ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်

ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ဌာနချုပ်ရှိရာ လောက် ကိုင်မြို့တွင် ယမန်နေ့က ဗဟိုကော်မတီ အစည်းဝေးတရပ်ခေါ်ယူခဲ့ပြီး ကိုးကန့်အဖွဲ့အား ပြန်လည်ဖွဲ့စည်းဖို့ ဆုံး ဖြတ်ခဲ့ ...

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ဌာနချုပ်ရှိရာ လောက် ကိုင်မြို့တွင် ယမန်နေ့က ဗဟိုကော်မတီ အစည်းဝေးတရပ်ခေါ်ယူခဲ့ပြီး ကိုးကန့်အဖွဲ့အား ပြန်လည်ဖွဲ့စည်းဖို့ ဆုံး ဖြတ်ခဲ့သည်။

ဥက္ကဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဒုဥက္ကဌ ဖုန်ကျားဖု နှင့် သားနှစ်ယောက်တို့အား ဝရမ်းပြေးအဖြစ် သတ်မှတ် လိုက်သည်။

ယခုလ(၂၄)ရက်နေ့က ကိုးကန့်တပ်ဖွဲ့တွင်း အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဒုစစ်ဦးချုပ် ဖြစ်သူ ပိုင်စုန်ချိန် အ ပါအဝင် နအဖက ကျောထောက်နောက်ခံပြုထားသည့် ကိုးကန့် ခေါင်းဆောင်အချို့က အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူ တရုတ်-မြန်မာ နယ်စပ်စစ်ရေးအကဲခတ် ဦးအောင်ကျော် ဇောက ပြောသည်။

“အဲဒီအစည်းဝေးကိုတော့ လောက်ကိုင် ဒကစက စီစဉ်ပေးတာ၊ ဥက္ကဌ ဖုန်းကျားရှင်တို့တော့ မတက် ဘူး။ သူက နယ်စပ်ဘက်မှာ ရောက်နေတယ်။ သူ့ကိုထောက်ခံတဲ့တပ်တွေလည်း သူတို့နဲ့အတူ ရှိတယ်။ နအဖက ကျောထောက်နောက်ခံပေးထားတဲ့ ပိုင်စုံချိန် တို့အုပ်စုကဘဲ လုပ်မယ့်သဘောဘဲ။ ရန်ကျား အုပ်စုတွေလည်း လောက်ကိုင်ရောက်နေတယ်လို့ ပြောတယ်။”

၁၉၉၂ ခုနှစ် ဝန်းကျင်ကာလများက ကိုးကန့်အဖွဲ့အတွင်း ဖုန်ကျား(ဖုန်အမျိုးအနွယ်)နှင့် ရန်ကျား (ရန်အမျိုး အနွယ်) နှစ်ဖက် တိုက်ခိုက်ကြရာ ရန်အုပ်စုတို့ ရှုံးနိမ့်ခဲ့ပြီး ကွမ်းလုံတွင် အခြေချကာ ကွမ်းလုံ အထူးတိုက်ခိုက် ရေးရဲ တပ်ဖွဲ့အဖြစ် နအဖက ဖွဲ့စည်းပေးထားသလို ရန်ကုန်တွင် ပီအမ်ဂျီကုမ္ပဏီထူထောင်ပြီး အရက်နှင့် သောက် ရေသန့် ထုတ်လုပ်နေသည်။

ယခုလ(၂၃)ရက်နေ့က ကိုးကန့်တပ်ဖွဲ့ ဥက္ကဌ ဖုန်ကျားရှင် နေအိမ်အား ဝင်ရောက်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့ရာတွင် အဆိုပါ ကွမ်းလုံမှ ကိုးကန့်အထူးရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့ပြီး ယခုနအဖက ကျောထောက်နောက်ခံပြုထား သည့် ဒုစစ်ဦးချုပ်နှင့် ဒုဥက္ကဌဖြစ်သူ ပိုင်စုံချိန်၏ နေအိမ်မှတဆင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု လောက်ကိုင်မှ လာသည့် သတင်းများအရ သိရသည်။

ယမန်နေ့တွင် လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်လက်အောက်ခံ တပ်များက လောက်ကိုင်မြို့အား ထိန်း ချုပ်လိုက်ပြီး ကိုးကန့်ဌာနချုပ်မှ ကိုးကန့်တပ်ဖွဲ့ဝင်များလည်း ဌာန ချုပ်စွန့်ခွာကာ တောတောင်များအတွင်းသို့ ဝင် ရောက်ခဲ့ပြီးနောက်ပိုင်း ယခုလို ပိုင်စုံချိန်တို့ အုပ်စုက ဦးဆောင်ပြီး ကိုးကန့်တပ်ဖွဲ့အား ပြန်လည်ဖွဲ့စည်းရန် အ စည်းဝေး ခေါ်ယူခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာစစ် အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို ငြင်းပယ်နေချိန်တွင် အခုလို အဖွဲ့အတွင်းပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Most read this week