ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြားဖေါ်ပြ

ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့် သတင်းကို စစ်အစိုးရပိုင် သတင်းစာမှ ထူးထူးခြားခြားဖေါ်ပြ
ယခင်က စစ်အစိုးရပိုင် သတင်းစာများက ဖေါ်ပြလေ့ မရှိသော ( သို့မဟုတ်) ဖေါ်ပြရန် ခဲယမ်းသော သဘာဝ ဘေးအန္တာရာယ်ကြောင့် လူအသေ အပျောက် ရှိသည့် သတင်း တပုဒ်ကို ယနေ့ ကြေးမုံ သတင်းစာတွင် ဖေါ်ပြ ...

ယခင်က စစ်အစိုးရပိုင် သတင်းစာများက ဖေါ်ပြလေ့ မရှိသော ( သို့မဟုတ်) ဖေါ်ပြရန် ခဲယမ်းသော သဘာဝ ဘေးအန္တာရာယ်ကြောင့် လူအသေ အပျောက် ရှိသည့် သတင်း တပုဒ်ကို ယနေ့ ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

ကြေးမုံသတင်းစာပါ သတင်းတပုဒ်အရ လွန်ခဲ့သော ရက်များအတွင်းက ရခိုင်ကမ်းရိုးတန်း (အထူးသဖြင့်) ဂွမြို့နှင့် အမ်းမြို့နယ် အကြားတွင် လေပြင်း တိုက်ခတ်ခဲ့မူကြောင်း စက်လှေ နှစ်စီး နစ်မြုပ်ပြီး လူ ၆ ဦးပျောက်ဆုံးနေကြောင်း ဖေါ်ပြသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ပလ္လင်မော်ကျေးရွာမှ ကျွန်းနံ့သာ ကျေးရွာသို့ သွားရောက်သည့် ငါးဖမ်းစက်လှေ တစီးသည် လေပြင်းတိုက်ခတ်စဉ် ဇူလှိုင်လ ၂၅ ရက်နေ့ နံနက်က နစ်မြုပ်သွားခဲ့ပြီး စက်လှေနှင့် လူ ၅ ဦးပျောက်ဆုံးနေကြောင်း ဖေါ်ပြသည်။

အလားတူ အမ်းမြို့နယ် တောင်စီသာ ကျေးရွာ အနီး၌ တပ်တောင်မှ ခုတ်မောင်းလာသော စက်လှေ တစီးသည် လေပြင်း တိုက်ခတ် မူကြောင့် ဇူလှိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နစ်မြုပ်သွားခဲ့ပြီး စက်လှေမောင်း ဦးစောရွှေသိန်းမှာ ပျောက်ဆုံးနေကြောင်း ဖေါ်ပြထားသည်။

ယခုကဲ့သို့ သဘာဝ ဘေးအန္တရာယ်များကြောင့် လူအသေ အပျောက်ရှိသည့် ရခိုင်ဘက်မှ သတင်းများကို ယခင်က သတင်းစာများတွင် ဖေါ်ပြပေးခြင်း မရှိသဖြင့် အဆိုပါ သတင်းမျိုးကို ပြည်ပ ရေဒီယို သတင်းဌာများမှ တဆင့် ပြည်သူများ အနေဖြင့် နားထောင်ကြရသည်။

ယခုကဲ့သို့ ရခိုင် ပြည်သူများ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်မူရှိသည့် သတင်းများကို မြန်မာ့ စစ်အစိုးရပိုင် သတင်းစာများက ရေးသားဖေါ်ပြလာသဖြင့် ယခု လုပ်ရပ်မှာ ပြည်ပ အခြေစိုက် သတင်းဌာနများနှင့် အပြိုင် သတင်းဦး သတင်းဖျားများကို လက်ဦးမူယူပြီး ထုတ်လွှင့်ရန် နအဖ သတင်းစာများက ကြိုးပမ်း လာခြင်း ဖြစ်နိုင်သည်ဟု မောင်တောမြို့ခံ တဦးက သုံးသပ် ပြောဆိုသည်။

Most read this week