ပဲခူးမြို့ အဖြူရောင်လှုပ်ရှားမှုနှင့်ဝတ်ပြုဆုတောင်းမှု ဘုရားကိုးဆူ လှည့်လည်ပြုလုပ်မည်

ပဲခူးမြို့ အဖြူရောင်လှုပ်ရှားမှုနှင့်ဝတ်ပြုဆုတောင်းမှု ဘုရားကိုးဆူ လှည့်လည်ပြုလုပ်မည်
by -
ဇော်ကြီး
နေအိမ်တွင် အကျယ်ချုပ် ချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပဲခူးမြို့မှ ဒီမိုကရေစီရေး လှုပ်ရှားသူများက တန်ခိုးကြီး ဘုရားကိုးဆူကို လှည့်လည််၍ ၀တ်ပြုဆုတောင်း ...

နေအိမ်တွင် အကျယ်ချုပ် ချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပဲခူးမြို့မှ ဒီမိုကရေစီရေး လှုပ်ရှားသူများက တန်ခိုးကြီး ဘုရားကိုးဆူကို လှည့်လည််၍ဝတ်ပြုဆုတောင်း သွားမည် ဟုသိရသည်။

ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် အမျိုးသမီးများနှင့်လူငယ်များပူးပေါင်း၍ မြို့ပေါ်ရှိ တန်ခိုးကြီးဘုရား များအား လှည့်လည်ကာပဌာန်းရွတ်ဆိုခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်းများကို  ၅ ရက်မြောက်နေ့အဖြစ် ယနေ့ဆက် လက်ပြုလုပ်လျက်ရှိသည်။

လွန်ခဲ့သည့် ၄ ရက်က ရွှေမော်ဓောဘုရား၌သာ ၀တ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် မြို့ ပေါ်ရှိတန်ခိုးကြီးဘုရားကိုးဆူသို့ လှည့်လည်ဆုတောင်း ကြမည်ဟု လှုပ်ရှားမှုတွင်ပါ၀င်သူ လူငယ်တဦးက ယခုလို ပြောသည်။

“ဒီနေ့က ကျနော်တို့ ပဲခူးမြို့မှာရှိတဲ့ ကြီးကိုးကြီးဘုရားတွေမှာ ကျနော်တို့ ဆုတောင်းပွဲတွေ လိုက်လုပ် တာပေ့ါခင်ဗျ။ အခုချိန်ထိမပြီးသေးဘူးလေ။”

တိုင်းပြည်ငြိမ်းချမ်းမှုရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်ဟု အဖွဲ့နှင့် အတူ လိုက်ပါဆုတောင်းနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်ညွှန့်မူကပြောသည်။

“ငြိမ်းချမ်းသောနည်းနဲ့ ဘုရားတွေမှာ ကျမတို့ ပရိတ်ရွတ်ဆို၊ ပဌာန်းရွတ်ဆိုပြီးတော့ ကျမတို့ ဖြစ်ချင် တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကိုရစေချင်တယ်။ ငြိမ်းချမ်းသောနည်းနဲ့ ပြေလည်စေချင်တယ်။ စစ်မှန် တဲ့တွေ့ဆုံဆွေးနွေးရေးကို ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့ကျမတို့က ငြိမ်းချမ်းသောနည်းနဲ့ ပြုလုပ် ကြတာဖြစ်ပါတယ်။”

၀တ်ပြုဆုတောင်းပွဲများပြုလုပ်နေသည့်အပေါ် အာဏာပိုင်များအနေနှင့်ပိတ်ပင်တားဆီးမှု မရှိ သော်လည်း လိုက် လံစောင့်ကြည့်နေပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ယူခြင်းများ ရှိသည်ဟု သိရသည်။

၎င်းတို့အနေနှင့် လောလောဆယ် အနှောင့်အယှက်မရှိသော်လည်း ယမန်နေ့ မိတ္ထီလာ လှုပ်ရှားမှု၌ အမည်မသိ လူတစုက လောက်လေးခွဖြင့် ပစ်ခတ်မှု ဖြစ်ပွားသည့်အပေါ် အာဏာပိုင် များ၌တာဝန်ရှိကြောင်းဒေါ်ခင်ညွှန့်မူက သူမ၏အမြင်ကိုယခုလိုပြောခဲ့သည်။

“တာဝန်ယူရမယ့်သူတွေက ဒီလိုအကြမ်းဖက်ခြင်းကိုပြုလုပ်တာဟာ အင်မတန်မှရုပ်ဆိုးတဲ့ လုပ်ရပ် တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။”

ယမန်နေ့ကလည်း အဖြူရောင်လှုပ်ရှားမှုနှင့့် ၀တ်ပြုဆုတောင်းပွဲများကို နိုင်ငံနှင့်အဝှမ်းပြုလုပ်ခဲ့သည်။

Most read this week