ဗန်းမော်မြို့ သွေးလွန်တုတ်ကွေးကြောင့်် ကလေးငယ်များသေဆုံး

ဗန်းမော်မြို့ သွေးလွန်တုတ်ကွေးကြောင့်် ကလေးငယ်များသေဆုံး
by -
ဇော်ကြီး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ များပြားနေပြီး ကလေးငယ်များ သေဆုံး နေသည်ဟု ဗန်းမော်မြို့ခံများကပြောသည်။ သေဆုံးသူများမှာ အသက်(၁၂)နှစ် အောက်ကလေးငယ်များ အများစုဖြစ်သည်ဟု ဗန်းမော်မြို့မှ အမျိုးသမီးတဦး က ယခုလိုပြော ...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ များပြားနေပြီး ကလေးငယ်များ သေဆုံး နေသည်ဟု ဗန်းမော်မြို့ခံများကပြောသည်။

သေဆုံးသူများမှာ အသက်(၁၂)နှစ် အောက်ကလေးငယ်များ အများစုဖြစ်သည်ဟု ဗန်းမော်မြို့မှ အမျိုးသမီးတဦး က ယခုလိုပြောသည်။

“ဟုတ်ကဲ့ တုတ်ကွေးတွေဖြစ်တယ်။ တော်တော်ဖျားကြတယ်။ သွေးလွန်တုတ်ကွေး။ သေတဲ့သူတွေ လည်းရှိပါတယ်။ ဆေးရုံမှာတော့ ပြောတယ်ဆုံးတဲ့ကလေးတွေလည်း ရှိတယ်လို့ပြောပါတယ်ရှင့်။ လေး ငါးရှစ်နှစ်ကလေးတွေရှင့်။ အဲဒီအရွယ်တွေရော ၁၂ နှစ်အရွယ် လေးတွေရော။”

ဗန်းမော်ဆေးရုံကြီးနှင့် ပြင်ပဆေးခန်းများ၌ ရောဂါဖြစ်ပွားသူအများအပြားတွေ့ရပြီး သေဆုံးသည့်ကလေးငယ်များ ရှိသည်ဟုဗန်းမော်မြို့ အလယ်ရပ်တွင်နေထိုင်သည့် အမျိုးသား တစ်ဦးက ယခုလိုပြောသည်။

“အပြင်ဆေးခန်းမှာတော့ပြည့်နေတာပဲ။ သွားလိုက်တိုင်းလူကြီးရောကလေးရောပြည့်နေတာပဲ။ ဆေးရုံ မှာလည်းအဲလိုပဲကြားနေရတယ်။ တချို့ ကုတင်တွေတောင်မှ ထုတ်ထား ရတာပေ့ါနော်။ တချို့အိမ် တွေ ဆိုရင်တော့ တအိမ်ထဲမှာ တစ်ရက်ခြား လောက်ကို နှစ်ယောက်လောက် လျောသွားတာပေ့ါ က လေးတွေလေ။”

ဗန်းမော်ဆေးရုံမှ တာဝန်ကျ ဝန်ထမ်းတဦးက ယခုဖြစ်ပွားနေသည့်တုတ်ကွေးရောဂါ နှင့်ပတ်သက်၍ “ဟုတ်ကဲ့ လေးဆယ်နဲ့ခြောက်ယောက်ဖြစ်ထားပါပြီခင်ဗျာ။ဒါပါပဲခင်ဗျာ။” ဟု အတည်ပြု ပြောသည်။

ရပ်ကွက်၊ ကျေးရွာများအတွင်း၌ ခြင်များခိုအောင်းနိုင်မှုမရှိစေရန် ပညာပေးမှုများနှင့် ကာကွယ်မှုများပြုလုပ်နေ သည်ဟု အဆိုပါအမျိုးသမီးကယခုလို ဆက်ပြောသည်။

“ဒါပေမယ့် အကုန်လုံးကတော့ သွေးလွန်တုတ်ကွေးဖြစ်မှာစိုးလို့ဆိုပြီးတော့မှပေ့ါနော် မိခင်နဲ့ ကလေး ရော အကုန်လုံးကတော့ လိုက်လုပ်တာပေ့ါ။ ပိုးလောက်လန်းလည်း လိုက်စစ်တယ်။ ရပ်ကွက်ကလူကြီး တွေရော အကုန်လုံး၊ နောက်ခြံုတွေ ဘာတွေလည်း ခုတ်တယ်။”

တုတ်ကွေးရောဂါဖြစ်ပြီးဆေးရုံမှဆင်းလာသူများနှင့် သေဆုံးသူတို့၏ နေအိမ်ပတ်ဝန်းကျင် ကိုက် ၁ဝဝ အတွင်း၌ ကျန်းမာရေးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်း၊မြို့ရွာအတွင်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ပညာပေးခြင်းများ ဆောင် ရွက်နေသည်ဟု ဗန်းမော်ဆေးရုံ တာဝန်ကျ ဝန်ထမ်းကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားနှင့်မိုးကောင်းမြို့နယ်များတွင်လည်း လွန်ခဲ့သည့်လကုန်ပိုင်း မှစ၍ ကလေးငယ်နှင့် ဆယ်ကျော်သက်များသွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားနေပြီး သေဆုံးသူ အချို့ ရှိခဲ့သည်။

Most read this week