ရပ်ဝေးခရီးသည်များကို ကော့သောင်းလေယာဉ်ကွင်း၌ ဖမ်းဆီးပြန်ပို့နေ

ရပ်ဝေးခရီးသည်များကို ကော့သောင်းလေယာဉ်ကွင်း၌ ဖမ်းဆီးပြန်ပို့နေ
by -
မြတ်သဇင်
မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်း လေယာဉ်ကွင်း၌ ရပ်ဝေးမှလာသည့် ခရီးသည်များအား ဖမ်းဆီးပြီး ရန်ကုန် သို့ ပြန်ပို့နေသည်။ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ကော့သောင်း လေယာဉ်ကွင်း၌ ဖမ်း ဆီး ...

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်း လေယာဉ်ကွင်း၌ ရပ်ဝေးမှလာသည့် ခရီးသည်များအား ဖမ်းဆီးပြီး ရန်ကုန် သို့ ပြန်ပို့နေသည်။

ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ကော့သောင်း လေယာဉ်ကွင်း၌ ဖမ်း ဆီးပြီး ရန်ကုန်သို့ပြန်ပို့နေသည်ဟုရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်သားတဦးက ယခုလို ပြောသည်။

၄င်းက “ကျနော်တို့ ရန်ကုန်ကနေ ဇူလိုင်လ ၁၈ ရက်နေ့ မှာကော့သောင်းကိုရောက်တော့ လေဆိပ်မှာ အဖမ်းခံရတယ်၊ ကျနော်တို့မှတ်ပုံတင်ကြည့်ပြီးတော့  ခင်းဗျားတို့ ၁၁ မျဉ်းစောင်းတွေပြန်ဖို့သာ ကြိုး စားပါ ” ဟု ပြောသည်။

မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ ရခိုင်ပြည်နယ်အတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြား အမှတ်စဉ်ကို ၁၁ မျဉ်း စောင်း ဟုသတ်မှတ်သည်။

လေယာဉ်ကွင်းတွင်ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၂၀ ကျော်ခန့် ရှိပြီးရခိုင်ပြည်နယ်မှ ၁၀ ဦး ပါ၀င်သည်။

ဖမ်းဆီးခံထားရသူများကို ကော့သောင်း အချုပ်ခန်းတွင် ၆ ရက်ချုပ်ထားပြီး အချုပ်ခန်းတွင်းမှ အခြေအနေကို ၄င်း က ယခုလို ဆက်ပြောသည်။

“အချုပ်ထဲမှာ မီးဖိုး၊ ရေဖိုး မြန်မာငွေ (၁၀၀၀) ပေးရတယ်၊ အချုပ်သားတွေဟာ ထမင်းတစ်ပွဲ၊ ဟင်း တစ်ပွဲကို (၅၀၀) ကျပ်စီပေးဝယ်ရတယ်၊ မီးကတော့ကောင်းတယ်၊ သောက်သုံးရေမရ အိမ်သာသုံးရေ သာရတယ်”

ဖမ်းဆီးထားသူများကို ဟားခါးသင်္ဘောဖြင့် ရန်ကုန်သို့ ပြန်ပို့ရာတွင် ပုံမှန်စျေးမှာ ကျပ် ၉၀၀၀ သာရှိသော်လည်း သင်္ဘောခ လူတစ်ဦးကို ကျပ် ၂၅၀၀၀ ပေးရသည်ဟု ဖမ်းဆီးခံရသူက ပြောသည်။

မြန်မာအာဏာပိုင်များသည် လူကုန်ကူးမှုကို  တားဆီးထိန်းချုပ်ရန်အတွက် တနင်္သာရီတိုင်းမှ မှတ်ပုံတင်ကို်င် ဆောင်သူ မဟုတ်ပါက ကော့သောင်းမြို့မှထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားလာခွင့်ကို လွန်ခဲ့သောဇွန်လအတွင်းက လည်း ပိတ်ပင်ခဲ့သည်။

Most read this week