ပွဲစားနှင့် အလုပ်ခေါင်းက အနိုင်ကျင့်သဖြင့့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေ

ပွဲစားနှင့် အလုပ်ခေါင်းက အနိုင်ကျင့်သဖြင့့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေ
by -
မြတ်သဇင်
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချံုပူလီခရိုင်၊ အန်ဖေစာတဟိမြို့နယ်မှ ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံနေရသော မြန်မာအလုပ်သမားများသည်ပွဲစားနှင့် အလုပ်ခေါင်းတို့၏ အနိုင်ကျင့်မှု ကို ခံနေရသဖြင့်အခက်အခဲဖြစ်နေသည် ဟု သိရ ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချံုပူလီခရိုင်၊ အန်ဖေစာတဟိမြို့နယ်မှ ထိုင်းငါးဖမ်းလှေများတွင် ရောင်းစားခံနေရသော မြန်မာအလုပ်သမားများသည်ပွဲစားနှင့် အလုပ်ခေါင်းတို့၏ အနိုင်ကျင့်မှု ကို ခံနေရသဖြင့်အခက်အခဲဖြစ်နေသည် ဟု သိရသည်။

လူကုန်ကူးသူပွဲစားများက မြန်မာအလုပ်သမားများအား ခေါ်ဆောင်လာပြီး အန်ဖေစာတဟိ မြို့နယ်၊ အချောင်း ကျေးရွာရှိ ထိုင်းငါးဖမ်းလှေများ၌ရောင်းစားကြသည်ဟု ၎င်းလှေဆိပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားတစ်ဦးကပြောသည်။

“ချံုပူလီကို မဲဆောက်ကတက်လာတဲ့လူတွေ အများကြီးရောက်တယ်၊ အချောင်းမှာရှိတဲ့ ပွဲစားတွေက လူတွေကို အများကြီးဒိုင်ခံပြီးဝယ်တယ်၊ သူတို့တွေကိုအခန်းထဲမှာ လှောင်ထား လိုက်တယ်၊ ၀ယ်ထား တဲ့လူတွေကို ပွဲစားတွေကဆိုရင်သူတို့ကတစ်ဆင့် အခြားပွဲစားလေး တွေကို ဘတ် ရ၀၀၀ နဲ့ ပြန်ပြီး ရောင်းကြတယ်။ အရောင်းစားခံထားရတဲ့ သူတွေဆိုရင် ရ၀၀၀ ထက်မက ဘတ် ၂၃၀၀၀၊ ၂၅၀၀၀ ထိိပွဲစားကို ပေးရတယ်၊ ဒီ ၂၅၀၀၀ ကို ရဖို့အတွက်ဆိုရင် အလုပ််သမားတွေက အနည်းဆုံး (၈)လထိ အလုပ်လုပ်ပေးရတယ်။”

ထိုအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း၌အလုပ်ခေါင်းတို့၏အနိုင်ကျင့်မှုကို ခံနေရပြီး အခက်အခဲဖြစ် နေ ကြသည်ဟုရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်မှ ရောင်းစားခံရပြီး ထွက်ပြေးလာသည့်လူငယ်တစ်ဦးက ယခုလို ပြောသည်။

“ကျနော် (၈)လပိုင်း (၂၂) ရက်ဆိုရင် (ရ)လပြည့်ပြီ။ ပိုက်ဆရာ(အလုပ်ခေါင်း)တွေက အလုပ် သမား တွေ အလုပ်မလုပ်တတ်ရင် ကောင်းကောင်းသင်မပေးဘူး၊ အလုပ်လုပ်တာ အဆင် မပြေရင် လူတွေ ကိုပိုက်ဆွဲတဲ့ချိတ်တွေနဲ့ရိုက်၊ လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန်လုပ်တယ်။ ကျနော့်ခါးမှာ ချိတ် နဲ့ ကောက်ပေါက်ခံရတာ အညိုအမည်းနှစ်ပတ် လောက် စွဲတယ်။”

အဆိုပါအလုပ်သမားများအား ပွဲစားများက အကြွေးစံနစ်ဖြင့် လှေပိုင်ရှင်များထံ ရောင်းချခဲ့ပြီး ၎င်းတို့၏ လုပ်အား ခဖြင့် အကြွေးဆပ်ကြရသည်။

သို့သော်ထိုအလုပ်သမားများအနေနှင့် ၎င်းတို့၏လုပ်အားခ မည်မျှရသည်ကို မသိရဘဲ အလုပ်ခေါင်းက “မင်းအ ကြွေးကျေပြီ” ဟုပြောမှသိရသည်ဟု အဆိုပါလူငယ်က ပြောသည်။

ပင်လယ်ထဲသို့ တကြိမ်ထွက်လျှင် လဝက်ခန့် ကြာမြင့်တတ်ပြီး  လှေကမ်းကပ်သည့်အခါ၌ ပွဲစားများ၏ ထိန်းချုပ် မှုအောက်တွင် နေကြရကာ တရက်သာနားခွင့်ရှိကြသည်။

ငါးဖမ်းလှေတစ်စီးတွင် မြန်မာအလုပ်သမား ၂၀ ကျော်ရှိ၍ အများစုမှာအကြွေးမကြေသေး သူများဖြစ်ပြီး အကြွေး ကြေပါက အခြားနေရာများသို့ပြောင်းရွှေ့လုပ်ကိုင်ကြသည်။

ထိုဒေသ၌ ထိုင်းငါးဖမ်းလှေ ၁၀၀၀ ခန့်ရှိပြီး ၎င်းလှေများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

Most read this week