ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် တရားဝင်နိုင်ငံကူး လက်မှတ်များ စတင်ပြုလုပ်ပေး

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် တရားဝင်နိုင်ငံကူး လက်မှတ်များ စတင်ပြုလုပ်ပေး
by -
မြတ်သဇင်
ထိုင်းမြန်မာနယ်စပ်  တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏တရားဝင် အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၅၀ အား တရားဝင် နိိုင်ငံကူးလက်မှတ်များြ ပုလုပ် ပေးနေ ...

ထိုင်းမြန်မာနယ်စပ်  တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၏တရားဝင် အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၅၀ အား တရားဝင် နိိုင်ငံကူးလက်မှတ်များြ ပုလုပ် ပေးနေသည််။

ဘန်ကောက်နှင့် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမား ၅၀ သည် ယခုလ (၁၈) ရက်နေ့က တာချီလိတ်မြို့၌ သွားရောက်ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်သွားရောက်လုပ်ကိုင်ခဲ့သူ မဟာချိုင်ဒေသမှ အလုပ်သမား တစ်ဦးက ယ ခုလိုပြောသည်။

“ကျနော်တို့သွားတာအားလုံးကအယောက် ၅၀ ရှိတယ်။ မဟာချိုင်ကချည်းပဲ မဟုတ်ပါဘူး။ ဘန်ကောက် က တွေလည်းပါတယ်။ ဘန်ကောက်ကနေတဆင့် ဦးဆုံး ၅၀ သွားတယ်။ အောင်မြင်ရင်တော့ နောက် ထပ်သွားမှာပေ့ါ။”

တာချီလိတ်တွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဘန်ကောက်မြို့တွင်ရှိသော ထိုင်း-မြန်မာ ချစ်ကြည်ရေးရုံးမှ ကား စီစဉ်ပေးပြီး ခရီးစရိတ် ထိုင်းဘတ်ငွေ ၃၁၀၀ နှင့် လက်မှတ်လုပ်ခ ဘတ် ၃၀၀၀ ကုန်ကျသည်။

တာချီလိတ်တဖက်ကမ်းရှိ မယ်ဆိုင်မြို့၌ ဦးစွာစာရင်းသွင်းရပြီး မြန်မာဖက်ခြမ်း တာချီလိတ် ရဲစခန်းသို့ သွားရောက်စစ်ဆေးခံရကာ ထောက်ခံစာယူရသည်ဟု သိရသည်။

တာချီလိတ်ရဲစခန်း ထောက်ခံစာယူရာ၌ လိုအပ်သည့်အချက်များနှင့်ပတ်သက်၍ “ကျနော်တို့ ပေးရတာက တော့ ဗမာမှတ်ပုံတင်၊ ထိုင်းအလုပ်သမားကဒ်၊ မှတ်ပုံတင်နံပါတ် မှတ်မိရင် ရဲစခန်းကထောက်ခံစာ ထုတ်ပေးတယ်၊ နောက်ပြီးသူဌေးရဲ့လက်ရှိ လုပ်နေတဲ့ အလုပ်၊ ရပ်ကွက်ပေါ့ ညီအစ်ကိုယ်မောင်နှမ ဘယ်နှစ်ယောက်ရှိတယ်၊ အဖေ၊ အမေ၊ အဘိုးအဘွား၊ ဘယ်မှာမွေးတယ်၊ ဘာတွေလုပ်ကိုင်နေတယ်၊ နေရပ်လိပ်စာ အတိအကျတော့ ပေးရတယ်၊ ဒါလောက်ပါပဲ၊အခက်အခဲမရှိပါဘူး” ဟု ၎င်းကပြောသည်။

အလားတူ ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့တွင် ယင်းလက်မှတ်အားအခက်အခဲမရှိ ပြုလုပ်ပေးနေသည်ဟု ကော့သောင်းနယ်စပ်ဒေသ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးမှ တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

“မှတ်ပုံတင်ပျောက်သွားပြီဆိုလို့ရှိရင်လည်းရတယ်၊ ရဲစခန်းထောက်ခံချက်ယူလည်းရတယ်၊ မပါဘူးဆို လို့ရှိရင် ကျနော်တို့ မေးမယ်၊ စစ်မယ်၊ ဗမာနိုင်ငံသားဆိုရင်ပေးမယ်၊ မပါလည်း ကိစ္စမရှိပါဘူး၊ ဗမာ စကားပြောတတ်ရင် ရပြီပေါ့နော်” ဟုပြောသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်ကို အခြား နယ်စပ်မြို့များတွင် ပြုလုပ်ပေးနေသော်လည်း တာချီလိတ်မြို့တွင် သြဂုတ်လ (၁၈) ရက်နေ့မှစတင်ပြုလုပ် ပေးခဲ့ ခြင်းဖြစ်သည်။

ထိုင်းမြန်မာနယ်စပ်မြို့ များဖြစ်သည့် ကော့သောင်း၊ မဲဆောက်နှင့် မြဝတီမြို့များတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ယင်းလက်မှတ်များအား ပြုလုပ်ပေးခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကုန်သည်အထိ ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်သည်။

Most read this week