ရခိုင်ပြည်ရှိ မြို့နယ်တွင် လုံခြံုရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းမူများ ရှိခဲ့

ရခိုင်ပြည်ရှိ မြို့နယ်တွင် လုံခြံုရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းမူများ ရှိခဲ့
by -
သျှင်ထွီးခိုင် (အလွတ် သတင်းထောက်)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရှစ်လေးလုံး အရေးတော်ပုံနေ့က လုံခြံုရေးကို အထူးတင်းကျပ်စွာ ချထားခဲ့သကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများကို စစ်ဆေးမေးမြန်းမူများ ရှိခဲ့သည်ဟု သတင်း ရရှိ ...

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရှစ်လေးလုံး အရေးတော်ပုံနေ့က လုံခြံုရေးကို အထူးတင်းကျပ်စွာ ချထားခဲ့သကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများကို စစ်ဆေးမေးမြန်းမူများ ရှိခဲ့သည်ဟု သတင်း ရရှိသည်။

စစ်ဆေးမေးမြန်းခံရရာတွင် ရသေ့တောင် မြို့နယ် NLD အဖွဲ့ချုပ် အမတ် ဦးမောင်ကြွင်းအောင် လည်း ပါ၀င်သည်။

၎င်းပြင် တောင်ကုတ်မြို့မှ NLD ပြည်နယ်စီး အဖွဲ ့ဝင် ဦးတင်သိန်းအောင် အိမ်ရှေ့တွင် ရဲသားများ ချထားပြီး စောင့်ကြည့်မူများ ရှိခဲ့သည်။

ဦးမောင်အောင်ကြွင်းမှာ နေရပ်ရင်း ရသေ့တောင်မြို့တွင် အာဏာပိုင်များ၏ အမျိုးမျိုး ဖိနှိပ်မူကြောင့် စစ်တွေသို့ ပြောင်းရွှေ့သွားခဲ့့ရသည်။

စစ်တွေသို့ ပြောင်းရွှေ့ ပြီးနောက် ဦးမောင်ကြွင်းအောင်အား အာဏာပိုင်များမှ ရံဖန်ရံခါ စောင့်ကြည့်မူများ ရှိခဲ့သော်လည်း ယခုစစ်ဆေးမေးမြန်းမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

မည့်သည့် အတွက်ကြောင့် ဦးမောင်ကြွင်ေးအာင် ခေါ်ယူ စစ်ဆေးသည်ကို တိတိကျကျ မသိရသေးသော်လည်း ရှစ်လေးးလုံးနေ့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် အမူနှင့် ပတ်သက်နိုင်သည်ဟု လေ့လာသူများက ပြောသည်။

မျက်မြင် တဦးအပြောအရ သြဂတ်စ်လ ၈ ရက်နေ့က စစ်တွေတွင် လုံခြံုရေး တင်းကျပ်စွာ ချထားခဲ့သော်လည်း ယခုအခါ ဘုရားကြီး အနီးတဝိုက်မှ အပ တခြားနေရာများမှ ရုတ်သိမ်းသွားပြီ ဖြစ်သည်ဟု သိရသည်။

အလားတူ နိုင်ငံရေး အရ တက်ကြွသော မြို့များဖြစ်ကြသည့် တောင်ကုတ်၊ မင်းပြား။ သံတွဲနှင့် ရမ်းဗြဲံမြို့များတွင် လုံခြံုရေးများ တင်းကြပ်စွာ ချထားခဲ့သည်။

Most read this week