စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ တင်းမာမှုကြောင့် တရုတ်ပြည်သို့ မြန်မာတသောင်းကျော် ထွက်ပြေး

စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ တင်းမာမှုကြောင့် တရုတ်ပြည်သို့ မြန်မာတသောင်းကျော် ထွက်ပြေး
by -
ဇော်ကြီး
မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ကိုးကန့်အဖွဲ့တို့ တင်းမာမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား တစ်သောင်းကျော် တရုတ် ပြည်တွင်းသို့ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ စစ်အစိုးရနယ်မြေခံတပ်နှင့်  မူးယစ်အဖွဲ့ပူးပေါင်းအင်အား ရ၀ခန့်နှင့် အပစ်ရပ်ကိုးကန့်အဖွဲ့ အင်အား ၃၀၀ ကျော် ...

မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ကိုးကန့်အဖွဲ့တို့ တင်းမာမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား တစ်သောင်းကျော် တရုတ် ပြည်တွင်းသို့ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

စစ်အစိုးရနယ်မြေခံတပ်နှင့်  မူးယစ်အဖွဲ့ပူးပေါင်းအင်အား ရ၀ခန့်နှင့် အပစ်ရပ်ကိုးကန့်အဖွဲ့ အင်အား ၃၀၀ ကျော် တို့ လွန်ခဲ့သည့်သြဂုတ်လ(၈)ရက်နေ့က နှစ်ဖက်တပ်ဖွဲ့များကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး နောက်ယခုလို  ထွက်ပြေး ခြင်းဖြစ်သည်ဟု   တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“ဖြစ်သွားတာက လေးနာရီနီးပါးလောက်ကြာတယ်။အဲလောက်ကြာသွားတော့ လူထုကလည်းအထိတ် တလန့်ဖြစ်ပြီးတော့ တစ်သောင်းကျော်လောက် တရုတ်ပြည်ထဲကိုထွက်သွားတယ်။”

ယင်းကိစ္စ ဖြေရှင်းရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) တိုင်းမှူး  ဗိုလ်ချုပ် အောင်သန်းထွဋ်က ကိုးကန့် အဖွဲ့ ဌာနချုပ်သို့ ယမန်နေ့က သွားရောက်ခဲ့သော်လည်း ကိုးကန့်အဖွဲ့ ခေါင်းဆောင် ဦးဖုန်ကျားရှင်က အတွေ့ မခံခဲ့ဟု ၎င်းကဆက်ပြောသည်။

“မနေ့ကတော့ တိုင်းမှူးရောက်လာတယ်။ တိုင်းမှူးကိုယ်တိုင် ကျနော်တို့ကိုတောင်းပန် ဖို့လာတယ်ပေ့ါ။ လောက်ကိုင်ကို လာပြီးတော့ကျနော်တို့ ဥက္ကဌကြီးနဲ့တွေ့ဖို့ သူတောင်းပန်ပါတယ်၊ ဘာညာပေ့ါ။ အဓိ ကတော့ သူလုပ်ချင်တာက ဒီလာပြီးတော့ အဲဒီဟာကဘာထူးလို့လဲ။လူတစ်သောင်းလောက် ထွက်ပြေး တာတို့ ဘာမှမဟုတ်ဖူး။ ကျနော်တို့ချင်းက ပြေပြေလည်လည် ပါဆိုပြီးတော့ လုပ်ချင်တာပေ့ါဗျာ။ အ ဖြစ်မှန်ကို ဖုံးကွယ်ချင်တာ။ အဲဒီမှာဥက္ကကြီးကအတွေ့မခံဘူး။”

လွန်ခဲ့သည့် ၅ ရက်ခန့်ကလည်း ကိုးကန့်တပ် စခန်းများအနီး တရားဝင် အကြောင်းကြားမှု မရှိဘဲ စစ်အစိုးရတပ် ၏ ခြေကုတ်စခန်း များလာ ရောက်ပြုလုပ်ခဲ့သည်။

MNDAA ခေါ် အပစ်ရပ် ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီမှခွဲထွက်ကာ မြန်မာ စစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

လွန်ခဲ့သော ဧပြီလက အပစ်ရပ်ကိုးကန့်အဖွဲ့နှင့်အတူ အခြားအပစ်ရပ် အဖွဲ့များဖြစ်သော ၀၊မိုင်းလားနှင့်ကချင် အ ပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်မြန်မာ စစ်အစိုးရဘက်မှ ကမ်းလှမ်းခဲ့ပြီးနောက် ယင်းအပစ်ရပ် အဖွဲ့များက လက်မခံသဖြင့် နှစ်ဘက် တပ်ဖွဲ့များကြား တင်းမာမှုများရှိလာခဲ့သည်။

Most read this week