ကချင်ပြည်နယ်အတွင်း ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ဆုတောင်းပွဲများ ပြုလုပ်

ကချင်ပြည်နယ်အတွင်း ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ဆုတောင်းပွဲများ ပြုလုပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့်ဗန်းမော်မြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် ဆုတောင်းပွဲများကို ကချင် ကျောင်းသားများက ဦးဆောင်ပြီး စနေနေ့တွင် ပြုလုပ်ခဲ့သည်။ မြန်မာပြည်သူ တရပ်လုံးအနေဖြင့်  ရှစ်လေးလုံးအရေးအခင်း မမေ့ရန်၊  ဒေါ်အောင်ဆန်း စုကြည် ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့်ဗန်းမော်မြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် ဆုတောင်းပွဲများကို ကချင် ကျောင်းသားများက ဦးဆောင်ပြီး စနေနေ့တွင် ပြုလုပ်ခဲ့သည်။

မြန်မာပြည်သူ တရပ်လုံးအနေဖြင့်  ရှစ်လေးလုံးအရေးအခင်း မမေ့ရန်၊  ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံ ရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရန်နှင့် မြန်မာနိုင်ငံအား  ဒီမိုကရေစီနိုင်ငံတော် အဖြစ် အမြန်ဆုံး ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး ဆုတောင်းခဲ့သည်ဟု အဆိုပါ ဆုတောင်းပွဲများကို ဦးဆောင်ပြု လုပ်ခဲ့သည့် ကချင်ကျောင်းသား များသမဂ္ဂအဖွဲ့မှ ပြောခွင့်ရသူတဦးက ပြောသည်။

အဖွဲ့လေးတွေ ခွဲပြီး လုပ်လိုက်ရတယ်။ ဘာအတွက်ဆုတောင်းတာလိုလို ခေါင်းစဉ်တွေတပ်ပြီး အိမ် တွေမှာ လုပ်ရတာပေါ့။ ဒီမှာကာ လုံခြံုရေးတွေ အရမ်းတင်းကျပ်ထားတယ်။ ရဲတွေ၊ စစ်သားတွေ၊ ရယ က တွေ၊ ကြံ့ဖွံ့တွေက နေရာအနှံ့ရှိနေတယ်။ အရင် ပိုစတာကင်န်ပိန်းတွေဘာတွေ လှုပ်ရှားလို့ မရ တော့ဘူး။ ဒါကြောင့် ဒီဟာကို ပြောင်းပြီး လုပ်လိုက်ရတယ်။ အခြားနေရာတွေကော ဒီလို မက်ဆေ့စ်(သတင်းစကား)တွေ ပို့ပြီး လုပ်လိုက်တယ်။ ကျနော်တို့ သိရသလောက် ဆုတောင်းတဲ့အဖွဲ့ (၂ဝ)ကျော် ရှိတယ်။ ဗန်းမော်ဘက်မှာလည်း လုပ်တယ်။

ဆုတောင်းပွဲများတွင် အရွယ်စုံပါဝင်ခဲ့ကြောင်းနှင့် လူငယ်များက အများစုပါဝင်ကြောင်း ဆုတောင်းပွဲတွင် တက် ရောက် ဆုတောင်းခဲ့သူ လူငယ်တဦးက ပြောသည်။

ကျနော်တို့က (၁၅)ယောက်အဖွဲ့ပါ။ လူကြီးတွေကော၊ လူငယ်တွေကော ပါပါတယ်။ ဘာသာရေး ဘက်လိုက်စားတဲ့ လူငယ်တွေများပါတယ်။ ဆုတောင်းတာကတော့ အချက်သုံးချက်ကိုဘဲ ဆုတောင်း ထားဘဲ။

၁၉၈၈ ခုနှစ်၊ သြဂတ်(၈)ရက်နေ့တွင် မြန်မာနိုင်ငံ သမိုင်းတွင် အကြီးမားဆုံးဆန္ဒပြမှုအဖြစ် ပေါ်ပေါက်ခဲ့သည့် ဒီမို ကရေစီတောင်းဆို လုထုအုံကြွမှုကို ရှစ်လေးလုံးအရေးတော်ပုံအဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် လှုပ်ရှား မှုများကို ပြည်တွင်းတွင် လျို့ဝှက်စွာ ကျင်းပနေကြရသည်။

Most read this week