ်းပိုက်ထားပြီဟု တရုတ်မြန်မာ နယ် စပ် သတင်းရပ်ကွက်ကပြောသည်။

ချင်းရွှေဟော်၊ နမ့်တင်းနှင့် ရန်လန်ကျိုင် ဒေသသုံးခုတွင် ဖြစ်ပွားနေသည်ဟုသိရပြီး တရုတ်နိုင်ငံတွင်းသို့ လက် နက်ကြီးကျည်အချို့ ကျရောက်ကာ လူအချို့သေဆုံးသည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင် ကျော်ဇောက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ လက်အောက်ခံတပ်များနှင့် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် တို့သည် ယနေ့ညနေ ၆ နာရီခန့်က စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ရ နာရီအချိန်က ကိုးကန့်ဒေသရှိ ရန်လုံကျင်းနယ်စပ်ဂိတ်အား ဖုန်ကျားရှင် ထောက်ခံသည့် အဖွဲ့များ က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ၀ပြည်သွေးစီးညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) ထို ၄ ဖွဲ့ပေါင်း၍ မြန်မာပြည်ငြိမ်းချမ်းရေး နှင့်ဒီမိုကရေစီတပ်ဦး(MPDF)အား သြဂုတ်လ (၂၁)ရက်တွင် ဖွဲ့စည်း ကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

Most read this week