မလေးရှားရှိ KLIA camp ကို လုံခြံုရေး တိုးမြှင့်ချထား

မလေးရှားရှိ KLIA camp ကို လုံခြံုရေး တိုးမြှင့်ချထား
by -
ဇော်ကြီး
မလေးရှားနိုင်ငံရှိ KLIA camp ခေါ် တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှ မြန်မာ အကျဉ်းသားများ ထောင်ဖောက်ထွက််ပြေးပြီးနောက် ယင်းစခန်းလုံခြံုရေးများ တိုးမြှင့်ချထား ...

မလေးရှားနိုင်ငံရှိ KLIA camp ခေါ် တရားမဝင် နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှ မြန်မာ အကျဉ်းသားများ ထောင်ဖောက်ထွက််ပြေးပြီးနောက် ယင်းစခန်းလုံခြံုရေးများ တိုးမြှင့်ချထား လိုက်သည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအနီးရှိ KLIA camp မှ မြန်မာနိုင်ငံသား (၃၀) ခန့် ယမန်နေ့က ထောင်ဖောက်ပြေး ပြီးနောက်စခန်းအတွင်း လုံခြံုရေးများ တိုးမြှင့်ချထားသည်ဟု စခန်းအာဏာပိုင်နှင့် နီးစပ်သူ တဦးက ယခုလိုပြောသည်။

“အရင်စမုံညှင်းမှာတုန်းက ထောင်ကိုစောင့်တဲ့ ရဲလို့ပြောရမှာပေ့ါနော်။ လူကောင်ခပ်တောင့်တောင့်ကြီး တွေ အဲဒီလူတွေတော့ အရင်စမုံညှင်း Camp ကနေပြီးတော့ KLIA camp ကိုရောက်လာတာတွေ့ တယ်။ နောက်ထပ်ထပ်တိုးလာတာပေ့ါ။ ၁၅ယောက် အယောက် နှစ်ဆယ်လောက်ရှိတယ်။”

အခင်းမဖြစ်ပွားမှီ အချိန်က စခန်းတွင်း၌ မလေးရှား လဝကဝန်ထမ်းအနည်းငယ်သာ အစောင့် ထားရှိပြီး အခင်း ဖြစ်ပြီးနောက် လုံခြံုရေး တိုးမြှင့်ချထားကာ အကျဉ်းသားများအား နေရာပြောင်းရွှေ့မှုများလည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖြစ်ပြီးတဲ့အခြေအနေမှာ ကျနော်ကြားတာတော့ သူတို့ကိုအဆောင်တွေပြောင်းလိုက်တယ် လို့ကြား တယ်။ အဲဒီထွက်ပြေးတဲ့ အဆောင်တွေကလူတွေကတော့ ဟိုးအထဲကအဆောင် ပြန်ရောက်သွားတယ် ပြောတယ်။”

ယင်းစခန်းအတွင်း၌ အကျဉ်းဆောင် ၁၂ ဆောင်ရှိပြီး ထောင်ဖောက်ပြေးသူများသည်စခန်း ၀င်ပေါက်နှင့် ကပ် လျက် အဆောင်မှဖြစ်၍ ယခုအခါ အတွင်းဖက်ရှိအဆောင်များသို့ ပို့ထားသည်။

ထိုစခန်းသို့ မြန်မာသံရုံးမှ တာဝန်ရှိသူများ လာရောက််ကြည့်ရှုသော်လည်း ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူများနှင့် တရားမဝင် ၀င်ရောက်လာသူများကို အာမခံ ချက် ပေးမည်မဟုတ်ဘဲ တရားဝင်ပတ်စပို့စ် ကိုင်ဆောင်ထားသူများကိုသာ ကူညီပေးမည်ဟု သံရုံးဝန်ထမ်းများကပြော ကြောင်းသိရသည်။

ယမန်နေ့မှစ၍ ကွာလာလမ်ပူ မြို့တွင်းနှင့် နေရာအတော်များများ၌ လုံခြံုရေးများတိုးမြှင့်ချထားပြီး အစစ်အဆေး များ၍ ဖမ်းဆီးခံရသူများလည်းရှိသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဥက္ကဌ ကိုကျော်ကျော်က ယခုလိုပြောသည်။

“ကျနော်တို့ မြို့ထဲအပိုင်းမှာ ညနေ ၃ နာရီလောက်နေစပြီးဝင်လိုက်တာ ညနေ ၆နာရီ လောက်အထိ ပေ့ါနော်။ အဲမှာ လူတော်တော်များများဖမ်းမိသွားသေးတယ်။ ၅၀နဲ့ ရ၀ ကြား တော့ပါသွားလိမ့်မယ်။ မြို့ထဲတဝိုက်တင် ပေ့ါနော်။”

ယခုကဲ့သို့ ပြဿနာဖြစ်ပွားလာသည့်အတွက်ကြောင့် မလေးရှားနိုင်ငံရှိမြန်မာနိုင်ငံသားများ အခက်အခဲပို ဖြစ်လာ နိုင်သည်ဟုမြန်မာ့အရေးဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

Most read this week