အထက် ဗမာပြည်ကျောင်းသား သမဂ္ဂမှ တက္ကသို်လ် ကောလိပ်များတွင် သမဂ္ဂများ တိုးချဲ့ဖွဲ့စည်း

အထက် ဗမာပြည်ကျောင်းသား သမဂ္ဂမှ တက္ကသို်လ် ကောလိပ်များတွင် သမဂ္ဂများ တိုးချဲ့ဖွဲ့စည်း
အထက်ဗမာပြည် ကျောင်းသား သမဂ္ဂမှ ပြည်နယ်နှင့် တိုင်း ၅ ခုတွင် ကျောင်းသား သမဂ္ဂ (၅) ခုကို စစ်အစိုးရကို ဆန့်ကျင်ရေး အတွက် တိုးချဲ့ ဖွဲ့စည်းလိုက်သည်။ အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ၏ ၂၀၀၉ ခုနှစ် သြဂတ်စ် ၁၄ ရက်နေ့ ...

အထက်ဗမာပြည် ကျောင်းသား သမဂ္ဂမှ ပြည်နယ်နှင့် တိုင်း ၅ ခုတွင် ကျောင်းသား သမဂ္ဂ (၅) ခုကို စစ်အစိုးရကို ဆန့်ကျင်ရေး အတွက် တိုးချဲ့ ဖွဲ့စည်းလိုက်သည်။

အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ၏ ၂၀၀၉ ခုနှစ် သြဂတ်စ် ၁၄ ရက်နေ့ဖြင့် ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ တက္ကသိုလ် ကောလိပ် ၅ ခုတွင် ကျောင်းသား သမဂ္ဂ (၅) ခုကို တိုးချဲ့ ဖွဲ့စည်း လိုက်ပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။

၎င်းအပြင် မြို့နယ် (၁၅) ခုတွင်လည်း စစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့များကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းဖြင့်လည်း ဖေါ်ပြသည်။

Global Action for Burma တွင် ပါ၀င်သည့် အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ အနေဖြင့် အမျိုးသား လွှတ်မြှောက်ရေး လှုပ်ရှားမူကြီး၏ လုပ်ငန်းစဉ် (၇) ရပ်တွင် ပါ၀င်သည့် ပထမ အချက်ဖြစ်သော တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မြို့တိုင်း နယ်တိုင်းတွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန်ဖယ်ရှားရန် မိမိတို့ တူညီရာ မိ်တ်ဆွေ အသိုင်းအဝိုင်း အလိုက် အဖွဲ့အစည်းများနှင့် သမဂ္ဂများ ပေါ်ပေါက် လားရေးဆိုသည့် လုပ်ငန်းစဉ်ကို အကောင်အထည် ဖေါ်ဆောင်ရွက်သည့် အနေဖြင့် ယခုကဲ့သို့ ကျောင်းသား သမဂ္ဂများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

တခြား လက်လှမ်း မမှီသေးသော မြို့နယ်များနှင့် တက္ကသိုလ် ကောလိပ်များတွင် အဖွဲ့အစည်းများကို ဆက်လက် တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာ နိင်ငံရှိ မြို့နယ်များ အသီးသီးတွင်လည်း မိဘ ပြည်သူများ၊ အလုပ်သမားများ၊ တောင်သူ လယ်သမားများနှင့် ကျောင်းသားများမှ မိမိတို့ ယုံကြည်ရာ မိ်တ်ဆွေ အသိုင်းအဝိုင်းလိုက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့များကို ဖွဲ့စည်းပြီး စစ်အစိုးရကို တော်လှန် တိုက်ပွဲဝင်ကြရန်လည်း ဆော်သြထားသည်။

နအဖ စစ်ခေါင်းဆောင်များမှ ဒေါ်စုအား ထောင်ချောက်ဆင် အပြစ်ရှာပြီး ထပ်မံ အကျဉ်းချထားနိုင်ခြင်းမှာ ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး သမားများ၏ အချိန်နှင့် တပြေး ညီ လုပ်ဆောင်သင့်သည်များကို မလုပ်ဆောင်၍ ဖြစ်ကြောင်းနှင့် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို လုံးဝ ရပ်ဆိုင်းသွားစေရန် ပြည်တွင်းအင်းအားကို အခိုင်အမာ တည်ဆောက်ရန် အတွက် အချိန် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ဖေါ်ပြပြီး အမျိုးသား လွတ်မြှောက်ရေး လှုပ်ရှားမူကြီးတွင် ၀န်ထမ်းများ၊ ကြေးရေလေ တပ်မတော်သားများနှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူတ ရပ်လုံး ပူးပေါင်း ပါ၀င်ကြရန် တိုက်တွန်း နိုးဆော်ထားသည်။

Most read this week