ထိုင်းမိဖုရားမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်သူများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်း

ထိုင်းမိဖုရားမွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်သူများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်း
by -
နွယ်လေး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပါကန်တွင် ထိုင်းမိဖုရားမွေးနေ့ကို ဂုဏ်ပြုပြီး ကျင်းပပြုလုပ်သည့် ကရင် လက်ချည်ပွဲ အခမ်းအနား တက်ရောက်သူများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးခဲ့ ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပါကန်တွင် ထိုင်းမိဖုရားမွေးနေ့ကို ဂုဏ်ပြုပြီး ကျင်းပပြုလုပ်သည့် ကရင် လက်ချည်ပွဲ အခမ်းအနား တက်ရောက်သူများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီးခဲ့သည်။

အခမ်းအနားတက်ရောက်သည့် အလုပ်သမားကဒ်ရှိသူ အချို့နှင့် မရှိသူလူပေါင်း ၂၀၀ နီးပါးကို ဖမ်းဆီးသွားသည် ဟု အလုပ်သမားအချို့ကို ကူညီခဲ့သူ ကိုအောင်က ယခုလိုပြောသည်။

“ပွဲပျက်သွားတယ်။ သီချင်းဆိုတာရှိတယ်။ဘောလုံးပွဲလည်းပျက်တယ်။ ဆုပေးပွဲလည်းပျက်တယ်။ ကား သုံးလေးစီး စာရသွားပြီးပြန်ပို့တယ်။ နောက်တခေါက်ပြန်လာတယ်။ နောက်ကျတော့ သူတို့ အပြင်မှာ မဟုတ်ပဲ အထဲမှာလာဖမ်းတော့တာ။”

ယမန်နေ့နေ့ခင်းပိုင်းတွင် အခမ်းအနား ကျင်းပနေစဉ် ထိုင်းတာဝန်ရှိသူများကလမ်းပိတ်ပြီး ဖမ်းဆီးခဲ့ကာ နောက် ပိုင်းတွင် ပွဲခင်းအတွင်းဝင်ရောက်ဖမ်းဆီးခဲ့သည်။

တဖန်ပါရှိ ပက်နန်းလှေဆိပ်မှ တစ်ဘက်ကမ်းသို့ လှေနှင့် ကူးပြီးထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များက  တဘက်ကမ်းမှ စောင့်ဖမ်းသည်ဟု၄င်းက “ပုလိပ်လာတော့ ရေထဲ ခုန်ချတဲ့ လူနဲ့လှေလေးက သေးသေး လေး လူတွေကပြည့်သိပ် နေတာပဲ မြုပ်တော့မယ်ဆဲဆဲ ပုလိပ်တွေကလိုက်တာပဲ။ ပုလိပ်လွတ်အောင် သူတို့ပြေးတယ်။ ရေနစ်မှာကိုသူတို့ မကြောက်ဘူး။” ဟုပြောသည်။

အခမ်းအနားသို့တက်ရောက်သူ လူပေါင်း ၆၀၀ နီးပါးရှိပြီး မွန်၊ကရင်လူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများ ဖြစ်၍ဘန်ကောက်နှင့် အခြားဒေသမှ လာရောက်သူများဖြစ်ကြသည်။

သမီးနှစ်ယောက်ဖမ်းဆီးခံထားရပြီး ထွက်ပြေးလွတ်မြောက်လာသည့် ဘန်ကောက်မှ မခင်ဝင်း က “အစ်မတို့ ကပြေးတာပေါ့။ လူများမသိဘူး။ သူတို့(ထို်င်းရဲ) လာတာလူ တစ်ပုံကြီးပေါ့။ တစ်ပုံကြီးသူတို့ ဖမ်းတာ ။ လမ်းကတစ်ခုတည်းရှိတာ ဘယ်မှသွားလို့မရဘူး။ ပိတ်ပြီးဖမ်းတာ။ ခုထိ မလွတ်လာသေးဘူး သမီး နှစ်ယောက်က” ဟုပြောသည်။

အများစုမှာ အလုပ်သမားကဒ်ရှိသော်လညး် နယ်ကျော်သည်ဟုဆိုကာ ထိုင်းရဲများက ဖမ်းဆီးခြင်းဖြစ်ပြီး နယ်မ ကျော်သည့် အလုပ်သမားကဒ်ရှိသူများကို ထိုင်းတာဝန်ရှိသူများက ပြန််လွတ်ပေးခဲ့သည်ဟု မခင်ဝင်းကဆက်ပြော သည်။

ယခင်နှစ်က  ထိုင်းမိဖုရား  မွေးနေ ့အခမ်းအနား ဂုဏ်ပြုပွဲကျင်းပခဲ့သော်လည်း ယခုနှစ်ကဲ့သို့ အဖမ်းအဆီးများ မရှိခဲ့ပေ။

Most read this week