စစ်တွေမှ ဘုရားကြီး၊ လောကာနန္ဒာစေတီနှင့် ဦးရဲကျော်သူ ကျောင်းများကို ဒေသခံများက အမည်သစ်ပေး

စစ်တွေမှ ဘုရားကြီး၊ လောကာနန္ဒာစေတီနှင့် ဦးရဲကျော်သူ ကျောင်းများကို ဒေသခံများက အမည်သစ်ပေး
စစ်တွေမြို့ရှိ ဘုရားကြီး၊ လောကာနန္ဒာစေတီနှင့် ဦးရဲကျော်သူ ကျောင်းများကို ဒေသခံ ပြည်သူများက အမည်သစ် ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အမည်မဖေါ်လိုသူ ကျောင်းသား တဦးက "ဘုရားကြီးကို အမှတ် (၂) ရဲစခန်း ...

စစ်တွေမြို့ရှိ ဘုရားကြီး၊ လောကာနန္ဒာစေတီနှင့် ဦးရဲကျော်သူ ကျောင်းများကို ဒေသခံ ပြည်သူများက အမည်သစ် ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကျောင်းသား တဦးက "ဘုရားကြီးကို အမှတ် (၂) ရဲစခန်း၊ လောကာနန္ဒာကို အမှတ် (၃) ရဲစခန်းနဲ့ ဦးရဲကျော်သူ ကျောင်းကို အမှတ် (၄) ရဲစခန်း ဆိုပြီး စစ်တွေမှာ နာမည် သစ်ပေးပြီး လူတွေက အဲသလိုဘဲ ခေါ်ဝေါ်နေကြပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ အမည်သစ်ပေးရခြင်းမှာ အဆိုပါ နေရာ သုံးခုတွင် ရဲသားများကို ချထားပြီး အချိန်ပြည့် လုံခြံုရေး ယူထားသောကြောင့် ဖြစ်သည်ဟု သိရသည်။

" ခုလို အမည်သစ်ပေးလိုက်ရတာကတော့ ဘုရားဖူးသူတွေ ဘုရားဖူးလို့ မရအောင် နေ့ညမပြတ် ရဲသားတွေက အချိန်ပြည့် လက်နက်တွေနဲ့ နေရာယူထားတဲ့အတွက် ဖြစ်ပါတယ်" သူက ဆက်ပြောသည်။

ယခင်က ဘုရားကြီး တခုတည်းတွင်သာ ရဲသားများနှင့် လုံထိန်းများကို ချထားသော်လည်း ယခုအခါ ဦးရဲကျော်သူ ကျောင်းနှင့် လောကာနန္ဒာ စေတီတော် အတွင်းတွင်ပါ ရဲသားများကို တိုးချဲ့ချထားသဖြင့် ယခုကဲ့သို့ အမည်သစ်ပေးကာ ရဲစခန်း အမှတ် (၂) (၃) နှင့် (၄) ဟု ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။

စစ်တွေတွင် သြဂတ်စ်လ ရ ရက်နေ့မှ စပြီး လုံခြံုရေးကို တင်းကျပ်ထားပြီး ယခုအချိန်ထိ နေရာ အနှံ့အပြားတွင် ရဲသားနှင့် လုံထိန်းများ စောင့်ကြပ်နေရာ ယူထားကြသည်ဟု သိရသည်။

Most read this week