ထိုင်းအာဏာပိုင်များ ဖိအားပေးမှုကြောင့် စစ်ပြေးဒုက္ခသည်များ အခက်တွေ့နေ

ထိုင်းအာဏာပိုင်များ ဖိအားပေးမှုကြောင့် စစ်ပြေးဒုက္ခသည်များ အခက်တွေ့နေ
by -
ဇာဇာမော်
ထိုင်းမြန်မာနယ်စပ်ရှိ မကြာမီက အသစ်လက်ခံထားသော နို့ဖိုးယာယီဒုက္ခသည်စခန်းတွင်နေထိုင်သော ကရင်စစ် ပြေး ဒုက္ခသည်များအား ထိုင်းအာဏာပိုင်များကလုံခြံုရေး ကောင်းစွာ မယူနိုင်သဖြင့် မယ်လဒုက္ခသည် စခန်း ...

ထိုင်းမြန်မာနယ်စပ်ရှိ မကြာမီက အသစ်လက်ခံထားသော နို့ဖိုးယာယီဒုက္ခသည်စခန်းတွင်နေထိုင်သော ကရင်စစ် ပြေး ဒုက္ခသည်များအား ထိုင်းအာဏာပိုင်များကလုံခြံုရေး ကောင်းစွာ မယူနိုင်သဖြင့် မယ်လဒုက္ခသည် စခန်းသို့ ပြောင်းရွေ့ရန် ဖိအားပေးနေသည်။

ယခုလက်ရှိယာယီစခန်းသည် နယ်စပ်နှင့်နီးသဖြင့် မယ်လစခန်းသို့ပြောင်းရွှေ့ရန် ဖိအားပေးလာခြင်းဖြစ်သည်။

ယခုလက်ရှိနေသောစခန်းမှ မယ်လဒုက္ခသည်စခန်းသို့ပြောင်းရွေ့ရန် ဖိအားပေးခံရပုံကို စခန်းထဲမှဒုက္ခသည် တစ် ဦးဖြစ်သူ ဦးဝင်းမောင်က ယခုလိုပြောသည်။

“ဦးလေးတို့ခံစားချက်က တကယ်ဆိုရင်  ဟိုဘက်ကမ်းကိုပြန်မယ်ဆိုရင်ပြန်လို့မရဲသေးဘူး လေအခု။ ဒီ မှာနေတယ်ဆိုရင်လည်း သူတို့လာခြိမ်းခြောက်တယ်၊ လာမောင်းထုတ်တယ်။ သေနတ်နဲ့ခြိမ်းခြောက် တာတွေလည်းရှိတယ်။ ဦးလေးတို့ကဟိုမှာကြောက်ရ ဒီမှာ ကြောက်ရ ဆိုတော့ ပြောင်းမယ်စိတ်ကူး ထားတယ်။”

နို့ဖိုးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်း ဥက္ကဌစောတာစူးညားက “ကျွန်တော်တို့ကတော့ ပြောင်းချင်တယ်။ သူများအိမ်ကြားမှာမနေချင်ဘူး။သီးခြားနေချင်တယ်လို့ အဲဒါကိုလည်းတင်ပြထားတယ်”။ ဟုပြောသည်။

ယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား မယ်လစခန်းသို့ပြောင်းရွှေ့နေရာချထားနိုင်ရန် ထိုင်းအာဏာပိုင်များ က သြဂုတ်လ (၁၉) ရက်နေ့ကစခန်းတာဝန်ခံများနှင့် သွားရောက် ဆွေးနွေးခဲ့သည်။

ယခင်ဇွန်လဆန်းပိုင်းတွင် နအဖနှင့်  ဒီကေဘီအေ ပူးပေါင်းတပ်တို့က  တပ်မဟာ(၇) ထိုးစစ်ဆင်မှုကြောင့် ကရင် စစ်ပြေးဒုက္ခသည်များ ၄၀၀၀ ခန့်ထွက်ပြေးလာပြီးထိုင်းမြန်မာ နယ်စပ် ယာယီ ဒုက္ခစခန်းနှစ်ခု၌ ခိုလှုံနေကြသည်။

Most read this week